ပရိသတ္ အတြက္ တန္ဖိုးေလးေတာ့ရွိေစခ်င္

အားလံုးစိတ္ကူးယဥ္ေနၾကတယ္…

ျမန္မာယူ-၂၃ နဲ႕ပတ္သက္ၿပီးေတာ့ စိတ္ကူးတည့္ရာေတြးေနျဖစ္ၾကတယ္။ ဘာေတြျဖစ္လာမလဲ၊ မၾကာခင္မွာ ၿပိဳင္ပဲြစေတာ့မယ္။ တစ္ပတ္ေက်ာ္ေလာက္ပဲလုိေတာ့တယ္။ ဘယ္လိုျဖစ္လာမလဲ၊ ေ၀ဖန္မႈေတြၾကားမွာ ျမန္မာယူ-၂၃ အသင္းကို နည္းျပအသစ္က ယံုၾကည္မႈအျပည့္ထည့္ၿပီး သူ႕စိတ္ဓါတ္နဲ႕သူ႕လုပ္ရပ္ကို (အေႏွာင္အဖြဲ႕ကင္းစြာ) တည္ေဆာက္သြားတယ္။ တရုတ္နဲ႕ပဲြကလုိမ်ိဳးလက္ပူတိုက္သြားတာမဟုတ္ဘူး။ ေသခ်ာေရြးခ်ယ္ၿပီးေတာ့ သူ႕အသင္းကိုသူတည္ ေဆာက္သြားတာျဖစ္တယ္လို႕သိရတ

အခုတစ္ေလာအျပင္မွာ အခုအခ်ိန္အထိ ယူ-၂၃ အသင္းနဲ႕ပတ္သက္ၿပီး အသံေတြဆူညံေနတာက ဇြဲကပင္မွ ျမန္မာယူ-၁၉ နဲ႕ရန္ကုန္ယူႏုိက္တက္မွ တုိက္စစ္မွဴး ေဟာင္း သန္းထက္ေအာင္ကိုမေရြးခ်ယ္ပဲထားခဲ့တာ ဘာေၾကာင့္လဲဆိုတဲ့အသံမ်ားပါပဲ၊ ျမန္မာေနရွင္နယ္လိဂ္မွာ အေကာင္းဆံုး ကစားသမားအျဖစ္ ႏွစ္ၾကိမ္အေရြးခ်ယ္ခံရတယ္၊ ဒီလိုမ်ိဳးေျခစြာေနတဲ့ ကစားသမားကိုေတာ့ေရြးခ်ယ္ သင့္တယ္ဆုိၿပီးေတာ့ေျပာဆုိၾကတယ္။ အသက္ကေတာ့ 25 ႏွစ္၊ အရြယ္ကေတာ့ေက်ာ္ေနၿပီ၊ ဒါေပမယ့္ အခု ယူ-၂၃ အသင္းမွာလည္း ၂၃ ႏွစ္အထက္ ကစားသမား ၄ ဦးေခၚထားတာပဲေလ။

ဒီေတာ့ လက္ရွိ MNL မွာ ေျခစြမ္းျပေနတဲ့ကစားသမား သန္းထက္ေအာင္ ကို လည္းျမန္မာတုိက္စစ္အတြက္ေခၚသြားသင့္တယ္ဆိုၿပီး ေထာက္ျပေျပာဆုိအႀကံေပးၾကတယ္။ ဒါေပမယ့္လည္း ျမန္မာနည္းျပခ်ဳပ္ကေတာ့ သူတည္ေဆာက္ၿပီး သားအသင္းကို ပံုမွန္အတိုင္းဆက္လက္သြားဖို႕ရည္ရြယ္ပံုရတာေၾကာင့္ ဘာမွအေျပာင္းအလဲမလုပ္ပဲ နဲ႕ ယခင္ေရြးခ်ယ္ထားတဲ့ပဏာမအစုအဖြဲ႕အတုိင္းဆက္သြားဖို႕ရွိေနခဲ့တယ္။

အယ္လ္ပိုင္းဖလားပဲြအတြက္ အနားနီးလာခ်ိန္မွာ သတင္းေတြက လည္းအမ်ိဳးမ်ိဳးထြက္ေနတယ္။ ကစားသမားအသံေတြေရာ၊ နည္းျပအသံေတြေရာ၊ အဖဲြ႕ခ်ဳပ္တာ၀န္ရွိသူေတြရဲ႕အသံေတြကလည္း စံုေစ့ ေနေအာင္ၾကားေနရတယ္၊ အထူးသျဖင့္ျမန္မာအသင္းရဲ႕ အားထားရတဲ့ တုိက္စစ္မွဴးေအာင္သူ၊ သူလည္း အယ္လ္ပိုင္းဖလားပဲြနီးမွ အသင္းနဲ႕အတူ ပူးေပါင္းဖို႕ျပန္လာမွာျဖစ္တယ္။

ကလပ္မွာလည္း နည္းျပအသစ္နဲ႕အဆင္မေျပသလို စပိန္ေျပာင္းကစားေတာ့မလုိလို၊ ဂ်ပန္ကိုပဲသြားေတာ့မလုိလိုနဲ႕ ပရိသတ္ေတြၾကားမွာ သတင္းေတြက မတင္မက်၊ မေရမရာ၊ သူ႕ကလပ္အသင္းမွာလည္း ယခင္က ေလာက္မေပ်ာ္ေတာ့ဘူးတဲ့၊ နည္းျပသစ္ခ်မွတ္ထားတဲ့ ဗ်ဴဟာအျပင္ သူကစားရတဲ့ေနရာမွာ အံ၀င္ေအာင္ ကစားႏုိင္တာမ်ိဳးမရွိပဲ ရွိရင္းစဲြေျခစြမ္းပါက်ေနတဲ့အတြက္ ေအာင္သူမေပ်ာ္ေတာ့ တဲ့အေၾကာင္း ေရးသားလာတယ္။

