စိုးျမတ္မင္း နဲ႔ နည္းျပေဘးကလူေတြ

ေအာင္ျမင္တဲ့ ေဘာလံုးနည္းျပခ်ဳပ္ေတြေဘးနားမွာ ထူးခၽြန္တဲ့လက္ေထာက္နည္းျပေတြ အသီး သီးရွိတယ္။ ဒီလူေတြရဲ႕ တန္ဖိုးက သိပ္ကိုေစ်းႏႈန္းျမင့္မားတယ္။ လူေတာ္ေတြလုိ႕လည္း သတ္ မွတ္ႏိုင္တယ္။ ဒါေပမယ့္ ေက်ာ္ၾကားမႈကေတာ့ ထင္သေလာက္ေစ်းကြက္မ၀င္ဘူး။ ဒါေပမယ့္ သူ႕တို႕ေလာက၊ သူတုိ႕အသိုင္းအ၀ိုင္းထဲမွာေတာ့ နာမည္ေကာင္းလက္မွတ္နဲ႕ နာမည္ႀကီး အသင္းတိုင္းက လုိခ်င္တပ္မက္ျဖစ္တဲ့ သူေတြအျဖစ္ အစဥ္လုိက္ရွိေနတတ္တယ္ဆိုတာပါပဲ။

အသင္းအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္သလို အသင္းတစ္သင္းေအာင္ျမင္ဖို႕ အတြက္လည္း အေရး ပါတဲ့တဲ့ေထာက္တိုင္တစ္ခုအျဖစ္ကို ရွိေနတယ္လုိ႕ေတာင္ဆုိရ မွာျဖစ္ တယ္။ ေဘာလံုးအသင္းနည္းျပခ်ဳပ္အတြက္ အားကိုးရတဲ့လက္ရုန္းေတြဟာေအာင္ျမင္မႈရဖို႕ အတြက္ အထူးကို အားကိုးအားထားရတဲ့ သူေတြအျဖစ္ရွိေနတယ္။

ကမာၻ႕ဖလားရသြားတဲ့ျပင္သစ္အသင္းကိုျပန္ၾကည့္ရင္ ဒက္စ္ခ်မ့္အႀကိဳက္ျဖစ္ေအာင္လုိ႕ အသင္းကို အခ်ိန္တိုအတြင္း အေကာင္းစားတည္ေဆာက္ေပးေနတဲ့သူေတြထဲမွာ အနီးကပ္ဆံုး ရွိေနတာက ဂိြဳင္းစတီဖင္ပါ၊ သူဟာ ဆီနီေဂါနည္းျပေဟာင္းျဖစ္သလို ျပင္သစ္ ယူ၁၇ အသင္း ကိုကိုင္တြယ္ခဲ့သူပါ၊ ၿပီးေတာ့လည္း လိုင္ယြန္နဲ႕ေဘာ္ဒိုးမွာလည္းနည္းျပလုပ္ခဲ့တယ္။ အျခား အသင္းေတြမွာလည္း လက္ေထာက္နည္းျပတာ၀န္ထမ္းေဆာင္ဖူးတယ္။

ဒီေတာ့ သူ႕ေလာက္ အေတြ႕အႀကဳံရွိတဲ့လူတန္းစားဟာ ျပင္သစ္မွာထင္သေလာက္မရွိေတာ့ဘူး။ အဲ့ဒါအျပင္ ဒက္စ္ခ်မ့္အႀကိဳက္ျဖစ္ေအာင္ လူငယ္ေတြကို ခြန္အားတိုးေစမယ့္စကားမ်ိဳးကို ေလ့က်င့္ေရး ကြင္းထဲမွာ အ၀တ္လဲခန္းထဲမွာေျပာျဖစ္တတ္သူျဖစ္တယ္။

ျမန္မာအသင္းမွာလည္းရွိခဲ့တယ္၊ ဂတ္ဇီလက္ထဲမွာ ဆိုရင္ ဦးညီညီလတ္၊ ဦးၾကည္လြင္တို႕ အနီးကပ္ဆံုးႏွစ္ေတြမွာရွိခဲ့ၾကတာပဲမဟုတ္လား။ သူတုိ႕ေတြကပဲ အသင္းကို အေကာင္းဆံုး ဦး ေဆာင္သြားတယ္။ ပဲြတစ္ပဲြမွာ နည္းျပခ်ဳပ္ေတြထက္ လက္ေထာက္နည္းျပေတြက တာ၀န္ယူ ေပးၾကတယ္။ နည္းျပခ်ဳပ္ကေအးေအးလူလူပဲြထုိင္ၾကည့္ၿပီး လက္ေထာက္နည္းျပေတြက မေန ႏိုင္ၾကပဲ ကြင္းေဘးကေနတရစပ္ စိတ္ပူေအာ္ဟစ္ျဖစ္ေနခဲ့တာေတြဟာ အရင္ပဲြေတြမွာေတြ႕ရ ၿပီျဖစ္မွာပါ၊ လက္ေထာက္နည္းျပေတြဟာ နည္းျပခ်ဳပ္ေတြထက္ ကစားသမားေတြကို ပိုၿပီး ေတာ့ အကၽြမ္းတ၀င္ရွိၾကတယ္။

စည္းကမ္းထိန္းသိမ္းေရးကအစ ေလ့က်င့္သားျပည့္၀စြာ နည္း စနစ္ပိုင္ႏုိင္စြာကစားႏုိင္ၾကဖို႕အထိ ရင္အုပ္မကြာျပဳစုပ်ိဳးေထာင္ၾကေလ့ရွိတဲ့အနီးကပ္ မိဘေတြပါပဲ။ အေဖေတြ၊ဦးေလးေတြလိုမ်ဳိး၊ အစ္ကိုေတြလိုမ်ိဳးဆိုလည္းမမွားႏုိင္ပါဘူး။ နည္းျပ ခ်ဳပ္ေတြထက္ ပိုမိုထိေတြ႕ၾကတဲ့အတြက္ေၾကာင့္ ကစားသမားေတြနဲ႕လည္း ပိုၿပီးေတာ့ခင္မင္ သင့္ျမတ္ၾကေလ့ရွိတယ္။

နည္းျပခ်ဳပ္လုိခ်င္တာကို လက္ေထာက္နည္းျပေတြက လုပ္ေဆာင္ေပးၾကတဲ့အခါမွာ ေခ်ာ့တစ္ခါ၊ေျခာက္တစ္လွည့္နဲ႕ စီမံၾကသလို သူငယ္ခ်င္းလို ေပါင္းကာ ေပ်ာ္ရႊင္မႈကို ေရွ႕တန္းတင္ၿပီးေတာ့ ျဖစ္ခ်င္တာကို စိတ္လက္ၾကည္သာစြာဆြဲယူၾက တဲ့ လက္ေထာက္နည္းျပမ်ားရဲ႕ စိတ္ပိုင္းဆုိင္ရာ ႏူးညံ့ေပ်ာ့ေျပာင္းမႈ အတတ္ပညာကလည္း  ကစားသမားေတြအေပၚမွာ မွတ္သားေလာက္စရာျဖစ္ရတယ္။

အခုျမန္မာအသင္းမွာ အန္တြန္နီေဟးလ္ နည္းျပခ်ဳပ္ျဖစ္လာတယ္။ သူ႕မွာလက္ေထာက္နည္းျပ အဖြဲ႕ေတြပါလာတယ္။ ဒါဟာ သူ႕ရဲ႕အရင္းႏွီးဆံုးနည္းျပအဖဲြ႕ပဲ၊ သူစိတ္ႀကိဳက္ျဖစ္လုိတာကို အားလံုးသိေနၾကတယ္။ မေျပာပဲနဲ႕ဘာလုပ္ရမယ္ဆုိတာျဖတ္သန္းခဲ့ၾကတဲ့ အရင္အသင္းေတြမွာ ပူးေပါင္းလုပ္ေဆာင္ ခဲ့မႈေတြအရသိေနၿပီးျဖစ္တယ္။ ဒါေပမယ့္ ျမန္မာနည္းျပခ်ဳပ္ျဖစ္လာခ်ိန္မွာ ျမန္မာအေၾကာင္းသိ ဖို႕လုိလာၿပီ၊ အနီးကပ္ဘယ္သူရွိလဲ၊ အသင့္ေတာ္ဆံုးျဖစ္ေစမယ့္ ျမန္မာ နည္းျပေကာင္းထဲမွာရွိေနမယ့္သူဟာ ဘယ္သူလဲ၊ သူ႕အတြက္ လိုအပ္တယ္။ ျမန္မာေဘာလံုး အေၾကာင္းအျမန္ဆံုးသိရဖို႕ဆိုတာ Google နဲ႕ YouTube ေလာက္တတ္ရံုနဲ႕ ဖြင့္ၾကည့္ရံုနဲ႕သိ တဲ့အရာမွမဟုတ္တာ၊ အခုဟာက လက္ေတြ႕လုပ္ေဆာင္ရမွာျဖစ္တယ္။

