ေအာင္သူနဲ႕မနက္ျဖန္၊ ျမန္မာနဲ႕ ဒီေန႕

မနက္ျဖန္….
မနက္ျဖန္ဆိုရင္ မန္းေျမမွာ 2018 Alpine Cup ကိုစတင္ၿပီးေတာ့ကစားေတာ့မွာျဖစ္ေနတယ္။ ဒီၿပိဳင္ပဲြမွာခ်န္ပီယံျဖစ္ရင္ရမယ့္ ဆုေၾကးက မဆိုးလွဘူး။ ကစားေပ်ာ္တယ္။ ဒါေပမယ့္ ပါလာမယ့္အသင္းတိုင္းဟာ ဆုေၾကးထက္ ကစားအားနဲ႕ကစားကြက္ကို အဓိကထားၿပီးေတာ့စမ္းသပ္ကစားသြားမယ့္သေဘာရွိေနတယ္။ ႏိုင္တာမႏုိင္တာက ေနာက္ မွာ ထား၊ အေရးႀကီးတာက လာမယ့္ၿပိဳင္ပဲြအႀကီးေတြမွာ ဒီအသင္းေတြ အသားတက်နဲ႕ အဆင္ ေျပေျပကစားႏုိင္ဖို႕ပဲလိုေနတယ္။

နည္းျပတုိင္းဟာ ဖလားလုပဲြထက္ အသင္းလုိက္စုဖြဲ႕ၿပီး ပဲြမ၀င္ခင္အျပင္ကက်င္းပ ဆိုတဲ့အတိုင္း ဒီၿပိဳင္ပဲြမွာ ၿပိဳင္ဘက္ကိုလည္းရင္ဆုိင္ အသင္းကိုလည္း အထုိင္က်၊ၿမိဳင္ဆိုင္ေအာင္လုပ္မယ့္သေဘာ ေတြရွိတယ္။ ဒီေတာ့ အေကာင္းစား ကစားဟန္ေတြ ကိုျမင္ရႏုိင္မလား၊ အႀကိတ္အနယ္နဲ႕ခြန္အားသံုးကစားၿပီးေတာ့ ခ်န္ပီယံျဖစ္ေရးကို အေလးေပးၾကမလားဆိုတာ တစ္ခ်က္ေတာ့ သတိထားၿပီးၾကည့္ခ်င္ေနမိတယ္။

ၿပီးေတာ့ မနက္ျဖန္မွာ ျမန္မာအသင္းကစားမယ့္ပဲြရွိတယ္။ ျမန္မာအသင္း နဲ႕ ကိုရီးယားအသင္း ကစားမယ့္ပဲြက ညေန 6 နာရီမွာပါ၊ ျမန္မာပဲြမတုိင္ခင္မွာ ဘာရိန္းနဲ႕ ထုိင္းအသင္းကစားမယ့္ပဲြအရင္လာမွာျဖစ္တယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ျမန္မာနဲ႕ကစားရမယ့္အသင္းေတြခ်ည္းျဖစ္ေနတာေၾကာင့္ တစ္ပဲြမွကို လက္လြတ္ခံ လို႕မရဘူးဆိုရမယ္။ အခ်ိန္ကလည္း တစ္ကယ့္အခ်ိန္ေကာင္း ပထမပဲြျဖစ္တဲ့ ဘာရိန္းနဲ႕ထုိင္းပဲြဟာ ညေန သံုးနာရီမွာစတင္ကစား မွာျဖစ္တယ္။ ဒီပဲြၿပီးမွ ျမန္မာပဲြ ဆက္ကစားမွာဆိုေတာ့ အရွိန္ေလးေတြရေနခ်ိန္မွာ ရန္ကုန္နဲ႕မန္းေဘာလံုးပရိသတ္ေတြအတြက္ တစ္ကယ့္ကို ပဲြႀကီးပြဲေကာင္းၾကည့္ရမယ့္အခ်ိန္အခါျဖစ္ေနတယ္။ ၿပီးေတာ့ အထက္မွာေျပာခဲ့သလိုပဲ၊ ဒီၿပိဳင္ပဲြမွာ အသင္းတုိင္းဟာ ဆုေၾကးထက္ကစားသမားေတြ အတြက္ၿပိဳင္ပဲြအေတြ႕အႀကဳံကိုလုိခ်င္လို႕လာၿပိဳင္ၾကတာျဖစ္တယ္ဆိုတာ ျငင္းလို႕ေတာ့မရဘူး ဆိုရမွာျဖစ္တယ္။