ပရိုတစ္ေယာက္ျဖစ္လာရင္ ထားရာေန၊ ေစရာသြားရမွာကထံုးစံပဲေလ၊ ထားတဲ့ေနရာမွာ ေျခစြမ္းမျပႏုိင္ခဲ့ရင္၊ ေျခစြမ္းျပန္ရေအာင္ လုပ္ယူရင္း ေျခစြာ ျပႏုိင္ေအာင္လုပ္ရမွာက ကစားသမားတစ္ေယာက္ရဲ႕ တာ၀န္ပဲ၊ အသင္းတုိင္းမွာ ေနရာေျပာင္းကစားခံရတဲ့ ကစားသမားတုိင္းႀကံဳရတဲ့အျဖစ္အပ်က္ေတြပါပဲ။ ေအာင္သူလိုမ်ိဳး ေဘာလံုး ပါရမီရွိၿပီး ျမန္မာအသင္းအတြက္ အားထားရတဲ့ကစားသမားတစ္ေယာက္ဟာ အိမ္နီးျခင္းႏိုင္ငံမွာ လာကစားရတဲ့ စိတ္ခံစားခ်က္ကိုေတာ့ ျမန္မာတစ္ေယာက္အေနနဲ႕ကိုယ္ခ်င္းစာမိတယ္။

ဘာပဲျဖစ္ျဖစ္ ထုိင္းလိဂ္မွာ ေအာင္သူဆိုတာ နာမည္တစ္လံုးနဲ႕ ထြန္းေပါက္ေနၿပီးသား ျမန္မာ့ၾကယ့္ပြင့္ လူငယ္ကစား သမားျဖစ္ေနတယ္။ အငယ္ေတြအားက်ေလးစားရတဲ့သူလည္းျဖစ္တယ္။ သူ႕ကို ေနာက္ေပါက္အငယ္ေလးေတြက စံျပထား ေဘာလံုးကစားေနတာ အမ်ားႀကီးပဲ၊ ဒီေတာ့ ေအာင္သူေရ.. ညီေလး.. မင္းအေနနဲ႕ စိတ္မေပ်ာ္ရာခံစားခ်က္ ေနာက္လုိက္မလား၊ ဒါမွမဟုတ္ရင္ ပရိုတစ္ေယာက္လုိမ်ိဳးပဲ၊ အသား က်ေအာင္ က်င့္ႀကံမလား၊ မင္းလည္း လမ္းဆံုေပၚမွာဆိုေတာ့ ညီရင္းတစ္ေယာက္လုိ မင္းအနာဂတ္ကို စိုးရိမ္မိပါေသးတယ္။

ပရိုကစားသမားျဖစ္လုိ႕ စာခ်ဳပ္စာတမ္းနဲ႕ဆိုေတာ့ မေပ်ာ္လည္း ေန၊ေပ်ာ္လည္းေနရမယ့္ဘ၀ ဟာ ေဘာင္ခတ္ခံထားရတဲ့အလွေမြးငါးကန္ထဲက ငါးတစ္ေကာင္လုိ ေအာင္သူႀကံဳေနရ တယ္၊ ျမန္မာနည္းျပျဖစ္တဲ့ အန္တြန္နီေဟးလ္ကလည္း ေအာင္သူကို ဒီအယ္လ္ပိုင္းဖလားမွာ အဓိက ကစားသမားလိုမ်ိဳးထားသံုးမွာျဖစ္တယ္ဆိုေပမယ့္ လိုအပ္ခ်က္အရ သူ႕ကို စိတ္ေထာင္းကိုယ္ေက် မျဖစ္ေအာင္လုိ႕ မြမ္းမံအနားေပးဦးမလားပဲ၊ ပရိသတ္အႀကိဳက္လုိက္ဖို႕မျဖစ္ႏုိင္တဲ့နည္းျပကေတာ့ သူ႕ ျဖစ္တည္ခ်က္ကို စိတ္ထဲမွာရည္မွန္းထားတဲ့အတုိင္း အပ်က္အစီးခံမယ္မထင္မိဘူး။

အေရွ႕ေတာင္ အာရွေဘာလံုးအသင္းေတာ္ေတာ္မ်ားမ်ားက ပရိသတ္အႀကိဳက္လုိက္ၾကတယ္။ မလိုက္တဲ့အသင္းေတြ ဆိုတာနည္းတယ္၊ ဒါေပမယ့္ဒီတစ္ခါမွာေတာ့ ျမန္မာယူ-၂၃ အသင္းနည္းျပႀကီးကေတာ့ သူျဖစ္ခ်င္ တာကို စိတ္နဲ႕ေတြ႕တဲ့အတုိင္း၊ ေလ့က်င့္ေရးအစီအမံမ်ားထဲက အတုိင္းျဖစ္ေအာင္လုပ္မယ့္ပုံမွာရွိေန တယ္။ ေအာင္သူဟာ အဓိကက်တဲ့ ကစားသမားဆိုေပမယ့္ အခုေျခစမ္းပဲြဖိတ္ေခၚဖလားပဲြဆိုတာ အိမ္ရွင္ ျမန္မာဆိုတဲ့အသံုးအႏႈန္းေအာက္မွာ ျဖစ္တည္ေနတာမွန္ေပမယ့္ ျမန္မာယူ-၂၃ အတြက္ေတာ့ ေျခစမ္းပဲြတစ္ခုသာသာမွ်ပါပဲ၊ ဒါေၾကာင့္လည္း ေအာင္သူကိုပြဲတုိင္းျမင္ခြင့္ရဖို႕၊ အခ်ိန္ျပည့္ျမင္ခြင့္ရဖို႕ခက္ေနႏိုင္မယ္။

ကလပ္အသင္း နဲ႕လည္း ကတိက၀တ္ေတြျပဳၿပီး ကစားသမားကို လက္ေရြးစင္အသင္းအတြက္ျပန္ေခၚထားတာဆို ေတာ့ မ်က္ႏွာပ်က္ရမယ့္အလုပ္ေတြကို အဖြဲ႕ခ်ဳပ္နဲ႕နည္းျပေတြလည္း ဒါကိုနားလည္ၿပီးသားကိစၥေတြ ျဖစ္ေနမွာပါ။ ၿပီးေတာ့ ေအာင္သူအျပင္ေျပာစရာေတြက်န္ေနပါေသးတယ္။

ဒါကေတာ့ ဒီၿပိဳင္ပဲြက်င္းပေပးတာ အဓိက ရည္ရြယ္ခ်က္က ဘာလဲ၊ ဘာအတြက္လဲ၊ အေျဖက ေတာ့ရွင္းပါတယ္။ 2018 အာရွ အားကစားပဲြေတာ္မွာယွဥ္ၿပိဳင္ရမယ့္ေဘာလံုးပဲြနဲ႕ ေနာက္လာမယ့္ ဆူဇူကီးဖလားပဲြအတြက္ျဖစ္တယ္။ နည္းျပႀကီးေျပာထားတဲ့အတုိင္း အနာဂတ္ ျမန္မာေဘာလံုးအသင္းအတြက္ ဆိုတာ ဒီပဲြမွာစပါလိမ့့္မယ္၊ ကၽြန္ေတာ္တို႕ေတြ ရံႈးမွာကိုမေၾကာက္ပါဘူး။