ဒီေတာ့ အဖြဲ႕ခ်ဳပ္ရဲ႕ အကူအညီနဲ႕ခန္႕တယ္၊ ဦးစိုးျမတ္မင္း လက္ေထာက္နည္းျပျဖစ္လာတယ္။ ဦးစိုးျမတ္မင္းဟာ အရင္တုန္းက ကာစတန္အသင္း၊ ကေမာၻဇသင္းနဲ႕ျမန္မာ့လက္ေရြးစင္ေဘာလံုးသမားေဟာင္း ျဖစ္တယ္။ အာရွအထိနာမည္ေကာင္းလက္မွတ္ရထားတဲ့ကစားသမားျဖစ္တယ္။ အေရွ႕ေတာင္ အာရွရဲ႕ေဘာလံုးၾကယ္တစ္ပြင့္ျဖစ္တယ္။ စြယ္စံုရကစားသမားျဖစ္သလိုဂိုးသြင္းေကာင္းတဲ့ ကစားသမားျဖစ္တယ္။ နည္းျပဘ၀မွာလည္း ေအာင္ျမင္မႈရခဲ့တဲ့သူျဖစ္တယ္။ ရွမ္းယူႏုိက္တက္ အသင္းနဲ႕ MNL အမွတ္ေပးဖလားကို ဆြတ္ခူးရယူထားႏုိင္သူလည္းျဖစ္တယ္။ အျခားဆုဖလား ေတြကိုလည္း နည္းျပခ်ဳပ္ဘ၀နဲ႕ရယူေပးခဲ့သူလည္းျဖစ္တယ္။ အခုေတာ့ သူဟာ ျမန္မာ့လက္ ေရြးစင္ေဘာလံုးအသင္းရဲ႕လက္ေထာက္နည္းျပအျဖစ္ တာ၀န္ေပးအပ္ခံရတယ္။

ျမန္မာ့ေဘာ လံုးအေၾကာင္းကို ခပ္မ်ားမ်ားသိထားတဲ့သူျဖစ္သလုိ ကစားသမားဘ၀မွာေရာနည္းျပဘ၀မွာ ပါ ျမန္မာ့ေဘာလံုးနဲ႕ပတ္သက္ရင္ ပူပူေႏြးေႏြးျဖတ္သန္းလာသူျဖစ္လုိ႕ အေကာင္းဆံုးအေတြ႕အႀကဳံနဲ႕ ေ၀မွ်ႏုိင္တဲ့ ခြန္အားမ်ိဳးကို နည္းျပခ်ဳပ္အေပၚမွာေရာ၊ ကစား သမားေတြအေပၚမွာ ေပးႏုိင္စြမ္းအျပည့္ရွိတယ္။ ၿပီးေတာ့ ကစားသမားေတြဆိုတာကလည္း သူ႕ကို စံျပထားနမူနာယူေလးစားအားက်တဲ့သူေတြလည္းပါမယ္။ ကုိယ့္ထက္စီနီယာက်တဲ့ ေဘာလံုးသမားေဟာင္းလည္းျဖစ္ေတာ့ ၾသဇာသက္ေရာက္မႈလည္းရွိမယ္။

ဒါေၾကာင့္ ျမန္မာ့ ေဘာလံုးအသင္းအတြက္ေတာ့ ဦးစုိးျမတ္မင္းဟာ လက္ေထာက္နည္းျပတစ္ေယာက္ျဖစ္လာ တယ္ဆုိတာ ၀မ္းသာမိတယ္။ ေက်နပ္မိတယ္။ သူဟာ ကုိယ့္ကိုယ့္ကုိယ့္က်ိဳးႏြံတဲ့သူျဖစ္သလို အလုပ္နဲ႕ပတ္သက္လာရင္ ဘယ္ေတာ့မွ အမွားမခံသလို အနာဂတ္ေဘာလံုးေလာကကို ၾကည့္ျမင္တဲ့သူျဖစ္တယ္။ ေဘာလံုးသမားေတြအတြက္ေရာ အသင္းအတြက္ပါ ေခတ္မွီတဲ့ ပစၥည္းကိရိယာမ်ားနဲ႕အေထာက္အပံ့ျဖစ္ေအာင္အၿမဲတမ္းေခတ္နဲ႕မျပတ္ေလ့လာလိုက္စားကာ ကူညီေပးခ်င္သူလည္းျဖစ္တယ္။ ေတြ႕တဲ့အခါတုိင္းေျပာျဖစ္တယ္၊ ေျပာျဖစ္တိုင္းလည္း သူမ်ား ေဘာလံုးအသင္းေတြနဲ႕ရင္ေဘာင္တန္းဖို႕ ျမန္မာအသင္းသာမက ကလပ္အသင္းေတြပါ ေခတ္ေနာက္မွာမက်န္ရစ္ဖို႕ ဆိုတာေတြကို ေဆြးေႏြးျဖစ္ပါတယ္။

အခုေတာ့ ဦးစိုးျမတ္မင္းဟာ ျမန္မာ့လက္ေရြးစင္အသင္းအတြက္ေရာ ယူ-၂၃ အသင္းအတြက္ပါ လက္ေထာက္နည္းျပျဖစ္ လာၿပီျဖစ္တယ္။ ေနာင္လာမယ့္ ျမန္မာေဘာလံုးအသင္းအတြက္လည္း နည္းျပခ်ဳပ္ေကာင္းျဖစ္ လာဖို႕အတြက္ လည္းေမွ်ာ္မိတယ္။ ဒါေပမယ့္ေလာေလာဆယ္မွာေတာ့ ဂ်ာမနီနည္းျပခ်ဳပ္ႀကီး အတြက္ အားထားေနရတဲ့လက္ရုန္းတစ္ေယာက္ျဖစ္ေနတယ္လို႕ဆိုရမွာျဖစ္တယ္။ နည္းျပခ်ဳပ္ နဲ႕အတူ ကလပ္ပဲြေတြသြားၾကည့္တုိင္းေဘးမွာ ဦးစိုးျမတ္မင္းကိုေတြ႕ေနရတယ္၊ ၿပီးေတာ့ သူ က အေကာင္းဆံုးအႀကံဥာဏ္မ်ားေပးရံုသာမက ျမန္မာေဘာလံုးသမားေတြမွာ အားနည္းေလ့ ရွိတဲ့ အရာမ်ားကိုလည္း သိထားၿပီးျဖစ္သလို ကစားသမားတစ္ေယာက္ျခင္းစီရဲ႕ အားသာခ်က္ အားနည္းခ်က္မွန္သမွ်ကို နည္းျပခ်ဳပ္ထက္ပိုသိေနတာေၾကာင့္ ေလ့က်င့္ေရးကိစၥေတြမွာ သူ ယူရတဲ့တာ၀န္ကလည္းမေသးဘူး။

အနီးကပ္ေလ့က်င့္ေရးမွန္သမွ်ဟာ သူကဦးေဆာင္ေလ့ရွိ တယ္။ ၿပီးေတာ့ တာ၀န္ခဲြေပးထားတဲ့အတိုင္း အျခားလက္ေထာက္နည္းျပတစ္ဦးျဖစ္တဲ့ ခီမယ္ ဟယ္လတ္နဲ႕အတူ ဂိုးနည္းျပျဖစ္တဲ့ ကာစတန္ဟာေဇာ့တို႕နဲ႕ညွိႏိႈင္းၿပီးအေကာင္းဆံုးျဖစ္လာ ႏုိင္တာမ်ားကို၀ိုင္းေဆြးေႏြးကာ ပံုေဖာ္ၾကတာလည္းေတြ႕ရတယ္။ ဘာပဲျဖစ္ျဖစ္ လက္ေထာက္ နည္းျပတစ္ေယာက္ျဖစ္လာတဲ့ ဦးစိုးျမတ္မင္းကိုလည္း ေအာင္ျမင္တဲ့အသင္းတစ္သင္းရဲ႕ ေနာက္ကြယ္က ေထာက္တုိင္တစ္ခုသဖြယ္ျမင္ခ်င္ေနမိတယ္။ ၿပီးေတာ့ေနာင္တစ္ခ်ိန္မွာဆို ရင္လည္း ျမန္မာ့လက္ေရြးစင္အသင္းကို ကိုင္တြယ္မယ့္နည္းျပခ်ဳပ္အျဖစ္နဲ႕လည္းျမင္ေတြ႕ ခ်င္ေနမိတယ္။

ဒါ့အျပင္ အျခားေနရာမ်ားမွာလည္း လက္ေထာက္နည္းျပေတြနဲ႕ပတ္သက္ ၿပီးေတာ့ ေအာင္ျမင္ခဲ့တဲ့အတုိင္းအတာမွာ အေရးပါခဲ့တာေတြလည္း ရွိေနခဲ့တယ္၊ ဒါေၾကာင့္တစ္ပါတည္းေျပာခ်င္လာမိတယ္။ ဒါကေတာ့အျခားမဟုတ္ဘူး။ ပရီးမီးယားလိဂ္မွာရွိ တဲ့ လက္ေထာက္နည္းျပေတြရဲ႕အေၾကာင္းအျပင္ ႏုိင္ငံအသင္းမွ လက္ေထာက္နည္းျပေတြ အေၾကာင္းပါပဲ။ သူတို႕ေတြရဲ႕ေထာက္ပံ့မႈအေရးပါပံုကိုလည္းေျပာခ်င္ပါေသးတယ္။