အဲ့ဒီအထဲမွာ ျမန္မာအသင္းပါေနတယ္၊ ျမန္မာအသင္းဟာ ဘယ္လမ္းကို ေရြးမွာတဲ့လဲ၊ အိမ္ရွင္လည္းျဖစ္ေနတယ္။ ရံႈးလို႕ကလည္းမျဖစ္ဘူး။ ေနာက္တစ္ခ်က္က ကစား သမားေတြဟာ ျမန္မာပရိသတ္ေတြအေရွ႕မွာ ကစားရမွာျဖစ္ေနတာေၾကာင့္ ဖိအားပိုၿပီးေတာ့ မ်ားတယ္ဆိုတာပါပဲ။ နည္းျပကေတာ့ ပဲြမတုိင္ခင္မွာတည္းကေျပာထားတယ္၊ ဒီပဲြအေပၚမွာ အေကာင္ဆံုးကစားမယ္၊ ဒီပဲြထက္အေရးပါတဲ့ ပဲြရွိေနေသးတယ္။

ၾသဂုတ္လ၀က္ 15 ရက္ေန႕မွာ ယွဥ္ၿပိဳင္ရမယ့္ 2018 အာရွ အားကစားပဲြေတာ္ရွိေနတယ္။ အဲ့ဒီမွာ ျမန္မာေျခစြမ္း အစစ္အမွန္ကိုျမင္ရမယ့္သေဘာပဲ၊ ေလာေလာဆယ္ေတာ့ အယ္လ္ပိုင္းဖလားကစားမယ့္ ျမန္မာ ယူ -၂၃ အသင္းမွာ အေလး ေပးၾကည့္ခ်င္မိတာဟာ ေအာင္သူပါ၊ အသင္းနဲ႕လာ ပူးေပါင္းတာ ေနာက္က်တယ္၊ ၿပိဳင္ပဲြစဖို႕ ႏွစ္ရက္အလုိမွ ေရာက္လာတယ္၊ ဒီေတာ့ ေအာင္သူ အေနအထားက ဘယ္လုိမ်ိဳးရွိေနမလဲ၊ ႀကံ႕ခိုင္မႈ၊ စိတ္ဓါတ္ပိုင္းဆိုင္ရာ အေနအထားက အစ သူ႕မွာ ျဖစ္ပ်က္ေနတဲ့လတ္တေလာအေနအထားကို ေမးခြန္းထုတ္ခ်င္တယ္။

ေအာင္သူဟာ ျမန္မာေဘာလံုးအသင္းရဲ႕ အထြန္းေတာက္ဆံုးၾကယ္ပြင့္ကစားသမားျဖစ္ တယ္၊ ကစားတာလည္းေကာင္းတယ္၊ ရုန္းအား၊ သက္လုံ၊ အရြယ္၊ခြန္အားကအစ၊ ေဘာလံုးနည္းစနစ္ပိုင္းမွာလည္း အားလံုးေကာင္းမြန္တယ္။ ေျပာစရာမလုိဘူး၊ အရြယ္ငယ္ ငယ္နဲ႕ ေနရာရတယ္၊ အခုျပည္ပထြက္ကစားေနတယ္။ ဘာပဲျဖစ္ျဖစ္ အားလံုးသေဘာက်ၿပီး ျမန္မာေဘာလံုးပရိသတ္ခ်စ္တဲ့ ေဘာလံုးသမားျဖစ္တယ္။