အသင္းေကာင္းေတြနဲ႕ကစားၿပီး သူတုိ႕ေတြဆီက အေတြ႕အႀကဳံေကာင္းေတြကို မရလုိက္မွာကိုပဲစိုးရြံ႕မိတာပါ၊ အခ်ိန္ကုန္ခံ၊ ေငြကုန္ခံၿပီး ဖလားလုပဲြက်င္းပေပးတဲ့ MFF အတြက္ေတာ့ မဟုတ္ရင္ေတာင္ ပရိသတ္ အမ်ားအတြက္ ရည္ရြယ္ခ်က္ေကာင္းေလးေတာ့ ရေစခ်င္မိတာအမွန္ပဲ၊ ပဲြမ၀င္ခင္အျပင္ကက်င္းပတာ ေတာ့ သေဘာက်တယ္။ ၿပိဳင္ဘက္ေတြဆီက ယူတတ္ဖို႕၊ ျမင္မိဖို႕ အျပင္ မိနစ္ ၉၀ အတြင္းျဖစ္ပြားႏုိင္ တဲ့အေနအထားကေနၿပီးေတာ့ အေကာင္းဆံုးတံု႕ျပန္ႏုိင္မယ့္ အခြင့္အလမ္းကို အမိအရဆုတ္ကိုင္ႏုိင္ဖို႕ ၊ ျပန္တိုက္ခိုက္ႏုိင္ဖို႕ ပဲျဖစ္တယ္။

ဒီအသင္းဟာ တရုတ္ကို ရံႈးသြားတဲ့ ျမန္မာအသင္းကို အေျခခံထားတယ္။ ၿပီးေတာ့ MNL မွာ ပဲြထြက္ ခြင့္ပံုမွန္ရေနတဲ့ကစားသမားအမ်ားစုကို ေရြးခ်ယ္လာၿပီး ျမန္မာ့လက္ေရြးစင္အသင္းမွာ ကစားဖူးတဲ့ ကစားသမားအငယ္အမ်ားစုကိုလည္း ျပန္ေခၚလာတယ္။ 23 ႏွစ္ေက်ာ္ ကစားသမား 4 ဦးပါတယ္။ ဘာပဲျဖစ္ျဖစ္ ေလ့က်င့္မႈေတြကို ျမင္ရေတာ့ အားရ၀မ္းသာတယ္။ အခုကစားမယ့္ အယ္လ္ပိုင္းဖလားပဲြ က ေသြးပူေလ့က်င့္ခန္းလုပ္ရံုပဲြ၊ အေတြ႕အႀကံဳေကာင္းရယူဖို႕ပဲြျဖစ္တယ္။ တစ္ခုပါပဲ၊ ဖလားရမွျဖစ္မွာပါ ဆိုတဲ့အေတြးမ်ိဳးေတာ့ မရွိေစခ်င္ဘူး။

အသင္းမွာေရာ ပရိသတ္မွာပါ၊ ဒါအေရးႀကီး တယ္၊ ဖလားလုပဲြဟာ အိမ္ကြင္းမွာဆိုေတာ့ လူတိုင္းလူတုိင္းဟာ ျမန္မာျပည္မွာ ဒီဖလားက်န္ရစ္ေစခ်င္တယ္။ အတၱေလးေတြခံေနတယ္။ ဒါေပမယ့္ သြားရမယ့္ပန္းတုိင္က ဒါမဟုတ္ဘူး။ ရည္ရြယ္ခ်က္က ဒီမွာခရီးမဆံုးဘူး။ ေရွ႕မွာ အမ်ားႀကီးရွိေနေသးတယ္။ ၿပီးေတာ့ ဒီၿပိဳင္ပဲြမွာ အဓိကက်တဲ့ကစားသမားေတြအေနနဲ႕ ပဲြကစားရင္း အနာတရျဖစ္သြားရင္လည္းမလြယ္ဘူး။ ပဲြတုိင္း အားထည့္ကစားရမွာျဖစ္ေပမယ့္အေရးႀကီးတဲ့ကစား သမားေတြအနာတရျဖစ္သြားရင္ ခက္မယ္။ ေရရွည္စီမံကိန္းအတြက္ေရးဆဲြထားတဲ့ အသင္းဆိုေတာ့ နည္းျပႀကီးလည္း သူလိုခ်င္တာကိုရဖို႕ အယ္လ္ပိုင္းဖလားၿပိဳင္ပဲြမွာ သူလည္း ကတ္သီးကတ္သတ္ အေမးအျမန္း ထူတဲ့ ျမန္မာေဘာလံုးပရိသတ္ေတြၾကားမွာ စာေမးပဲြေျဖရလိမ့္မယ္။

ျမင္ၿပီး၊သိၿပီး ကစားသမားေတြနဲ႕သြားမယ့္ျမန္မာအသင္းဟာ တရုတ္နဲ႕ကစားသြားတဲ့ပဲြကလိုမ်ိဳးပဲ၊ ထူးထူးျခားျခားေတာ့အေျပာင္းအလဲျဖစ္ ေလာက္မယ္မထင္မိဘူး။ တစ္ခုေတာ့ ရွိတယ္။ ကစားသမားေတြရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႕ နည္းျပခ်ဳပ္ ႀကီး ထုတ္သံုးလာမယ့္ နည္းဗ်ဴဟာအခင္းအက်င္းကိုေတာ့ တရုတ္နဲ႕ပဲြမွာကန္သြားတဲ့ပံုစံထက္ပိုၿပီးေတာ့ ျမင္္ေတြ႕ခ်င္မိတာ အမွန္ပါပဲ။

သူ႕သြားမယ့္လမ္း၊ သူရည္ရြယ္တဲ့ အိပ္မက္ ဟာ ပရိသတ္နဲ႕ေတာ့တစ္ထပ္တည္းက်ခ်င္မွက်မယ္၊ ဒါေပမယ့္ အဆံုးသပ္ခံယူခ်က္ကေတာ့ ျမန္မာ့ ေဘာလံုးေလာကအဆင့္အတန္းကို ၿပိဳင္ဘက္ေတြၾကားမွာ သူကိုင္တြယ္ေနရင္း တန္းလန္းနဲ႕အက်ဆင္းခံမွာမဟုတ္တာေၾကာင့္ပါပဲ။ ဒီေတာ့ သူတင္သြင္းလာမယ့္ ျမန္မာယူ-၂၃ အသင္းအေနအထားဟာ အယ္လ္ပိုင္းဖလားမွာ ဘယ္အပိုင္းအားသာၿပီးေတာ့ ဘယ္အပိုင္းအားနည္း မလဲဆိုတာၾကည့္ခ်င္တယ္။