မန္စီးတီးကို ဂြါဒီယိုလာေရာက္လာတုန္းက ပရီးမီးယားလိဂ္အေၾကာင္းစံုသိရေအာင္လုိ႕ ဂြါဒီယို လာဟာ အာဆင္နယ္ကစားသမားေဟာင္းျဖစ္တဲ့ မီေခးအာတီတာကို လက္ေထာက္နည္းျပ အျဖစ္ အနားမွာေခၚခန္႕အပ္တယ္။ ဒါေတာင္မွ အနားမွာ ဘရိြဳင္ယန္ကစ္တို႕ရွိေနေသးတာ ေနာ္၊ ဒါေပမယ့္လည္း စပိန္နဲ႕အဂၤလန္စကားကို ကၽြမ္းက်င္စြာေျပာတတ္ၿပီး ကစားသမားေတြ ကို ထိေရာက္တဲ့ပုိ႕ခ်မႈအပိုင္းမွာ အာေတးတားက ပိုၿပီးေတာ့ နီးစပ္တယ္ထင္္တာေၾကာင့္ လက္ေထာက္နည္းျပေတြခ်ည္းပဲ သံုးေယာက္ထားခဲ့လိုက္တာျဖစ္တယ္။

ဂြါဒီယိုလာအေၾကာင္း သိေနတဲ့ လက္ေထာက္နည္းျပေဘာ္ရယ္လ္ရယ္၊ ဘရိြဳင္ယန္ကစ္ရယ္၊ ၿပီးေတာ့အာေတးတား ရယ္ ဆုိၿပီးေတာ့ရွိေနတယ္။ ဗီဒီယုိနဲ႕ျပန္လည္ရွင္းလင္းျပသေပးမယ့္ နည္းစနစ္နည္းျပ၊ ဂိုး နည္းျပ၊ႀကံ႕ခုိင္ေရးနည္းျပႏွစ္ေယာက္အျပင္ ေနာက္ထပ္နည္းျပအဖြဲ႕၀င္ေတြခ်ည္းပဲသပ္သပ္ ထပ္ရွိေနတာေတြကမနည္းဘူးဆုိရမယ္။ ဒါေၾကာင့္လည္း အခ်ိန္တိုအတြင္းမွာ စနစ္က်နတဲ့  အသင္းျဖစ္လာၿပီး ေအာင္ျမင္မႈေတြကို  အရသိမ္းပိုက္ႏုိင္တာျဖစ္ပါတယ္။ ၿပီးေတာ့အြန္နရီဆုိ ရင္ပဲၾကည့္ပါဦး၊ ကစားသမားဘ၀ကနားတာနဲ႕ ဘယ္လ္ဂ်ီယံအသင္းမွာ လက္ေထာက္နည္းျပ ၀င္လုပ္တယ္။ အေတြ႕အႀကဳံဘာမွမရွိဘူး။

ဒါေပမယ့္ကစားသမားဘ၀မွာပါလာတဲ့အေငြ႕ အသက္က မျပယ္ေသးေတာ့ ကစားသမားေတြခ်စ္ၾကတယ္၊ ေျပာစကားဆုိစကားနားေထာင္ၿပီး နည္းျပခ်ဳပ္လုိခ်င္တဲ့ သူ႕ဆီကအရည္အေသြးက ဂိုးသြင္း ပါးနပ္တဲ့ ပညာပါပဲ၊ ဒါကို ကစားသမားေတြဆီေ၀မွ်ေစခ်င္ပံုေပၚတယ္။ ဒါကို လည္း အြန္နရီ က ေလ့က်င့္ေရးကြင္းမွာသာမက နည္းစနစ္ပိုင္းအရပါမွ်ေ၀ေပးလို႕ ကမာၻ႕ဖလားမွာ ဘယ္လ္ဂ်ီ ယံကစားသမားေတြနဲ႕အြန္နရီၾကားမွာ နည္းျပခ်ဳပ္ထက္ပိုခ်စ္တယ္ဆိုတာမ်ိဳးေတာင္ေတြ႕ရယ္ ရယ္ေမာေမာနဲ႕ေပ်ာ္ေနၾကတာေတြ႕ရတယ္မဟုတ္ပါလား။

ဘုန္းေမာက္ဆုိရင္လည္း လူငယ္နည္းျပျဖစ္တဲ့ အက္ဒီေဟာင္း၊ အသက္က 45 ေတာင္မျပည့္ ေသးဘူး။ ဒါေပမယ့္ ဘုန္းေမာက္ကို တန္းမဆင္းရေအာင္သူက ေသခ်ာလုပ္ေပးထားတယ္။ ဒါေပမယ့္ သူ႕တင္ပဲလားဆိုေတာ့မဟုတ္ဘူး။ သူ႕ေဘးမွာပါေနတဲ့သူက ဂ်က္ဆန္တင္းဒဲလ္၊ အသင္းကို ပရီးမီးယားလိဂ္တန္းတက္လာတည္းက အတူတူပါလာတယ္၊ အခုအထိ အက္ဒီ ေဟာင္းလိုအပ္သမွ်ကို အားလံုးလုပ္ေဆာင္ေပးေနတာက သူပါပဲ၊ ႏွစ္ေယာက္စလံုးဟာ ဘုန္းေမာက္နဲ႕ဘန္ေလမွာလက္တြဲလာၾကတဲ့သူေတြခ်ည္းပဲျဖစ္တယ္။

ျပီးေတာ့ အတြဲေတြ အျဖစ္ ႀကံဳလို႕ေျပာခ်င္တယ္။ ဒါကေတာ့ ဆမ္အလာဒိြဳက္တစ္ေယာက္ ဘယ္လုိအသင္းပဲေရာက္ ေရာက္ အၿမဲတမ္းသူနဲ႕အတူပါေလ့ရွိတာက ေဒါသအုိးႀကီးဆမ္မီလီ ပါပဲ၊ သူကေတာ့ ဆမ္အလာဒိြဳက္ နည္းျပခ်ဳပ္ျဖစ္ၿပီေဟ့ဆိုတာနဲ႕ ဆမ္မီလီဟာ အလိုလိုကို သူ႕ ရဲ႕ လက္ေထာက္နည္းျပျဖစ္လာတယ္။ ငယ္ငယ္ေလးတည္းကတဲြလာၾကတာေလ၊ ေဘာလံုးကစားတာလည္းအတူတူ၊ နည္းျပလုပ္ေတာ့လည္းအတူတူဆိုသလိုေပါ့။

အေၾကာင္းသိေတြျဖစ္တယ္၊ အတြင္းသိ၊အဆင္းသိေတြျဖစ္တယ္။ ဘာလိုခ်င္သလဲဆိုတာ နည္းျပခ်ဳပ္မေျပာလည္း လက္ေထာက္နည္းျပေတြကသိေနၾကတာဆိုေတာ့ အမ်ားႀကီးေျပာေနစရာမလုိေတာ့ဘူး။ နား လည္းသိတတ္သူေတြနဲ႕ သြားၾကတာမ်ားတာထံုးစံျဖစ္ေနတယ္။

ေတာ့တင္ဟမ္မွာလည္း ပိုခ်က္တီႏိုလို နည္းျပမ်ိဳးကို ေနာက္ကြယ္ကေနၿပီးေတာ့ အေထာက္အပံ့ေကာင္းမ်ားစြာေပးေနတာက စပိန္နည္းျပျဖစ္တဲ့ ဂ်ီေဆး ပီရက္ဇ္ ပါပဲ၊ အတူတူဆြဲလာတာၾကာၿပီ၊ ပိုခ်က္တီႏိုနည္းျပစျဖစ္တည္းကဆုိပါေတာ့၊ သူလည္း အက္စ္ပန္ေညာ္၊ ေဆာက္သမ္တန္အျပင္ေတာ့တင္ဟမ္အထိပါလာတယ္။ အားလံုး အထာသိသူေတြျဖစ္တယ္။ အႀကိဳက္နဲ႕ျဖစ္ခ်င္တာကို အေသးစိတ္လုပ္ေဆာင္ေပးႏုိင္ၾကသူေတြျဖစ္တယ္။ ဒီေတာ့ ဒီလိုမ်ိဳး အတြင္းသိ ၊ အဆင္းသိ သူေတြအခ်ိန္ၾကာၾကာလက္တြဲလာသူေတြဟာ ေအာင္ျမင္မႈရဖိုက တာ၀န္ခြဲေ၀ယူမႈမွာ အသားက်ၿပီးထိေရာက္တယ္ဆိုတာ အတုယူဖို႕ေကာင္းေနတယ္။

မန္ယူဆုိရင္လည္း ဖာဂူဆန္ေခတ္မွာတည္းက ဖာဂူဆန္နဲ႕အတူရွိေနခဲ့တဲ့လက္ေထာက္နည္း ျပေတြမနည္းလွပါဘူး။ မူလန္စတင္းတို႕လက္ထက္မတုိင္ခင္ကေနၿပီးေတာ့ ၊ မက္ကလာရင္၊ ဘရိုင္ယန္ကစ္။ မိုက္ခ္ဖီလန္ တုိ႕ အထိ အားလံုးေတာ္ေတာ္မ်ားမ်ားဟာ ဖာဂူဆန္ရဲ႕ လက္ေထာက္နည္းျပေတြျဖစ္ခဲ့တယ္၊ ကစားသမားေဟာင္းေတြလည္းျဖစ္ၾကသလုိ အဆင့္ဆင့္လက္ဆင့္ကမ္းကာ စီနီယာနဲ႕ဂ်ဴနီယာၾကားမွာရွိေနတဲ့ေလးစားမႈကို ဖာဂူဆန္က အသံုးခ်သြားခဲ့တယ္။ ေနာက္ဆံုး အထိ အီရန္နည္းျပျဖစ္တဲ့ ကားလို႕စ္ကီြးေရာ့ဇ္အထိ လက္ေထာက္နည္းျပေကာင္းေတြကို ဖာဂူ ဆန္ဟာ နည္းျပခ်ဳပ္ဘ၀မွာ သူ႕ကို အေကာင္းဆံုးအကူအညီေပးဖို႕ အသံုးျပဳသြားခဲ့သလို ေန ရာေပးကာ တန္းတူဆက္ဆံခဲ့တယ္မဟုတ္ပါလား။