သူဟာျမန္မာအသင္းရဲ႕တုိက္စစ္ ကို ဦးေဆာင္သူ၊ အႏုိင္ပဲြေတြကို ဖန္တီးသူတစ္ေယာက္၊ အရြယ္ငယ္ၿပီး ႏုိင္ငံတကာ အေတြ႕အႀကဳံအမ်ားဆံုးကစားသမားဟာ 2018 အယ္လ္ပိုင္းဖလားပဲြမွာ ျမန္မာယူ-၂၃ အတြက္ျပန္လာၿပီ၊ မနက္ျဖန္တုိက္ပဲြ၀င္မယ္။ လတ္ေလာသူ႕အေနအထားက ဘယ္လုိမ်ိဳးျဖစ္ေနသလဲ၊ နည္းျပျဖစ္ သူကေရာ ဒီလိုမ်ိဳး ဖိတ္ေခၚေျခစမ္းပဲြအတြက္ ဘယ္ေလာက္ အထိေမွ်ာ္လင့္ထားသလဲ၊ အနာ ဂတ္ေဘာလံုးအသင္းေအာင္ျမင္ေရးအတြက္ ဘယ္အတုိင္းအတာအထိ ရည္ရြယ္ထားသလဲ ဆိုတာသိခ်င္ေနတယ္။


ၿပီးေတာ့ နည္းျပကိုၾကည့္ခ်င္တယ္။ အဲ့ဒါကေတာ့ ျဖစ္ႏုိင္ေခ်နည္းပါးေပမယ့္လည္း သူ႕ေျပာစကား ေတြကို အေျခခံၿပီး အေကာက္အယူျပဳကာ ျမင္မိထားတာက ေအာင္သူမပါပဲ ျမန္မာအသင္းကိုတည္ေဆာက္လာမလားဆိုတဲ့ နည္းျပႀကီးရဲ႕ ပံုစံအသစ္ကိုပါပဲ၊ ေအာင္သူကို မသံုးရင္ေတာ့ ပရိသတ္နဲ႕ နည္းျပႀကီးၾကားမွာ လံုး၀ကိုမတူညီကြဲျပားမႈေတြရွိလာႏုိင္ တယ္။ တစ္ကယ္လုိ႕ သူ႕အလုပ္သူ႕လုပ္မယ္။ ေအာင္သူကို အဓိကထားသည္ျဖစ္ေစ၊ မထားသည္ျဖစ္ ေစ၊ နည္းျပႀကီး ရည္ရြယ္ထားတဲ့လမ္းေၾကာင္း တစ္ခုမွာ ေအာင္သူရဲ႕အားကို အျပည့္အ၀ယူငင္ ထုတ္သံုးဖို႕ ရည္ရြယ္လာတယ္ဆိုရင္ ျမန္မာအသင္းဟာကၽြန္ေတာ္တို႕ေတြ ျမင္ေတြ႕ခ်င္တဲ့ ေအာင္သူဦးေဆာင္လာမယ့္ ျမန္မာယူ-၂၃ ျဖစ္ေနလိမ့္မယ္။