အဲ့ဒါအျပင္ ဖလားရဖုိ႕ထက္ ကစားသမားေတြရဲ႕ ရုန္းအားဟာ အငယ္ေတြ မ်ားလို႕ ပိုထက္ျမက္ၿပီးေတာ့ ၾကည့္ေကာင္းမယ့္သေဘာရွိတယ္။ ေနာက္တစ္ခ်က္ရွိတယ္။ ဒါကေတာ့ စိတ္ဓါတ္ပိုင္းပါ၊ အခုအသင္း မွာပါတဲ့ ေဘာလံုးသမား လူငယ္ေတာ္ေတာ္မ်ားမ်ားဟာဆိုရင္ ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ သက္တမ္းအလုိက္အသင္းအသီးသီးမွာ အတူတဲြကစားဖူးတဲ့သူေတြ အမ်ားစုပါေနတဲ့အတြက္ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိၾကတယ္။ ဒါေၾကာင့္ ပိုမိုစည္းလံုးၿပီး အမွားနည္းေအာင္ၿပိဳင္ဘက္ေတြၾကားမွာေခါင္းေထာင္လာႏုိင္မယ္လို႕ယူဆထားတယ္။

ကၽြန္ေတာ္ တစ္ေယာက္တည္း အျမင္အရ၊ ခံစားခ်က္အရေျပာရမယ္ဆုိရင္ ကိုယ့္ေျမေပၚမွာကစားမယ့္ၿပိဳင္ပဲြမွာ ဖလားေတာ့ရယူခ်င္မိတာေပါ့ေနာ္။ ဒါေပမယ့္လည္း ဒီဖလားရေရးထက္ ပိုအေရးႀကီးတာေတြကရွိေနေတာ့ ေျခစမ္းပဲြခ်စ္ၾကည္ေရးဖလားရဖို႕ထက္ အသင္းနဲ႕ ကစားသမားေတြအေနနဲ႕ ၿပိဳင္ပဲြအေတြ႕အႀကဳံနဲ႕ပဲြတြင္းမွာရမယ့္ သက္ဆုိင္တာကို ရယူႏုိင္လိုက္ဖို႕ပဲလုိေနတယ္။

ဒီပဲြမွာ ျမန္မာ ယူ-၂၃ အသင္း ဖလားမရခ်င္ေနပါ၊ မႏုိင္ပဲရႈံးသြားလည္း ရပါတယ္။ ဒါေပမယ့္ ၿပိဳင္ဘက္ေတြဆီက ရ ယူႏုိင္မယ့္ အေတြ႕အႀကဳံေကာင္းမ်ားစြာကို အမိအရနဲ႕ေျခရည္တူယွဥ္ၿပိဳင္ၿပီးေတာ့ ယူတတ္ဖို႕ပဲလိုေနတယ္။

ရံႈးမွာကိုမေၾကာက္ပါဘူး။ ႏုိင္လုိစိတ္ ထက္ပိုတဲ့ ပဲြတစ္ပဲြအေပၚမွာ ၿပိဳင္ဘက္ေတြကို မေၾကာက္မရြံ႕စတမ္း ေျခရည္တူတြန္း တြန္းတိုက္တုိက္ကစားႏိုင္ဖို႕ပါပဲ၊ ကုိယ္ေတြျမန္မာအသင္းတုိင္းဟာ ႀကံ႕ခိုင္မႈနဲ႕ပတ္သက္ရင္ အားနည္းေလ့ရွိတယ္။ သူ႕အတုိင္းနဲ႕သူ႕အထြာဆိုေပမယ့္လည္း ေျပာျဖစ္ေနတာေတြကရွိေနေသးတယ္။ ဒါကေတာ့ မိနစ္ 60 ေက်ာ္လာရင္ သက္လံုကက်ၿပီ၊ ၿပီးေတာ့ ၿပိဳင္ဘက္ေတြထက္ ပဲြၿပီးခါနီးမွာက်ဆင္းတတ္တာကလုပ္အားႏႈန္းျဖစ္တယ္။

ပဲြၿပီးခါနီးမွာ တင္ကစားၿပီး ဖိအားေပးရမယ့္အခ်ိန္ေတြဆိုရင္ ကၽြန္ေတာ္တို႕ျမန္မာအသင္းက ကုန္ေနတာကမ်ားတယ္။ ဒါကို လည္း နည္းျပခ်ဳပ္ႀကီးနဲ႕လက္ေထာက္နည္းျပျဖစ္တဲ့ ဦးစိုးျမတ္မင္းတုိ႕ျပင္ဆင္ထားၿပီးျဖစ္ပါလိမ့္မယ္လို႕ေမွ်ာ္လင့္ထားမိတယ္။

ေနာက္ၿပီး လူသစ္ေလးေတြ အသံုးျပဳမႈ၊ လတ္တေလာေျခစြာေနတဲ့အငယ္ေလးေတြရွိတယ္။ လိုအပ္ခ်က္ေတြလည္းရွိတယ္။ ဒါေပမယ့္ အဆင္ေျပရင္ သံုးေစခ်င္တယ္။ အသံုးခ်ေစခ်င္တယ္။ ဒီလိုေျခစမ္းပဲြမွာ နည္းျပခ်ဳပ္ဟာ သူတည္ထားတာကို လုပ္ဖို႕လည္း၀န္မေလးဘူးလို႕ေမွ်ာ္လင့္ထားတယ္။ အသစ္ေတြထဲမွာေရြးထားတဲ့ အငယ္ေတြကို ဒီအခ်ိန္မွ မသံုးရင္ဘယ္အခ်ိန္သံုးမလဲ၊ အခုဖလားပဲြမွာ အငယ္ေတြကို လိုလုိခ်င္ခ်င္နဲ႕ အသံုးတည့္ေအာင္ စမ္းသပ္ဦးမယ့္ပဲြလို႕လည္းျမင္ထားတယ္။ ( ျမန္မာအသင္းနဲ႕ပတ္သက္လာရင္ အျမင္ေတြတူခ်င္မွလည္းတူပါလိမ့္မယ္။ ကဲြလဲြေကာင္းလည္းကြဲလြဲေနပါလိမ့္မယ္၊ လူတစ္ကိုယ္အႀကိဳက္ တစ္မ်ိဳး၊ အျမင္အမ်ိဳးမ်ိဳးရွိေနတယ္ဆိုတာလည္းေျပာခ်င္ပါတယ္။)