ဒါေၾကာင့္လည္း ေအာင္ျမင္မႈေတြဆက္တိုက္ ရခဲ့တာျဖစ္တယ္။ သူ႕ဟာ လက္ေထာက္နည္းျပေတြရဲ႕ ကၽြမ္းက်င္ မႈကို အေကာင္းဆံုးအသံုးခ်ခဲ့တဲ့ ပရီးမီးယားလိဂ္မန္ေနဂ်ာတစ္ေယာက္ျဖစ္သလို နည္းျပေကာင္းေရြးခ်ယ္ရာမွာလည္း သူ႕အႀကိဳက္အလုိက္သိေအာင္ လုပ္တတ္သူေတြကို ေရြး ထုတ္ႏုိင္ခဲ့တာေတြ႕ရမယ္။ သူေမြးထုတ္ေပးခဲ့တဲ့ကစားသမားေကာင္းေတြ၊ နည္းျပေကာင္း ေတြလည္းမနည္းလွပါဘူး။ ၿပီးေတာ့ ေခတ္ၿပိဳင္ျဖစ္ခဲ့တဲ့အထဲမွာဆုိရင္လည္း အာဆင္၀င္းဂါးရွိ တယ္။ သူ႕လက္ေထာက္နည္းျပျဖစ္တဲ့ ပက္ရိုက္ဟာ အာဆင္နယ္မွာရွိေနခ်ိန္ေတာ္ေတာ္မ်ား မ်ား အေကာင္းဆံုးကူညီမႈေတြကိုေပးစြမ္းခဲ့သူျဖစ္တယ္။ အာဆင္နယ္အတြက္ ၀င္းဂါးအတြက္ သာ ေပးဆပ္ခဲ့သူျဖစ္တယ္။

သူ႕ေၾကာင့္ အာဆင္နယ္ေအာင္ျမင္ခဲ့ရတယ္ဆိုတာမမွားဘူး။ ပက္ရိုက္ဟာ ၀င္းဂါးနဲ႕အတူ 1996 ကေနစတင္ကိုင္တြယ္ခဲ့သူပါ၊ ၿပီးေတာ့ 2012 မွာ က်န္းမာေရးေၾကာင့္ သူအနား ယူသြားတယ္။ ဆုဖလားေတြေတာ္ေတာ္မ်ားမ်ားရေစဖို႕အတြက္ ၀င္းဂါးနဲ႕အာဆင္နယ္ကို အလုပ္အေကၽြးျပဳခဲ့တဲ့ လက္ေထာက္နည္းျပေကာင္းျဖစ္သလို ကစား သမားေကာင္းေတြကိုေမြးျမဴကာ ပရိသတ္ႀကိဳက္တဲ့ အတိုေပး တစ္ခ်က္ထိ ဂိုးကန္သြင္းႏုိင္မယ့္ ခပ္ျမန္ျမန္နည္းစနစ္ေတြကို ၀င္းဂါးလက္သင့္အေနအထားရေအာင္ သူက စြမ္းေဆာင္ေပးခဲ့တာျဖစ္တယ္။

အခု၀င္းဂါးေဘးမွာ စတိဘုိးလ္လုိ ကစားသမားေဟာင္းကို ျမင္ ေနခဲ့ရတာဟာ အရင္ကေလာက္ စိတ္ထဲမွာ မေတြ႕ၾကဖူးလို႕ အခ်ိဳ႕ကဆုိတယ္၊ ရိုက္မရွိတဲ့ ေနာက္မွာ ၀င္းဂါးလည္းဘုိးလ္နဲ႕သိပ္အလုပ္မျဖစ္ေတာ့သလိုပဲ၊ အခုေတာ့ စတိဘိုးလ္ပဲတာ၀န္ ျပန္ယူမယ္၊ အူႏုိင္းအမ္မရီအတြက္ လက္ေထာက္နည္းျပအျဖစ္ သက္တမ္းအရ၀ါအရင့္ဆံုး လက္ေထာက္နည္းျပ တာ၀န္ထမ္းေဆာင္ပါလိမ့္မယ္။ ဒါကိုလည္းၾကည့္ရမယ္။

ေနာက္ၿပီးေတာ့ ေမာ္ရင္ညိဳ၊ ခ်ယ္လ္ဆီးေရာက္လာေတာ့ သူ႕ေဘးနားမွာ ရွိေနတဲ့သူေတြကို ၾကည့္ရင္ သူေခၚလာတဲ့သူေတြအျပင္ အဂၤလန္ေဘာလံုးေလာကအေၾကာင္းသိေနတဲ့ သူတစ္ေ ယာက္ရွိတယ္။ ဒီလူကေတာ့ အခုအဂၤလန္လက္ေရြးစင္ေဘာလံုးအသင္း လက္ေထာက္နည္းျပ အျဖစ္ ေဆာက္ဂိတ္ေအာင္ျမင္ဖို႕ ပင္နယ္လ္တီနဲ႕ အလြတ္တည္ကန္ ေဘာေတြကို အေကာင္းဆံုးကန္ႏုိင္ေအာင္ ကစားသမားေတြကို ေလ့က်င့္ေပးေနတဲ့စတိဗ္ေဟာ္လန္ပါပဲ။ သူဟာေမာ္ရင္ညိဳကို အေကာင္းဆံုး နည္းစနစ္ေတြ ကို ေပးခဲ့တယ္၊ ကစားသမားလူငယ္ေတြကို ေလ့က်င့္ေပးတယ္။ ေမာ္ရင္ညိဳနဲ႕ပါလာတဲ့ ရူအီ ဖာရီယာကိုလည္း အဂၤလိပ္ေဘာလံုးေလာကအေၾကာင္း သိေအာင္ ျမင္ေအာင္မွ်ေ၀ေပးခဲ့တဲ့ သူပါ၊

အခုေတာ့ ေမာ္ရင္ညိဳလည္း မန္ယူမွာ အရင္လူေတြနဲ႕အတူ၊ကစားသမားဘ၀မွအနားယူ ထားတဲ့ ကားရစ္ကို သူ႕အသင္းမွာ လက္ေထာက္နည္းျပအျဖစ္ျပန္ေခၚခန္႕ထားတယ္။ ဒါဟာ စီနီယာကစားသမားတစ္ေယာက္ရဲ႕ အားကုိယူၿပီးေတာ့အသင္းမွာ ဂ်ဴနီယာကစားသမားေတြကို သင္ျပတဲ့အခါမွထိေရာက္ေအာင္လုိ႕ျဖစ္တယ္။ အသံုးတည့္ပါတယ္။ ဘယ္ေလာက္အထိ အသံုး၀င္မလဲဆိုတာမၾကာခင္ၾကည့္ရမယ္။ ၿပီးေတာ့ လီဗာပူး၊ ကေလာ့ပ္နဲ႕ကစားသမားေတြေႏြးေထြးမႈက အဆင့္ျမင့္တယ္။ သူကိုယ္တုိင္ လက္ေထာက္နည္းျပတစ္ေယာက္လုိပဲ ၾကင္နာမႈအျပည့္ရွိတယ္။

ဒါေပမယ့္လည္း သူတင္မက ပါဘူး ၊ အတူေအာင္ျမင္ခဲ့စဥ္မွာ ပါလာခဲ့တဲ့ လက္ေထာက္နည္းျပျဖစ္တဲ့ ဘူဗက္လည္းထည့္ ေျပာရပါလိမ့္မယ္။ သူဟာဆုိရင္လည္း ေဒါ့တ္မြန္ေအာင္ျမင္ခဲ့သမွ်ကာလမွာ ကေလာ့ပ္နဲ႕အတူ ပါတယ္၊ လီဗာပူးမွာလည္းပါတယ္။ မႏွစ္ကရာသီသိမ္းခါနီးမွာ မိသားစုအေရးအေၾကာင္းျပၿပီး အိမ္ျပန္သြားတယ္။ ထုတ္လုိက္တာမဟုတ္ဘူး။ အခုအထိလီဗာပူးမွာရိွိေနတုန္းပဲ၊ သူ႕ေၾကာင့္ လီဗာပူးတုိးတက္တာလည္းထည့္ေျပာထားရလိမ့္မယ္။ အျခားအသင္းေတြမွာလည္း လက္ ေထာက္နည္းျပေတြနဲ႕ပတ္သက္တာေတြအမ်ားႀကီးရွိေနတယ္။