ဒီလိုမွမဟုတ္ပဲ၊ ျမန္မာယူ-၂၃ အသင္းတိုက္စစ္ကို ေအာင္သူမရွိပဲ ၊ ေအာင္သူမပါပဲနဲ႕ သြားၾကည့္ရေလာက္ေအာင္ စြန္႕စားခန္းေတြကို ၿပိဳင္ပဲြေတြရဲ႕ အခ်ိန္တစ္ခုစီမွာ သံုးရင္ ဒါဟာ အလုပ္ျဖစ္ႏုိင္မလား၊ ေအာင္သူမရွိတဲ့ျမန္မာအသင္းဟာ Plan B အျဖစ္ အသက္၀င္လာႏုိင္မလား၊ ေအာင္သူအားကိုးၿပီး ကစားေနတဲ့ ဟန္ကိုေဖ်ာက္လိုက္ရင္ ပံုစံတစ္ခုနဲ႕ ဆိုရင္ ဘယ္လုိမ်ိဳးစခန္းသြားႏုိင္မလဲဆိုတာ သိခ်င္ေနတယ္။ သူမပါရင္တုိက္စစ္က ထက္ျမတ္မႈနည္းသြားဖို႕ရာခိုင္ႏႈန္းမ်ား ႏုိင္မွန္းေတာ့သိတယ္၊ ဒါေပမယ့္ နည္းျပအသစ္လက္ထဲမွာ ေအာင္သူမပါပဲက်န္တဲ့ ကစားသမားေတြရဲ႕ရုန္းအားဟာ ဘယ္လိုမ်ိဳးျဖစ္လာႏိုင္မလဲ။ ( အရင္ဆံုးပရိသတ္ရဲ႕ ေအာ္ဟစ္ဆူပူမႈေတြဟာ ေနရာအႏွံ႕ဆူညံသြားမွာေသခ်ာတယ္)

ၿပီးေတာ့ ေအာင္သူပါလာတဲ့ျမန္မာကစားကြက္ ကို အားလံုးကအလြတ္ရေနၿပီ၊ ေအာင္သူမပါတဲ့အခါ ယူ-၂၃ တုိက္စစ္ဟာ ဘယ္လုိမ်ိဳးရွိေနမလဲဆိုတာ ဒီ နည္းျပလက္ထဲမွာ အေလးေပးၾကည့္ခ်င္မိတယ္။ ဒါမွလည္း ေနာက္ထပ္တစ္မ်ိဳးနဲ႕ ျမန္မာအသင္းရဲ႕ စစ္မွန္တဲ့ အသင္းလိုက္စုဖြဲ႕မႈတုိက္စစ္သြားရာလမ္းေၾကာင္းဟာ အေကာင္းဆံုးျဖစ္ဖို႕ထပ္ေမွ်ာ္လင့္ႏုိင္ စရာရွိမယ္ထင္ေနတယ္။ အယ္လ္ပိုင္းဖလားပဲြမွာ ေအာင္သူမထင္မွတ္ပဲ အနာတရထိခုိက္မိလို႕ ေဘာလံုးမကစားႏုိင္ရင္မလြယ္ဘူး။

ဒီေတာ့ ျမန္မာအသင္းအဓိက ကစားသမားဒဏ္ရာထိမွာစိုးတာရယ္၊ ၿပီးေတာ့ ေအာင္သူပါမွျမန္မာအသင္းတုိက္စစ္အေကာင္းဆံုးျဖစ္မယ္ဆိုတဲ့ အေတြးေတြခဏေဘးဖယ္ၾကည့္မိၿပီး သူမပါရင္ဘာျဖစ္လာႏုိင္မလဲဆိုတာ ဂ်ာမန္နည္းျပခ်ဳပ္ ေဟးလ္နဲ႕ ဦးစိုးျမတ္မင္းတို႕ စီမံထားတဲ့ ကစားကြက္အခင္းအက်င္းအသစ္ျဖစ္ခဲ့ရင္ အဲ့ဒီအေပၚရင္ခုန္မိတယ္၊ ပဲြတိုင္းေတာ့မဟုတ္ပါဘူး။ ေအာင္သူလို အသင္းအတြက္ အားကိုးရတဲ့ ကစားသမားမ်ိဳးကို ခ်န္မထားရဲၾကပါဘူး။ ေအာင္သူလက္ေရြးစင္ကစားသမားျဖစ္လာခ်ိန္မွာ ဘယ္နည္းျပကမွ ေအာင္သူကို ခ်န္ထားၿပီးေတာ့ ၿပိဳင္ပဲြ ေတြ မွာ အရဲစြန္႕ၿပီး မကစားရဲခဲ့ၾကဘူး။ ရွိေပမယ့္နည္း တယ္။