ဒီအေနအထားမွာ အမ်ားႀကီးမေမွ်ာ္လင့္ထားဘူး။ တန္ရာတန္ေၾကးျပန္မရရင္ စိတ္မေကာင္းျဖစ္ရမယ္၊ စိတ္ဆိုးေသာကဖိစီးမယ္။ ဒီေတာ့ အခုလူေရြးစမ္းသပ္မယ့္ ဖလားပဲြမွာ ျမန္မာအသင္း ခ်န္ပီယံမျဖစ္ရင္ေန ပရိသတ္အတြက္ ေက်နပ္ေလာက္တဲ့ေျခစြမ္းနဲ႕ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္လို႕ရမယ့္ ပီတိမ်ိဳး နည္းျပနဲ႕ကစားသမားေတြ ဖက္မွျဖည့္ဆည္းေပးႏုိင္ဖို႕ပါပဲ။ ဟုတ္ပါတယ္။ ဒါေလးတစ္ခ်က္ပါပဲ။ ဒီၿပိဳင္ပဲြမွာ အေလးေပး ေစာင့္ၾကည့္ျဖစ္တယ္။

ဒါမွလည္း 2018 အာရွ အားကစားပဲြေတာ္နဲ႕ ဆူဇီကီးဖလားပဲြမွာ ျမန္မာဟာ ဘယ္သို႕ဘယ္ပံုလွမ္းခ်ီတတ္ႏုိင္မယ္ဆိုတာ ပရိသတ္မင္းမ်ားက…

credit

အားလုံးစိတ်ကူးယဉ်နေကြတယ်…

မြန်မာယူ-၂၃ နဲ့ပတ်သက်ပြီးတော့ စိတ်ကူးတည့်ရာတွေးနေဖြစ်ကြတယ်။ ဘာတွေဖြစ်လာမလဲ၊ မကြာခင်မှာ ပြိုင်ပွဲစတော့မယ်။ တစ်ပတ်ကျော်လောက်ပဲလိုတော့တယ်။ ဘယ်လိုဖြစ်လာမလဲ၊ ဝေဖန်မှုတွေကြားမှာ မြန်မာယူ-၂၃ အသင်းကို နည်းပြအသစ်က ယုံကြည်မှုအပြည့်ထည့်ပြီး သူ့စိတ်ဓါတ်နဲ့သူ့လုပ်ရပ်ကို (အနှောင်အဖွဲ့ကင်းစွာ) တည်ဆောက်သွားတယ်။ တရုတ်နဲ့ပွဲကလိုမျိုးလက်ပူတိုက်သွားတာမဟုတ်ဘူး။ သေချာရွေးချယ်ပြီးတော့ သူ့အသင်းကိုသူတည် ဆောက်သွားတာဖြစ်တယ်လို့သိရတ

အခုတစ်လောအပြင်မှာ အခုအချိန်အထိ ယူ-၂၃ အသင်းနဲ့ပတ်သက်ပြီး အသံတွေဆူညံနေတာက ဇွဲကပင်မှ မြန်မာယူ-၁၉ နဲ့ရန်ကုန်ယူနိုက်တက်မှ တိုက်စစ်မှူး ဟောင်း သန်းထက်အောင်ကိုမရွေးချယ်ပဲထားခဲ့တာ ဘာကြောင့်လဲဆိုတဲ့အသံများပါပဲ၊ မြန်မာနေရှင်နယ်လိဂ်မှာ အကောင်းဆုံး ကစားသမားအဖြစ် နှစ်ကြိမ်အရွေးချယ်ခံရတယ်၊ ဒီလိုမျိုးခြေစွာနေတဲ့ ကစားသမားကိုတော့ရွေးချယ် သင့်တယ်ဆိုပြီးတော့ပြောဆိုကြတယ်။ အသက်ကတော့ 25 နှစ်၊ အရွယ်ကတော့ကျော်နေပြီ၊ ဒါပေမယ့် အခု ယူ-၂၃ အသင်းမှာလည်း ၂၃ နှစ်အထက် ကစားသမား ၄ ဦးခေါ်ထားတာပဲလေ။

ဒီတော့ လက်ရှိ MNL မှာ ခြေစွမ်းပြနေတဲ့ကစားသမား သန်းထက်အောင် ကို လည်းမြန်မာတိုက်စစ်အတွက်ခေါ်သွားသင့်တယ်ဆိုပြီး ထောက်ပြပြောဆိုအကြံပေးကြတယ်။ ဒါပေမယ့်လည်း မြန်မာနည်းပြချုပ်ကတော့ သူတည်ဆောက်ပြီး သားအသင်းကို ပုံမှန်အတိုင်းဆက်လက်သွားဖို့ရည်ရွယ်ပုံရတာကြောင့် ဘာမှအပြောင်းအလဲမလုပ်ပဲ နဲ့ ယခင်ရွေးချယ်ထားတဲ့ပဏာမအစုအဖွဲ့အတိုင်းဆက်သွားဖို့ရှိနေခဲ့တယ်။

အယ်လ်ပိုင်းဖလားပွဲအတွက် အနားနီးလာချိန်မှာ သတင်းတွေက လည်းအမျိုးမျိုးထွက်နေတယ်။ ကစားသမားအသံတွေရော၊ နည်းပြအသံတွေရော၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေရဲ့အသံတွေကလည်း စုံစေ့ နေအောင်ကြားနေရတယ်၊ အထူးသဖြင့်မြန်မာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးအောင်သူ၊ သူလည်း အယ်လ်ပိုင်းဖလားပွဲနီးမှ အသင်းနဲ့အတူ ပူးပေါင်းဖို့ပြန်လာမှာဖြစ်တယ်။

ကလပ်မှာလည်း နည်းပြအသစ်နဲ့အဆင်မပြေသလို စပိန်ပြောင်းကစားတော့မလိုလို၊ ဂျပန်ကိုပဲသွားတော့မလိုလိုနဲ့ ပရိသတ်တွေကြားမှာ သတင်းတွေက မတင်မကျ၊ မရေမရာ၊ သူ့ကလပ်အသင်းမှာလည်း ယခင်က လောက်မပျော်တော့ဘူးတဲ့၊ နည်းပြသစ်ချမှတ်ထားတဲ့ ဗျူဟာအပြင် သူကစားရတဲ့နေရာမှာ အံဝင်အောင် ကစားနိုင်တာမျိုးမရှိပဲ ရှိရင်းစွဲခြေစွမ်းပါကျနေတဲ့အတွက် အောင်သူမပျော်တော့ တဲ့အကြောင်း ရေးသားလာတယ်။