အဓိကကေတာ့အသင္းကို ဦးေဆာင္မႈေပးႏုိင္မယ့္ ေလ့က်င့္ေရးကြင္းထဲက စိတ္ဓါတ္ျမွင့္တင္ေရးအပါအ၀င္ ကစားဟန္ နဲ႕ လုပ္ေဆာင္ရမယ့္ အရာမ်ားကို ေက်ာင္းဆရာမ်ားလို လမ္းညႊန္ေပးႏုိင္မယ့္သူေတြဟာ  ေဘာလံုးအသင္းမွာေတာ့ လက္ေထာက္နည္းျပေတြပါပဲ။ လက္ေထာက္နည္းျပဘ၀ကေနၿပီး ေတာ့ တစ္ဆင့္ထပ္တက္လာမယ္ဆုိရင္ေတာ့ ဇီဒန္းတုိ႕လို၊ ဂ်ိဳအာခ်င္လို၀ီတုိ႕လိုမ်ိဳး နည္းျပ ေကာင္းေတြအျဖစ္ ေဘာလံုးအသင္းေတြမွာနာမည္ရရွင္သန္ခြင့္နဲ႕ေအာင္ျမင္မႈမွတ္တိုင္ေတြ ေရးထုိးနုိင္ၾကလိမ့္မယ္ထင္တယ္။ ဘာပဲျဖစ္ျဖစ္ ေျပာလို႕ဆိုလုိ႕လည္းေကာင္းတယ္။

စာလည္း ရွည္သြားတယ္။ က်န္တာေတြရွိေသးတယ္။ ဒါေပမယ့္ေနာက္မွပဲဆက္ေျပာပါ့မယ္။ ေလာေလာ ဆယ္ေတာ့ ျမန္မာအသင္းအတြက္ ေထာက္တုိင္သဖြယ္အားထားရမယ့္ လက္ေထာက္နည္းျပ ဦးစိုးျမတ္မင္းဟာ ကၽြန္ေတာ္တို႕ေတြေမွ်ာ္ကိုးအေလးထားရမယ့္ အနာဂတ္နည္းျပေကာင္း တစ္ေယာက္အျဖစ္ ဘယ္ေတာ့ျမင္ရမလဲဆိုတာ ေမွ်ာ္ရင္း လမ္းျပၾကယ္ေတြအျဖစ္ ကစားသမား ေတြကို သြန္သင္ေပးမႈအမ်ားဆံုးေပးၾကတဲ့ နည္းျပေဘးကလူေတြ သို႕မဟုတ္  လက္ေထာက္နည္းျပေတြနဲ႕ပတ္သက္တာေတြအေၾကာင္းခဏနားလိုက္တယ္။

credit

အောင်မြင်တဲ့ ဘောလုံးနည်းပြချုပ်တွေဘေးနားမှာ ထူးချွန်တဲ့လက်ထောက်နည်းပြတွေ အသီး သီးရှိတယ်။ ဒီလူတွေရဲ့ တန်ဖိုးက သိပ်ကိုဈေးနှုန်းမြင့်မားတယ်။ လူတော်တွေလို့လည်း သတ် မှတ်နိုင်တယ်။ ဒါပေမယ့် ကျော်ကြားမှုကတော့ ထင်သလောက်ဈေးကွက်မဝင်ဘူး။ ဒါပေမယ့် သူ့တို့လောက၊ သူတို့အသိုင်းအဝိုင်းထဲမှာတော့ နာမည်ကောင်းလက်မှတ်နဲ့ နာမည်ကြီး အသင်းတိုင်းက လိုချင်တပ်မက်ဖြစ်တဲ့ သူတွေအဖြစ် အစဉ်လိုက်ရှိနေတတ်တယ်ဆိုတာပါပဲ။ 

အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို အသင်းတစ်သင်းအောင်မြင်ဖို့ အတွက်လည်း အရေး ပါတဲ့တဲ့ထောက်တိုင်တစ်ခုအဖြစ်ကို ရှိနေတယ်လို့တောင်ဆိုရ မှာဖြစ် တယ်။ ဘောလုံးအသင်းနည်းပြချုပ်အတွက် အားကိုးရတဲ့လက်ရုန်းတွေဟာအောင်မြင်မှုရဖို့ အတွက် အထူးကို အားကိုးအားထားရတဲ့ သူတွေအဖြစ်ရှိနေတယ်။

ကမ္ဘာ့ဖလားရသွားတဲ့ပြင်သစ်အသင်းကိုပြန်ကြည့်ရင် ဒက်စ်ချမ့်အကြိုက်ဖြစ်အောင်လို့ အသင်းကို အချိန်တိုအတွင်း အကောင်းစားတည်ဆောက်ပေးနေတဲ့သူတွေထဲမှာ အနီးကပ်ဆုံး ရှိနေတာက ဂွိုင်းစတီဖင်ပါ၊ သူဟာ ဆီနီဂေါနည်းပြဟောင်းဖြစ်သလို ပြင်သစ် ယူ၁၇ အသင်း ကိုကိုင်တွယ်ခဲ့သူပါ၊ ပြီးတော့လည်း လိုင်ယွန်နဲ့ဘော်ဒိုးမှာလည်းနည်းပြလုပ်ခဲ့တယ်။ အခြား အသင်းတွေမှာလည်း လက်ထောက်နည်းပြတာဝန်ထမ်းဆောင်ဖူးတယ်။

ဒီတော့ သူ့လောက် အတွေ့အကြုံရှိတဲ့လူတန်းစားဟာ ပြင်သစ်မှာထင်သလောက်မရှိတော့ဘူး။ အဲ့ဒါအပြင် ဒက်စ်ချမ့်အကြိုက်ဖြစ်အောင် လူငယ်တွေကို ခွန်အားတိုးစေမယ့်စကားမျိုးကို လေ့ကျင့်ရေး ကွင်းထဲမှာ အဝတ်လဲခန်းထဲမှာပြောဖြစ်တတ်သူဖြစ်တယ်။

မြန်မာအသင်းမှာလည်းရှိခဲ့တယ်၊ ဂတ်ဇီလက်ထဲမှာ ဆိုရင် ဦးညီညီလတ်၊ ဦးကြည်လွင်တို့ အနီးကပ်ဆုံးနှစ်တွေမှာရှိခဲ့ကြတာပဲမဟုတ်လား။ သူတို့တွေကပဲ အသင်းကို အကောင်းဆုံး ဦး ဆောင်သွားတယ်။ ပွဲတစ်ပွဲမှာ နည်းပြချုပ်တွေထက် လက်ထောက်နည်းပြတွေက တာဝန်ယူ ပေးကြတယ်။ နည်းပြချုပ်ကအေးအေးလူလူပွဲထိုင်ကြည့်ပြီး လက်ထောက်နည်းပြတွေက မနေ နိုင်ကြပဲ ကွင်းဘေးကနေတရစပ် စိတ်ပူအော်ဟစ်ဖြစ်နေခဲ့တာတွေဟာ အရင်ပွဲတွေမှာတွေ့ရ ပြီဖြစ်မှာပါ၊ လက်ထောက်နည်းပြတွေဟာ နည်းပြချုပ်တွေထက် ကစားသမားတွေကို ပိုပြီး တော့ အကျွမ်းတဝင်ရှိကြတယ်။

စည်းကမ်းထိန်းသိမ်းရေးကအစ လေ့ကျင့်သားပြည့်ဝစွာ နည်း စနစ်ပိုင်နိုင်စွာကစားနိုင်ကြဖို့အထိ ရင်အုပ်မကွာပြုစုပျိုးထောင်ကြလေ့ရှိတဲ့အနီးကပ် မိဘတွေပါပဲ။ အဖေတွေ၊ဦးလေးတွေလိုမျိုး၊ အစ်ကိုတွေလိုမျိုးဆိုလည်းမမှားနိုင်ပါဘူး။ နည်းပြ ချုပ်တွေထက် ပိုမိုထိတွေ့ကြတဲ့အတွက်ကြောင့် ကစားသမားတွေနဲ့လည်း ပိုပြီးတော့ခင်မင် သင့်မြတ်ကြလေ့ရှိတယ်။

နည်းပြချုပ်လိုချင်တာကို လက်ထောက်နည်းပြတွေက လုပ်ဆောင်ပေးကြတဲ့အခါမှာ ချော့တစ်ခါ၊ခြောက်တစ်လှည့်နဲ့ စီမံကြသလို သူငယ်ချင်းလို ပေါင်းကာ ပျော်ရွှင်မှုကို ရှေ့တန်းတင်ပြီးတော့ ဖြစ်ချင်တာကို စိတ်လက်ကြည်သာစွာဆွဲယူကြ တဲ့ လက်ထောက်နည်းပြများရဲ့ စိတ်ပိုင်းဆိုင်ရာ နူးညံ့ပျော့ပြောင်းမှု အတတ်ပညာကလည်း  ကစားသမားတွေအပေါ်မှာ မှတ်သားလောက်စရာဖြစ်ရတယ်။