ဒါေပမယ့္ ျမန္မာနည္းျပအသစ္ကေရာ၊ လႊမ္းမိုး မႈေတြရွိေနဦးမွာလား၊ ဟိုလူထည့္ကစားရမယ္၊ ဒီလူထည့္ကစားရမယ္ဆိုတဲ့ အမိန္႕တစ္ခု ေအာက္မွာရွိေနဦးမွာလား၊ ဒါကလည္းတစ္ေၾကာင္းေပါ့ေနာ္။ အရင္ကလည္းၾကားဖူးနား၀ ေလးေတြရွိေနခဲ့ဖူးေတာ့ အစဥ္အလာလမ္းေလးထဲမ်ားေရာက္သြားမလားဆိုၿပီး ေတြးမိျပန္တယ္။ ေအာင္သူမပါရင္ မျဖစ္ဘူးဆိုတာ သိတယ္၊ ဒါေပမယ့္လည္းဗ်ာ။ အသစ္တစ္ ခုအတြက္ေတာ့ ရသေလာက္ေလးေမွ်ာ္ၾကည့္ျဖစ္တဲ့သေဘာ တစ္ခု၊ ျမင္မိတဲ့အတုိင္း ေဆြးေႏြးျဖစ္တယ္ဆိုတာ ပါပဲ။

ေအာင္သူကိုလူတုိင္းသိတယ္၊ ေအာင္သူမပါရင္ဘာျဖစ္မယ္ဆိုတာ ကို ဒီနည္းျပအသစ္လပ္ထဲမွာ ျမန္မာအသင္းအေျခအေနကို လူတုိင္းမသိႏုိင္ ဘူး။ အကဲခတ္ဖို႕ မလြယ္လွဘူး။ အသင္းတုိင္းက ေအာင္သူကို မွတ္မိၾကတယ္၊ ဘယ္လိုထိန္းခ်ဳပ္ရမယ္ဆိုတာတြက္ဆထားၿပီးသားျဖစ္တယ္။ ေအာင္သူမပါရင္ ျမန္မာအသင္း အခင္းအက်င္းနဲ႕ ဘယ္လုိမ်ိဳးလာႏုိင္သလဲဆိုတာ ၿပိဳင္ဘက္ေတြအတြက္ တြက္ဆခ်င့္ခ်ိန္မႈ အပိုင္းမွာ တစ္နည္းမဟုတ္တစ္နည္းနဲ႕ အားနည္းသြားႏုိင္တယ္။

ဗ်ဴဟာတစ္ခုအရ ပံုစံအသစ္နဲ႕စမ္းသပ္သံုးစဲြမႈဟာ ဒီလိုမ်ိဳးပဲြေတြမွာ အမွားပါရင္ေတာင္ ႀကီးမားတဲ့အမွားတစ္ခုမဟုတ္ပါ ဘူး။ ေ၀ဖန္မႈေတာ့ျမင့္တက္ႏုိင္ေကာင္း ျမင့္တက္လာလိမ့္မယ္။ ဒါေပမယ့္လည္း တစ္ကယ္သြားမယ့္လမ္းအတြက္ ျမန္မာနည္းျပအသစ္အေနနဲ႕ဘယ္လုိမ်ိဳး လုပ္လာဦးမလဲဆို တာပဲသိခ်င္ေနတယ္။ ေအာင္သူပါလာမယ္ဆိုရင္ ပံုစံေဟာင္းပဲလို႕ျမင္မိၿပီး၊ ေအာင္သူမပါရင္ ေတာ့ တစ္ကယ္ရုန္းမယ့္ျမန္မာအသင္းတုိက္စစ္မွာ ဘာေတြလုိလာမလဲ၊ အျမင္မတင့္ႏုိင္ေပမယ့္ အသြင္အသစ္နဲ႕ျမန္မာတိုက္စစ္ကို ၾကည့္ခ်င္မိတယ္။
အလုပ္ျဖစ္ရင္ ဒါဟာ အျမတ္လုိ႕ယူဆႏုိင္ ၿပီး ၊ အလုပ္မျဖစ္ရင္လည္း အရံႈးမရွိတဲ့ အရင္းတစ္ခုလို႕ပဲသတ္မွတ္ ႏုိင္ပါလိမ့္မယ္…။
ဒါက ယူ-၂၃ နဲ႕ဆိုင္တာေတြထဲကတစ္ခုပါ၊ က်န္ပါေသးတယ္။ ဒီေန႕ကိစၥ အေၾကာင္းအရာပါ။