ပရိုတစ်ယောက်ဖြစ်လာရင် ထားရာနေ၊ စေရာသွားရမှာကထုံးစံပဲလေ၊ ထားတဲ့နေရာမှာ ခြေစွမ်းမပြနိုင်ခဲ့ရင်၊ ခြေစွမ်းပြန်ရအောင် လုပ်ယူရင်း ခြေစွာ ပြနိုင်အောင်လုပ်ရမှာက ကစားသမားတစ်ယောက်ရဲ့ တာဝန်ပဲ၊ အသင်းတိုင်းမှာ နေရာပြောင်းကစားခံရတဲ့ ကစားသမားတိုင်းကြုံရတဲ့အဖြစ်အပျက်တွေပါပဲ။ အောင်သူလိုမျိုး ဘောလုံး ပါရမီရှိပြီး မြန်မာအသင်းအတွက် အားထားရတဲ့ကစားသမားတစ်ယောက်ဟာ အိမ်နီးခြင်းနိုင်ငံမှာ လာကစားရတဲ့ စိတ်ခံစားချက်ကိုတော့ မြန်မာတစ်ယောက်အနေနဲ့ကိုယ်ချင်းစာမိတယ်။

ဘာပဲဖြစ်ဖြစ် ထိုင်းလိဂ်မှာ အောင်သူဆိုတာ နာမည်တစ်လုံးနဲ့ ထွန်းပေါက်နေပြီးသား မြန်မာ့ကြယ့်ပွင့် လူငယ်ကစား သမားဖြစ်နေတယ်။ အငယ်တွေအားကျလေးစားရတဲ့သူလည်းဖြစ်တယ်။ သူ့ကို နောက်ပေါက်အငယ်လေးတွေက စံပြထား ဘောလုံးကစားနေတာ အများကြီးပဲ၊ ဒီတော့ အောင်သူရေ.. ညီလေး.. မင်းအနေနဲ့ စိတ်မပျော်ရာခံစားချက် နောက်လိုက်မလား၊ ဒါမှမဟုတ်ရင် ပရိုတစ်ယောက်လိုမျိုးပဲ၊ အသား ကျအောင် ကျင့်ကြံမလား၊ မင်းလည်း လမ်းဆုံပေါ်မှာဆိုတော့ ညီရင်းတစ်ယောက်လို မင်းအနာဂတ်ကို စိုးရိမ်မိပါသေးတယ်။

ပရိုကစားသမားဖြစ်လို့ စာချုပ်စာတမ်းနဲ့ဆိုတော့ မပျော်လည်း နေ၊ပျော်လည်းနေရမယ့်ဘ၀ ဟာ ဘောင်ခတ်ခံထားရတဲ့အလှမွေးငါးကန်ထဲက ငါးတစ်ကောင်လို အောင်သူကြုံနေရ တယ်၊ မြန်မာနည်းပြဖြစ်တဲ့ အန်တွန်နီဟေးလ်ကလည်း အောင်သူကို ဒီအယ်လ်ပိုင်းဖလားမှာ အဓိက ကစားသမားလိုမျိုးထားသုံးမှာဖြစ်တယ်ဆိုပေမယ့် လိုအပ်ချက်အရ သူ့ကို စိတ်ထောင်းကိုယ်ကျေ မဖြစ်အောင်လို့ မွမ်းမံအနားပေးဦးမလားပဲ၊ ပရိသတ်အကြိုက်လိုက်ဖို့မဖြစ်နိုင်တဲ့နည်းပြကတော့ သူ့ ဖြစ်တည်ချက်ကို စိတ်ထဲမှာရည်မှန်းထားတဲ့အတိုင်း အပျက်အစီးခံမယ်မထင်မိဘူး။

အရှေ့တောင် အာရှဘောလုံးအသင်းတော်တော်များများက ပရိသတ်အကြိုက်လိုက်ကြတယ်။ မလိုက်တဲ့အသင်းတွေ ဆိုတာနည်းတယ်၊ ဒါပေမယ့်ဒီတစ်ခါမှာတော့ မြန်မာယူ-၂၃ အသင်းနည်းပြကြီးကတော့ သူဖြစ်ချင် တာကို စိတ်နဲ့တွေ့တဲ့အတိုင်း၊ လေ့ကျင့်ရေးအစီအမံများထဲက အတိုင်းဖြစ်အောင်လုပ်မယ့်ပုံမှာရှိနေ တယ်။ အောင်သူဟာ အဓိကကျတဲ့ ကစားသမားဆိုပေမယ့် အခုခြေစမ်းပွဲဖိတ်ခေါ်ဖလားပွဲဆိုတာ အိမ်ရှင် မြန်မာဆိုတဲ့အသုံးအနှုန်းအောက်မှာ ဖြစ်တည်နေတာမှန်ပေမယ့် မြန်မာယူ-၂၃ အတွက်တော့ ခြေစမ်းပွဲတစ်ခုသာသာမျှပါပဲ၊ ဒါကြောင့်လည်း အောင်သူကိုပွဲတိုင်းမြင်ခွင့်ရဖို့၊ အချိန်ပြည့်မြင်ခွင့်ရဖို့ခက်နေနိုင်မယ်။

ကလပ်အသင်း နဲ့လည်း ကတိကဝတ်တွေပြုပြီး ကစားသမားကို လက်ရွေးစင်အသင်းအတွက်ပြန်ခေါ်ထားတာဆို တော့ မျက်နှာပျက်ရမယ့်အလုပ်တွေကို အဖွဲ့ချုပ်နဲ့နည်းပြတွေလည်း ဒါကိုနားလည်ပြီးသားကိစ္စတွေ ဖြစ်နေမှာပါ။ ပြီးတော့ အောင်သူအပြင်ပြောစရာတွေကျန်နေပါသေးတယ်။

ဒါကတော့ ဒီပြိုင်ပွဲကျင်းပပေးတာ အဓိက ရည်ရွယ်ချက်က ဘာလဲ၊ ဘာအတွက်လဲ၊ အဖြေက တော့ရှင်းပါတယ်။ 2018 အာရှ အားကစားပွဲတော်မှာယှဉ်ပြိုင်ရမယ့်ဘောလုံးပွဲနဲ့ နောက်လာမယ့် ဆူဇူကီးဖလားပွဲအတွက်ဖြစ်တယ်။ နည်းပြကြီးပြောထားတဲ့အတိုင်း အနာဂတ် မြန်မာဘောလုံးအသင်းအတွက် ဆိုတာ ဒီပွဲမှာစပါလိမ့်မယ်၊ ကျွန်တော်တို့တွေ ရှုံးမှာကိုမကြောက်ပါဘူး။