အခုမြန်မာအသင်းမှာ အန်တွန်နီဟေးလ် နည်းပြချုပ်ဖြစ်လာတယ်။ သူ့မှာလက်ထောက်နည်းပြ အဖွဲ့တွေပါလာတယ်။ ဒါဟာ သူ့ရဲ့အရင်းနှီးဆုံးနည်းပြအဖွဲ့ပဲ၊ သူစိတ်ကြိုက်ဖြစ်လိုတာကို အားလုံးသိနေကြတယ်။ မပြောပဲနဲ့ဘာလုပ်ရမယ်ဆိုတာဖြတ်သန်းခဲ့ကြတဲ့ အရင်အသင်းတွေမှာ ပူးပေါင်းလုပ်ဆောင် ခဲ့မှုတွေအရသိနေပြီးဖြစ်တယ်။ ဒါပေမယ့် မြန်မာနည်းပြချုပ်ဖြစ်လာချိန်မှာ မြန်မာအကြောင်းသိ ဖို့လိုလာပြီ၊ အနီးကပ်ဘယ်သူရှိလဲ၊ အသင့်တော်ဆုံးဖြစ်စေမယ့် မြန်မာ နည်းပြကောင်းထဲမှာရှိနေမယ့်သူဟာ ဘယ်သူလဲ၊ သူ့အတွက် လိုအပ်တယ်။ မြန်မာဘောလုံး အကြောင်းအမြန်ဆုံးသိရဖို့ဆိုတာ Google နဲ့ YouTube လောက်တတ်ရုံနဲ့ ဖွင့်ကြည့်ရုံနဲ့သိ တဲ့အရာမှမဟုတ်တာ၊ အခုဟာက လက်တွေ့လုပ်ဆောင်ရမှာဖြစ်တယ်။

ဒီတော့ အဖွဲ့ချုပ်ရဲ့ အကူအညီနဲ့ခန့်တယ်၊ ဦးစိုးမြတ်မင်း လက်ထောက်နည်းပြဖြစ်လာတယ်။ ဦးစိုးမြတ်မင်းဟာ အရင်တုန်းက ကာစတန်အသင်း၊ ကမ္ဘောဇသင်းနဲ့မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဖြစ်တယ်။ အာရှအထိနာမည်ကောင်းလက်မှတ်ရထားတဲ့ကစားသမားဖြစ်တယ်။ အရှေ့တောင် အာရှရဲ့ဘောလုံးကြယ်တစ်ပွင့်ဖြစ်တယ်။ စွယ်စုံရကစားသမားဖြစ်သလိုဂိုးသွင်းကောင်းတဲ့ ကစားသမားဖြစ်တယ်။ နည်းပြဘဝမှာလည်း အောင်မြင်မှုရခဲ့တဲ့သူဖြစ်တယ်။ ရှမ်းယူနိုက်တက် အသင်းနဲ့ MNL အမှတ်ပေးဖလားကို ဆွတ်ခူးရယူထားနိုင်သူလည်းဖြစ်တယ်။ အခြားဆုဖလား တွေကိုလည်း နည်းပြချုပ်ဘဝနဲ့ရယူပေးခဲ့သူလည်းဖြစ်တယ်။ အခုတော့ သူဟာ မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ပေးအပ်ခံရတယ်။

မြန်မာ့ဘော လုံးအကြောင်းကို ခပ်များများသိထားတဲ့သူဖြစ်သလို ကစားသမားဘဝမှာရောနည်းပြဘဝမှာ ပါ မြန်မာ့ဘောလုံးနဲ့ပတ်သက်ရင် ပူပူနွေးနွေးဖြတ်သန်းလာသူဖြစ်လို့ အကောင်းဆုံးအတွေ့အကြုံနဲ့ ဝေမျှနိုင်တဲ့ ခွန်အားမျိုးကို နည်းပြချုပ်အပေါ်မှာရော၊ ကစား သမားတွေအပေါ်မှာ ပေးနိုင်စွမ်းအပြည့်ရှိတယ်။ ပြီးတော့ ကစားသမားတွေဆိုတာကလည်း သူ့ကို စံပြထားနမူနာယူလေးစားအားကျတဲ့သူတွေလည်းပါမယ်။ ကိုယ့်ထက်စီနီယာကျတဲ့ ဘောလုံးသမားဟောင်းလည်းဖြစ်တော့ သြဇာသက်ရောက်မှုလည်းရှိမယ်။

ဒါကြောင့် မြန်မာ့ ဘောလုံးအသင်းအတွက်တော့ ဦးစိုးမြတ်မင်းဟာ လက်ထောက်နည်းပြတစ်ယောက်ဖြစ်လာ တယ်ဆိုတာ ဝမ်းသာမိတယ်။ ကျေနပ်မိတယ်။ သူဟာ ကိုယ့်ကိုယ့်ကိုယ့်ကျိုးနွံတဲ့သူဖြစ်သလို အလုပ်နဲ့ပတ်သက်လာရင် ဘယ်တော့မှ အမှားမခံသလို အနာဂတ်ဘောလုံးလောကကို ကြည့်မြင်တဲ့သူဖြစ်တယ်။ ဘောလုံးသမားတွေအတွက်ရော အသင်းအတွက်ပါ ခေတ်မှီတဲ့ ပစ္စည်းကိရိယာများနဲ့အထောက်အပံ့ဖြစ်အောင်အမြဲတမ်းခေတ်နဲ့မပြတ်လေ့လာလိုက်စားကာ ကူညီပေးချင်သူလည်းဖြစ်တယ်။ တွေ့တဲ့အခါတိုင်းပြောဖြစ်တယ်၊ ပြောဖြစ်တိုင်းလည်း သူများ ဘောလုံးအသင်းတွေနဲ့ရင်ဘောင်တန်းဖို့ မြန်မာအသင်းသာမက ကလပ်အသင်းတွေပါ ခေတ်နောက်မှာမကျန်ရစ်ဖို့ ဆိုတာတွေကို ဆွေးနွေးဖြစ်ပါတယ်။

အခုတော့ ဦးစိုးမြတ်မင်းဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက်ရော ယူ-၂၃ အသင်းအတွက်ပါ လက်ထောက်နည်းပြဖြစ် လာပြီဖြစ်တယ်။ နောင်လာမယ့် မြန်မာဘောလုံးအသင်းအတွက်လည်း နည်းပြချုပ်ကောင်းဖြစ် လာဖို့အတွက် လည်းမျှော်မိတယ်။ ဒါပေမယ့်လောလောဆယ်မှာတော့ ဂျာမနီနည်းပြချုပ်ကြီး အတွက် အားထားနေရတဲ့လက်ရုန်းတစ်ယောက်ဖြစ်နေတယ်လို့ဆိုရမှာဖြစ်တယ်။ နည်းပြချုပ် နဲ့အတူ ကလပ်ပွဲတွေသွားကြည့်တိုင်းဘေးမှာ ဦးစိုးမြတ်မင်းကိုတွေ့နေရတယ်၊ ပြီးတော့ သူ က အကောင်းဆုံးအကြံဉာဏ်များပေးရုံသာမက မြန်မာဘောလုံးသမားတွေမှာ အားနည်းလေ့ ရှိတဲ့ အရာများကိုလည်း သိထားပြီးဖြစ်သလို ကစားသမားတစ်ယောက်ခြင်းစီရဲ့ အားသာချက် အားနည်းချက်မှန်သမျှကို နည်းပြချုပ်ထက်ပိုသိနေတာကြောင့် လေ့ကျင့်ရေးကိစ္စတွေမှာ သူ ယူရတဲ့တာဝန်ကလည်းမသေးဘူး။

အနီးကပ်လေ့ကျင့်ရေးမှန်သမျှဟာ သူကဦးဆောင်လေ့ရှိ တယ်။ ပြီးတော့ တာဝန်ခွဲပေးထားတဲ့အတိုင်း အခြားလက်ထောက်နည်းပြတစ်ဦးဖြစ်တဲ့ ခီမယ် ဟယ်လတ်နဲ့အတူ ဂိုးနည်းပြဖြစ်တဲ့ ကာစတန်ဟာဇော့တို့နဲ့ညှိနှိုင်းပြီးအကောင်းဆုံးဖြစ်လာ နိုင်တာများကိုဝိုင်းဆွေးနွေးကာ ပုံဖော်ကြတာလည်းတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် လက်ထောက် နည်းပြတစ်ယောက်ဖြစ်လာတဲ့ ဦးစိုးမြတ်မင်းကိုလည်း အောင်မြင်တဲ့အသင်းတစ်သင်းရဲ့ နောက်ကွယ်က ထောက်တိုင်တစ်ခုသဖွယ်မြင်ချင်နေမိတယ်။ ပြီးတော့နောင်တစ်ချိန်မှာဆို ရင်လည်း မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ့်နည်းပြချုပ်အဖြစ်နဲ့လည်းမြင်တွေ့ ချင်နေမိတယ်။

ဒါ့အပြင် အခြားနေရာများမှာလည်း လက်ထောက်နည်းပြတွေနဲ့ပတ်သက် ပြီးတော့ အောင်မြင်ခဲ့တဲ့အတိုင်းအတာမှာ အရေးပါခဲ့တာတွေလည်း ရှိနေခဲ့တယ်၊ ဒါကြောင့်တစ်ပါတည်းပြောချင်လာမိတယ်။ ဒါကတော့အခြားမဟုတ်ဘူး။ ပရီးမီးယားလိဂ်မှာရှိ တဲ့ လက်ထောက်နည်းပြတွေရဲ့အကြောင်းအပြင် နိုင်ငံအသင်းမှ လက်ထောက်နည်းပြတွေ အကြောင်းပါပဲ။ သူတို့တွေရဲ့ထောက်ပံ့မှုအရေးပါပုံကိုလည်းပြောချင်ပါသေးတယ်။