အသင်းကောင်းတွေနဲ့ကစားပြီး သူတို့တွေဆီက အတွေ့အကြုံကောင်းတွေကို မရလိုက်မှာကိုပဲစိုးရွံ့မိတာပါ၊ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဖလားလုပွဲကျင်းပပေးတဲ့ MFF အတွက်တော့ မဟုတ်ရင်တောင် ပရိသတ် အများအတွက် ရည်ရွယ်ချက်ကောင်းလေးတော့ ရစေချင်မိတာအမှန်ပဲ၊ ပွဲမဝင်ခင်အပြင်ကကျင်းပတာ တော့ သဘောကျတယ်။ ပြိုင်ဘက်တွေဆီက ယူတတ်ဖို့၊ မြင်မိဖို့ အပြင် မိနစ် ၉၀ အတွင်းဖြစ်ပွားနိုင် တဲ့အနေအထားကနေပြီးတော့ အကောင်းဆုံးတုံ့ပြန်နိုင်မယ့် အခွင့်အလမ်းကို အမိအရဆုတ်ကိုင်နိုင်ဖို့ ၊ ပြန်တိုက်ခိုက်နိုင်ဖို့ ပဲဖြစ်တယ်။

ဒီအသင်းဟာ တရုတ်ကို ရှုံးသွားတဲ့ မြန်မာအသင်းကို အခြေခံထားတယ်။ ပြီးတော့ MNL မှာ ပွဲထွက် ခွင့်ပုံမှန်ရနေတဲ့ကစားသမားအများစုကို ရွေးချယ်လာပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ကစားဖူးတဲ့ ကစားသမားအငယ်အများစုကိုလည်း ပြန်ခေါ်လာတယ်။ 23 နှစ်ကျော် ကစားသမား 4 ဦးပါတယ်။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှုတွေကို မြင်ရတော့ အားရဝမ်းသာတယ်။ အခုကစားမယ့် အယ်လ်ပိုင်းဖလားပွဲ က သွေးပူလေ့ကျင့်ခန်းလုပ်ရုံပွဲ၊ အတွေ့အကြုံကောင်းရယူဖို့ပွဲဖြစ်တယ်။ တစ်ခုပါပဲ၊ ဖလားရမှဖြစ်မှာပါ ဆိုတဲ့အတွေးမျိုးတော့ မရှိစေချင်ဘူး။

အသင်းမှာရော ပရိသတ်မှာပါ၊ ဒါအရေးကြီး တယ်၊ ဖလားလုပွဲဟာ အိမ်ကွင်းမှာဆိုတော့ လူတိုင်းလူတိုင်းဟာ မြန်မာပြည်မှာ ဒီဖလားကျန်ရစ်စေချင်တယ်။ အတ္တလေးတွေခံနေတယ်။ ဒါပေမယ့် သွားရမယ့်ပန်းတိုင်က ဒါမဟုတ်ဘူး။ ရည်ရွယ်ချက်က ဒီမှာခရီးမဆုံးဘူး။ ရှေ့မှာ အများကြီးရှိနေသေးတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ အဓိကကျတဲ့ကစားသမားတွေအနေနဲ့ ပွဲကစားရင်း အနာတရဖြစ်သွားရင်လည်းမလွယ်ဘူး။ ပွဲတိုင်း အားထည့်ကစားရမှာဖြစ်ပေမယ့်အရေးကြီးတဲ့ကစား သမားတွေအနာတရဖြစ်သွားရင် ခက်မယ်။ ရေရှည်စီမံကိန်းအတွက်ရေးဆွဲထားတဲ့ အသင်းဆိုတော့ နည်းပြကြီးလည်း သူလိုချင်တာကိုရဖို့ အယ်လ်ပိုင်းဖလားပြိုင်ပွဲမှာ သူလည်း ကတ်သီးကတ်သတ် အမေးအမြန်း ထူတဲ့ မြန်မာဘောလုံးပရိသတ်တွေကြားမှာ စာမေးပွဲဖြေရလိမ့်မယ်။

မြင်ပြီး၊သိပြီး ကစားသမားတွေနဲ့သွားမယ့်မြန်မာအသင်းဟာ တရုတ်နဲ့ကစားသွားတဲ့ပွဲကလိုမျိုးပဲ၊ ထူးထူးခြားခြားတော့အပြောင်းအလဲဖြစ် လောက်မယ်မထင်မိဘူး။ တစ်ခုတော့ ရှိတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ နည်းပြချုပ် ကြီး ထုတ်သုံးလာမယ့် နည်းဗျူဟာအခင်းအကျင်းကိုတော့ တရုတ်နဲ့ပွဲမှာကန်သွားတဲ့ပုံစံထက်ပိုပြီးတော့ မြင်တွေ့ချင်မိတာ အမှန်ပါပဲ။

သူ့သွားမယ့်လမ်း၊ သူရည်ရွယ်တဲ့ အိပ်မက် ဟာ ပရိသတ်နဲ့တော့တစ်ထပ်တည်းကျချင်မှကျမယ်၊ ဒါပေမယ့် အဆုံးသပ်ခံယူချက်ကတော့ မြန်မာ့ ဘောလုံးလောကအဆင့်အတန်းကို ပြိုင်ဘက်တွေကြားမှာ သူကိုင်တွယ်နေရင်း တန်းလန်းနဲ့အကျဆင်းခံမှာမဟုတ်တာကြောင့်ပါပဲ။ ဒီတော့ သူတင်သွင်းလာမယ့် မြန်မာယူ-၂၃ အသင်းအနေအထားဟာ အယ်လ်ပိုင်းဖလားမှာ ဘယ်အပိုင်းအားသာပြီးတော့ ဘယ်အပိုင်းအားနည်း မလဲဆိုတာကြည့်ချင်တယ်။