မန်စီးတီးကို ဂွါဒီယိုလာရောက်လာတုန်းက ပရီးမီးယားလိဂ်အကြောင်းစုံသိရအောင်လို့ ဂွါဒီယို လာဟာ အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ မီခေးအာတီတာကို လက်ထောက်နည်းပြ အဖြစ် အနားမှာခေါ်ခန့်အပ်တယ်။ ဒါတောင်မှ အနားမှာ ဘရွိုင်ယန်ကစ်တို့ရှိနေသေးတာ နော်၊ ဒါပေမယ့်လည်း စပိန်နဲ့အင်္ဂလန်စကားကို ကျွမ်းကျင်စွာပြောတတ်ပြီး ကစားသမားတွေ ကို ထိရောက်တဲ့ပို့ချမှုအပိုင်းမှာ အာတေးတားက ပိုပြီးတော့ နီးစပ်တယ်ထင်တာကြောင့် လက်ထောက်နည်းပြတွေချည်းပဲ သုံးယောက်ထားခဲ့လိုက်တာဖြစ်တယ်။

ဂွါဒီယိုလာအကြောင်း သိနေတဲ့ လက်ထောက်နည်းပြဘော်ရယ်လ်ရယ်၊ ဘရွိုင်ယန်ကစ်ရယ်၊ ပြီးတော့အာတေးတား ရယ် ဆိုပြီးတော့ရှိနေတယ်။ ဗီဒီယိုနဲ့ပြန်လည်ရှင်းလင်းပြသပေးမယ့် နည်းစနစ်နည်းပြ၊ ဂိုး နည်းပြ၊ကြံ့ခိုင်ရေးနည်းပြနှစ်ယောက်အပြင် နောက်ထပ်နည်းပြအဖွဲ့ဝင်တွေချည်းပဲသပ်သပ် ထပ်ရှိနေတာတွေကမနည်းဘူးဆိုရမယ်။ ဒါကြောင့်လည်း အချိန်တိုအတွင်းမှာ စနစ်ကျနတဲ့  အသင်းဖြစ်လာပြီး အောင်မြင်မှုတွေကို  အရသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ ပြီးတော့အွန်နရီဆို ရင်ပဲကြည့်ပါဦး၊ ကစားသမားဘဝကနားတာနဲ့ ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြ ဝင်လုပ်တယ်။ အတွေ့အကြုံဘာမှမရှိဘူး။

ဒါပေမယ့်ကစားသမားဘဝမှာပါလာတဲ့အငွေ့ အသက်က မပြယ်သေးတော့ ကစားသမားတွေချစ်ကြတယ်၊ ပြောစကားဆိုစကားနားထောင်ပြီး နည်းပြချုပ်လိုချင်တဲ့ သူ့ဆီကအရည်အသွေးက ဂိုးသွင်း ပါးနပ်တဲ့ ပညာပါပဲ၊ ဒါကို ကစားသမားတွေဆီဝေမျှစေချင်ပုံပေါ်တယ်။ ဒါကို လည်း အွန်နရီ က လေ့ကျင့်ရေးကွင်းမှာသာမက နည်းစနစ်ပိုင်းအရပါမျှဝေပေးလို့ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီ ယံကစားသမားတွေနဲ့အွန်နရီကြားမှာ နည်းပြချုပ်ထက်ပိုချစ်တယ်ဆိုတာမျိုးတောင်တွေ့ရယ် ရယ်မောမောနဲ့ပျော်နေကြတာတွေ့ရတယ်မဟုတ်ပါလား။

ဘုန်းမောက်ဆိုရင်လည်း လူငယ်နည်းပြဖြစ်တဲ့ အက်ဒီဟောင်း၊ အသက်က 45 တောင်မပြည့် သေးဘူး။ ဒါပေမယ့် ဘုန်းမောက်ကို တန်းမဆင်းရအောင်သူက သေချာလုပ်ပေးထားတယ်။ ဒါပေမယ့် သူ့တင်ပဲလားဆိုတော့မဟုတ်ဘူး။ သူ့ဘေးမှာပါနေတဲ့သူက ဂျက်ဆန်တင်းဒဲလ်၊ အသင်းကို ပရီးမီးယားလိဂ်တန်းတက်လာတည်းက အတူတူပါလာတယ်၊ အခုအထိ အက်ဒီ ဟောင်းလိုအပ်သမျှကို အားလုံးလုပ်ဆောင်ပေးနေတာက သူပါပဲ၊ နှစ်ယောက်စလုံးဟာ ဘုန်းမောက်နဲ့ဘန်လေမှာလက်တွဲလာကြတဲ့သူတွေချည်းပဲဖြစ်တယ်။

ပြီးတော့ အတွဲတွေ အဖြစ် ကြုံလို့ပြောချင်တယ်။ ဒါကတော့ ဆမ်အလာဒွိုက်တစ်ယောက် ဘယ်လိုအသင်းပဲရောက် ရောက် အမြဲတမ်းသူနဲ့အတူပါလေ့ရှိတာက ဒေါသအိုးကြီးဆမ်မီလီ ပါပဲ၊ သူကတော့ ဆမ်အလာဒွိုက် နည်းပြချုပ်ဖြစ်ပြီဟေ့ဆိုတာနဲ့ ဆမ်မီလီဟာ အလိုလိုကို သူ့ ရဲ့ လက်ထောက်နည်းပြဖြစ်လာတယ်။ ငယ်ငယ်လေးတည်းကတွဲလာကြတာလေ၊ ဘောလုံးကစားတာလည်းအတူတူ၊ နည်းပြလုပ်တော့လည်းအတူတူဆိုသလိုပေါ့။

အကြောင်းသိတွေဖြစ်တယ်၊ အတွင်းသိ၊အဆင်းသိတွေဖြစ်တယ်။ ဘာလိုချင်သလဲဆိုတာ နည်းပြချုပ်မပြောလည်း လက်ထောက်နည်းပြတွေကသိနေကြတာဆိုတော့ အများကြီးပြောနေစရာမလိုတော့ဘူး။ နား လည်းသိတတ်သူတွေနဲ့ သွားကြတာများတာထုံးစံဖြစ်နေတယ်။

တော့တင်ဟမ်မှာလည်း ပိုချက်တီနိုလို နည်းပြမျိုးကို နောက်ကွယ်ကနေပြီးတော့ အထောက်အပံ့ကောင်းများစွာပေးနေတာက စပိန်နည်းပြဖြစ်တဲ့ ဂျီဆေး ပီရက်ဇ် ပါပဲ၊ အတူတူဆွဲလာတာကြာပြီ၊ ပိုချက်တီနိုနည်းပြစဖြစ်တည်းကဆိုပါတော့၊ သူလည်း အက်စ်ပန်ညော်၊ ဆောက်သမ်တန်အပြင်တော့တင်ဟမ်အထိပါလာတယ်။ အားလုံး အထာသိသူတွေဖြစ်တယ်။ အကြိုက်နဲ့ဖြစ်ချင်တာကို အသေးစိတ်လုပ်ဆောင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ဒီတော့ ဒီလိုမျိုး အတွင်းသိ ၊ အဆင်းသိ သူတွေအချိန်ကြာကြာလက်တွဲလာသူတွေဟာ အောင်မြင်မှုရဖိုက တာဝန်ခွဲဝေယူမှုမှာ အသားကျပြီးထိရောက်တယ်ဆိုတာ အတုယူဖို့ကောင်းနေတယ်။

မန်ယူဆိုရင်လည်း ဖာဂူဆန်ခေတ်မှာတည်းက ဖာဂူဆန်နဲ့အတူရှိနေခဲ့တဲ့လက်ထောက်နည်း ပြတွေမနည်းလှပါဘူး။ မူလန်စတင်းတို့လက်ထက်မတိုင်ခင်ကနေပြီးတော့ ၊ မက်ကလာရင်၊ ဘရိုင်ယန်ကစ်။ မိုက်ခ်ဖီလန် တို့ အထိ အားလုံးတော်တော်များများဟာ ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြတွေဖြစ်ခဲ့တယ်၊ ကစားသမားဟောင်းတွေလည်းဖြစ်ကြသလို အဆင့်ဆင့်လက်ဆင့်ကမ်းကာ စီနီယာနဲ့ဂျူနီယာကြားမှာရှိနေတဲ့လေးစားမှုကို ဖာဂူဆန်က အသုံးချသွားခဲ့တယ်။ နောက်ဆုံး အထိ အီရန်နည်းပြဖြစ်တဲ့ ကားလို့စ်ကွီးရော့ဇ်အထိ လက်ထောက်နည်းပြကောင်းတွေကို ဖာဂူ ဆန်ဟာ နည်းပြချုပ်ဘဝမှာ သူ့ကို အကောင်းဆုံးအကူအညီပေးဖို့ အသုံးပြုသွားခဲ့သလို နေ ရာပေးကာ တန်းတူဆက်ဆံခဲ့တယ်မဟုတ်ပါလား။

ဒါကြောင့်လည်း အောင်မြင်မှုတွေဆက်တိုက် ရခဲ့တာဖြစ်တယ်။ သူ့ဟာ လက်ထောက်နည်းပြတွေရဲ့ ကျွမ်းကျင် မှုကို အကောင်းဆုံးအသုံးချခဲ့တဲ့ ပရီးမီးယားလိဂ်မန်နေဂျာတစ်ယောက်ဖြစ်သလို နည်းပြကောင်းရွေးချယ်ရာမှာလည်း သူ့အကြိုက်အလိုက်သိအောင် လုပ်တတ်သူတွေကို ရွေး ထုတ်နိုင်ခဲ့တာတွေ့ရမယ်။ သူမွေးထုတ်ပေးခဲ့တဲ့ကစားသမားကောင်းတွေ၊ နည်းပြကောင်း တွေလည်းမနည်းလှပါဘူး။ ပြီးတော့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့အထဲမှာဆိုရင်လည်း အာဆင်ဝင်းဂါးရှိ တယ်။ သူ့လက်ထောက်နည်းပြဖြစ်တဲ့ ပက်ရိုက်ဟာ အာဆင်နယ်မှာရှိနေချိန်တော်တော်များ များ အကောင်းဆုံးကူညီမှုတွေကိုပေးစွမ်းခဲ့သူဖြစ်တယ်။ အာဆင်နယ်အတွက် ဝင်းဂါးအတွက် သာ ပေးဆပ်ခဲ့သူဖြစ်တယ်။

သူ့ကြောင့် အာဆင်နယ်အောင်မြင်ခဲ့ရတယ်ဆိုတာမမှားဘူး။ ပက်ရိုက်ဟာ ဝင်းဂါးနဲ့အတူ 1996 ကနေစတင်ကိုင်တွယ်ခဲ့သူပါ၊ ပြီးတော့ 2012 မှာ ကျန်းမာရေးကြောင့် သူအနား ယူသွားတယ်။ ဆုဖလားတွေတော်တော်များများရစေဖို့အတွက် ဝင်းဂါးနဲ့အာဆင်နယ်ကို အလုပ်အကျွေးပြုခဲ့တဲ့ လက်ထောက်နည်းပြကောင်းဖြစ်သလို ကစား သမားကောင်းတွေကိုမွေးမြူကာ ပရိသတ်ကြိုက်တဲ့ အတိုပေး တစ်ချက်ထိ ဂိုးကန်သွင်းနိုင်မယ့် ခပ်မြန်မြန်နည်းစနစ်တွေကို ဝင်းဂါးလက်သင့်အနေအထားရအောင် သူက စွမ်းဆောင်ပေးခဲ့တာဖြစ်တယ်။

အခုဝင်းဂါးဘေးမှာ စတိဘိုးလ်လို ကစားသမားဟောင်းကို မြင် နေခဲ့ရတာဟာ အရင်ကလောက် စိတ်ထဲမှာ မတွေ့ကြဖူးလို့ အချို့ကဆိုတယ်၊ ရိုက်မရှိတဲ့ နောက်မှာ ဝင်းဂါးလည်းဘိုးလ်နဲ့သိပ်အလုပ်မဖြစ်တော့သလိုပဲ၊ အခုတော့ စတိဘိုးလ်ပဲတာဝန် ပြန်ယူမယ်၊ အူနိုင်းအမ်မရီအတွက် လက်ထောက်နည်းပြအဖြစ် သက်တမ်းအရဝါအရင့်ဆုံး လက်ထောက်နည်းပြ တာဝန်ထမ်းဆောင်ပါလိမ့်မယ်။ ဒါကိုလည်းကြည့်ရမယ်။

နောက်ပြီးတော့ မော်ရင်ညို၊ ချယ်လ်ဆီးရောက်လာတော့ သူ့ဘေးနားမှာ ရှိနေတဲ့သူတွေကို ကြည့်ရင် သူခေါ်လာတဲ့သူတွေအပြင် အင်္ဂလန်ဘောလုံးလောကအကြောင်းသိနေတဲ့ သူတစ်ေ ယာက်ရှိတယ်။ ဒီလူကတော့ အခုအင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြ အဖြစ် ဆောက်ဂိတ်အောင်မြင်ဖို့ ပင်နယ်လ်တီနဲ့ အလွတ်တည်ကန် ဘောတွေကို အကောင်းဆုံးကန်နိုင်အောင် ကစားသမားတွေကို လေ့ကျင့်ပေးနေတဲ့စတိဗ်ဟော်လန်ပါပဲ။ သူဟာမော်ရင်ညိုကို အကောင်းဆုံး နည်းစနစ်တွေ ကို ပေးခဲ့တယ်၊ ကစားသမားလူငယ်တွေကို လေ့ကျင့်ပေးတယ်။ မော်ရင်ညိုနဲ့ပါလာတဲ့ ရူအီ ဖာရီယာကိုလည်း အင်္ဂလိပ်ဘောလုံးလောကအကြောင်း သိအောင် မြင်အောင်မျှဝေပေးခဲ့တဲ့ သူပါ၊

အခုတော့ မော်ရင်ညိုလည်း မန်ယူမှာ အရင်လူတွေနဲ့အတူ၊ကစားသမားဘဝမှအနားယူ ထားတဲ့ ကားရစ်ကို သူ့အသင်းမှာ လက်ထောက်နည်းပြအဖြစ်ပြန်ခေါ်ခန့်ထားတယ်။ ဒါဟာ စီနီယာကစားသမားတစ်ယောက်ရဲ့ အားကိုယူပြီးတော့အသင်းမှာ ဂျူနီယာကစားသမားတွေကို သင်ပြတဲ့အခါမှထိရောက်အောင်လို့ဖြစ်တယ်။ အသုံးတည့်ပါတယ်။ ဘယ်လောက်အထိ အသုံးဝင်မလဲဆိုတာမကြာခင်ကြည့်ရမယ်။ ပြီးတော့ လီဗာပူး၊ ကလော့ပ်နဲ့ကစားသမားတွေနွေးထွေးမှုက အဆင့်မြင့်တယ်။ သူကိုယ်တိုင် လက်ထောက်နည်းပြတစ်ယောက်လိုပဲ ကြင်နာမှုအပြည့်ရှိတယ်။

ဒါပေမယ့်လည်း သူတင်မက ပါဘူး ၊ အတူအောင်မြင်ခဲ့စဉ်မှာ ပါလာခဲ့တဲ့ လက်ထောက်နည်းပြဖြစ်တဲ့ ဘူဗက်လည်းထည့် ပြောရပါလိမ့်မယ်။ သူဟာဆိုရင်လည်း ဒေါ့တ်မွန်အောင်မြင်ခဲ့သမျှကာလမှာ ကလော့ပ်နဲ့အတူ ပါတယ်၊ လီဗာပူးမှာလည်းပါတယ်။ မနှစ်ကရာသီသိမ်းခါနီးမှာ မိသားစုအရေးအကြောင်းပြပြီး အိမ်ပြန်သွားတယ်။ ထုတ်လိုက်တာမဟုတ်ဘူး။ အခုအထိလီဗာပူးမှာရှိနေတုန်းပဲ၊ သူ့ကြောင့် လီဗာပူးတိုးတက်တာလည်းထည့်ပြောထားရလိမ့်မယ်။ အခြားအသင်းတွေမှာလည်း လက် ထောက်နည်းပြတွေနဲ့ပတ်သက်တာတွေအများကြီးရှိနေတယ်။

အဓိကကတော့အသင်းကို ဦးဆောင်မှုပေးနိုင်မယ့် လေ့ကျင့်ရေးကွင်းထဲက စိတ်ဓါတ်မြှင့်တင်ရေးအပါအဝင် ကစားဟန် နဲ့ လုပ်ဆောင်ရမယ့် အရာများကို ကျောင်းဆရာများလို လမ်းညွှန်ပေးနိုင်မယ့်သူတွေဟာ  ဘောလုံးအသင်းမှာတော့ လက်ထောက်နည်းပြတွေပါပဲ။ လက်ထောက်နည်းပြဘဝကနေပြီး တော့ တစ်ဆင့်ထပ်တက်လာမယ်ဆိုရင်တော့ ဇီဒန်းတို့လို၊ ဂျိုအာချင်လိုဝီတို့လိုမျိုး နည်းပြ ကောင်းတွေအဖြစ် ဘောလုံးအသင်းတွေမှာနာမည်ရရှင်သန်ခွင့်နဲ့အောင်မြင်မှုမှတ်တိုင်တွေ ရေးထိုးနိုင်ကြလိမ့်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ပြောလို့ဆိုလို့လည်းကောင်းတယ်။

စာလည်း ရှည်သွားတယ်။ ကျန်တာတွေရှိသေးတယ်။ ဒါပေမယ့်နောက်မှပဲဆက်ပြောပါ့မယ်။ လောလော ဆယ်တော့ မြန်မာအသင်းအတွက် ထောက်တိုင်သဖွယ်အားထားရမယ့် လက်ထောက်နည်းပြ ဦးစိုးမြတ်မင်းဟာ ကျွန်တော်တို့တွေမျှော်ကိုးအလေးထားရမယ့် အနာဂတ်နည်းပြကောင်း တစ်ယောက်အဖြစ် ဘယ်တော့မြင်ရမလဲဆိုတာ မျှော်ရင်း လမ်းပြကြယ်တွေအဖြစ် ကစားသမား တွေကို သွန်သင်ပေးမှုအများဆုံးပေးကြတဲ့ နည်းပြဘေးကလူတွေ သို့မဟုတ်  လက်ထောက်နည်းပြတွေနဲ့ပတ်သက်တာတွေအကြောင်းခဏနားလိုက်တယ်။

credit