အဲ့ဒါအပြင် ဖလားရဖို့ထက် ကစားသမားတွေရဲ့ ရုန်းအားဟာ အငယ်တွေ များလို့ ပိုထက်မြက်ပြီးတော့ ကြည့်ကောင်းမယ့်သဘောရှိတယ်။ နောက်တစ်ချက်ရှိတယ်။ ဒါကတော့ စိတ်ဓါတ်ပိုင်းပါ၊ အခုအသင်း မှာပါတဲ့ ဘောလုံးသမား လူငယ်တော်တော်များများဟာဆိုရင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ သက်တမ်းအလိုက်အသင်းအသီးသီးမှာ အတူတွဲကစားဖူးတဲ့သူတွေ အများစုပါနေတဲ့အတွက် တစ်ယောက်အကြောင်းတစ်ယောက်သိကြတယ်။ ဒါကြောင့် ပိုမိုစည်းလုံးပြီး အမှားနည်းအောင်ပြိုင်ဘက်တွေကြားမှာခေါင်းထောင်လာနိုင်မယ်လို့ယူဆထားတယ်။

ကျွန်တော် တစ်ယောက်တည်း အမြင်အရ၊ ခံစားချက်အရပြောရမယ်ဆိုရင် ကိုယ့်မြေပေါ်မှာကစားမယ့်ပြိုင်ပွဲမှာ ဖလားတော့ရယူချင်မိတာပေါ့နော်။ ဒါပေမယ့်လည်း ဒီဖလားရရေးထက် ပိုအရေးကြီးတာတွေကရှိနေတော့ ခြေစမ်းပွဲချစ်ကြည်ရေးဖလားရဖို့ထက် အသင်းနဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ပွဲအတွေ့အကြုံနဲ့ပွဲတွင်းမှာရမယ့် သက်ဆိုင်တာကို ရယူနိုင်လိုက်ဖို့ပဲလိုနေတယ်။

ဒီပွဲမှာ မြန်မာ ယူ-၂၃ အသင်း ဖလားမရချင်နေပါ၊ မနိုင်ပဲရှုံးသွားလည်း ရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေဆီက ရ ယူနိုင်မယ့် အတွေ့အကြုံကောင်းများစွာကို အမိအရနဲ့ခြေရည်တူယှဉ်ပြိုင်ပြီးတော့ ယူတတ်ဖို့ပဲလိုနေတယ်။

ရှုံးမှာကိုမကြောက်ပါဘူး။ နိုင်လိုစိတ် ထက်ပိုတဲ့ ပွဲတစ်ပွဲအပေါ်မှာ ပြိုင်ဘက်တွေကို မကြောက်မရွံ့စတမ်း ခြေရည်တူတွန်း တွန်းတိုက်တိုက်ကစားနိုင်ဖို့ပါပဲ၊ ကိုယ်တွေမြန်မာအသင်းတိုင်းဟာ ကြံ့ခိုင်မှုနဲ့ပတ်သက်ရင် အားနည်းလေ့ရှိတယ်။ သူ့အတိုင်းနဲ့သူ့အထွာဆိုပေမယ့်လည်း ပြောဖြစ်နေတာတွေကရှိနေသေးတယ်။ ဒါကတော့ မိနစ် 60 ကျော်လာရင် သက်လုံကကျပြီ၊ ပြီးတော့ ပြိုင်ဘက်တွေထက် ပွဲပြီးခါနီးမှာကျဆင်းတတ်တာကလုပ်အားနှုန်းဖြစ်တယ်။

ပွဲပြီးခါနီးမှာ တင်ကစားပြီး ဖိအားပေးရမယ့်အချိန်တွေဆိုရင် ကျွန်တော်တို့မြန်မာအသင်းက ကုန်နေတာကများတယ်။ ဒါကို လည်း နည်းပြချုပ်ကြီးနဲ့လက်ထောက်နည်းပြဖြစ်တဲ့ ဦးစိုးမြတ်မင်းတို့ပြင်ဆင်ထားပြီးဖြစ်ပါလိမ့်မယ်လို့မျှော်လင့်ထားမိတယ်။

နောက်ပြီး လူသစ်လေးတွေ အသုံးပြုမှု၊ လတ်တလောခြေစွာနေတဲ့အငယ်လေးတွေရှိတယ်။ လိုအပ်ချက်တွေလည်းရှိတယ်။ ဒါပေမယ့် အဆင်ပြေရင် သုံးစေချင်တယ်။ အသုံးချစေချင်တယ်။ ဒီလိုခြေစမ်းပွဲမှာ နည်းပြချုပ်ဟာ သူတည်ထားတာကို လုပ်ဖို့လည်းဝန်မလေးဘူးလို့မျှော်လင့်ထားတယ်။ အသစ်တွေထဲမှာရွေးထားတဲ့ အငယ်တွေကို ဒီအချိန်မှ မသုံးရင်ဘယ်အချိန်သုံးမလဲ၊ အခုဖလားပွဲမှာ အငယ်တွေကို လိုလိုချင်ချင်နဲ့ အသုံးတည့်အောင် စမ်းသပ်ဦးမယ့်ပွဲလို့လည်းမြင်ထားတယ်။ ( မြန်မာအသင်းနဲ့ပတ်သက်လာရင် အမြင်တွေတူချင်မှလည်းတူပါလိမ့်မယ်။ ကွဲလွဲကောင်းလည်းကွဲလွဲနေပါလိမ့်မယ်၊ လူတစ်ကိုယ်အကြိုက် တစ်မျိုး၊ အမြင်အမျိုးမျိုးရှိနေတယ်ဆိုတာလည်းပြောချင်ပါတယ်။)

ဒီအနေအထားမှာ အများကြီးမမျှော်လင့်ထားဘူး။ တန်ရာတန်ကြေးပြန်မရရင် စိတ်မကောင်းဖြစ်ရမယ်၊ စိတ်ဆိုးသောကဖိစီးမယ်။ ဒီတော့ အခုလူရွေးစမ်းသပ်မယ့် ဖလားပွဲမှာ မြန်မာအသင်း ချန်ပီယံမဖြစ်ရင်နေ ပရိသတ်အတွက် ကျေနပ်လောက်တဲ့ခြေစွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လို့ရမယ့် ပီတိမျိုး နည်းပြနဲ့ကစားသမားတွေ ဖက်မှဖြည့်ဆည်းပေးနိုင်ဖို့ပါပဲ။ ဟုတ်ပါတယ်။ ဒါလေးတစ်ချက်ပါပဲ။ ဒီပြိုင်ပွဲမှာ အလေးပေး စောင့်ကြည့်ဖြစ်တယ်။

ဒါမှလည်း 2018 အာရှ အားကစားပွဲတော်နဲ့ ဆူဇီကီးဖလားပွဲမှာ မြန်မာဟာ ဘယ်သို့ဘယ်ပုံလှမ်းချီတတ်နိုင်မယ်ဆိုတာ ပရိသတ်မင်းများက…

credit