ဒီေန႕…
ျမန္မာ ယူ-၁၆ ကစားမယ့္ပဲြရွိတယ္။
ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီခဲြမွာ ကစားမွာျဖစ္တယ္။ ၿပိဳင္ဘက္က အိမ္ရွင္ အင္ဒိုနီးရွားပါ၊ ပဲြက်ပ္တယ္။ အမွားခံလုိ႕မရဘူး။ ေနာက္တစ္ဆင့္အတြက္ ျမန္မာလူငယ္ေတြဟာ ဒီပဲြမွာ ထပ္ မံၿပီးေတာ့ အသာရထားမွာျဖစ္မယ္။ အဆံုးစြန္အထိေျပာရမယ္ဆုိရင္မႏုိင္ရင္ေတာင္မွ ရံႈးလို႕ မရဘူးဆိုရမယ္။ ပထမပဲြၿပီးသြားခ်ိန္မွာ အိမ္ရွင္အင္ဒိုနီးရွားအပါအ၀င္၊ ျမန္မာနဲ႕ဗီယက္နမ္တို႕ သံုးသင္းစလံုးအႏုိင္ပဲြရထားၿပီး အမွတ္ျပည့္ သံုးမွတ္စီရထားတယ္။ ျမန္မာအတြက္ ဒီအုပ္စုမွာ အထက္မွာေျပာခဲ့တဲ့ အိမ္ရွင္အင္ဒိုနီးရွားနဲ႕ဗီယက္နမ္အျပင္ ကေမာၻဒီးယားကလည္း သတိထားစရာေကာင္းတဲ့အသင္းမ်ိဳးျဖစ္ေနတယ္ဆိုတာေတြ႕ရမွာျဖစ္တယ္၊ လူငယ္ေတြျဖစ္ လို႕ တစ္ပဲြမွာ အထိနာရင္စိတ္ဓါတ္ပိုင္းမွာ ပါထိခုိက္ႏုိင္လုိ႕ ျမန္မာလူငယ္ေတြအေနနဲ႕ အမွား မ်ားလို႕မရတဲ့ပဲြေတြမွာ သတိထားၿပီးေတာ့ရင္ဆိုင္ရမွာျဖစ္ေနတယ္။

အထူးသျဖင့္ အိမ္ရွင္ အင္ ဒိုနီးရွားနဲ႕ကစားရမယ့္ ဒီေန႕ညေနပဲြစဥ္ပါပဲ။ တစ္ဖက္မွာ ဗီယက္နမ္နဲ႕တီေမာပဲြ၊ ကေမာၻဒီးယားနဲ႕ ဖိလစ္ပိုင္ ပဲြေတြၿပီးေတာ့မွကစားရမွာျဖစ္လုိ႕ ေရြးခ်ယ္ခြင့္ေတြရွိတယ္ဆိုေပ မယ့္ ေသခ်ာတဲ့အႏိုင္ဒါမွမဟုတ္ရင္ မရံႈးေအာင္လုပ္ထားႏုိင္ပါမွ ေနာက္တစ္ဆင့္အတြက္ဆို တာ ေမွ်ာ္လင့္ခြင့္ရွိေနမွာပါ၊ ျမန္မာလူငယ္ အမ်ားစုဟာ ဒီၿပိဳင္ပဲြနဲ႕ပတ္သက္လာရင္ ေရြးထားတဲ့ကစားသမားအမ်ားစုဟာ ပဲြအေတြ႕အႀကဳံရွိၾကတယ္။ ဒါေပမယ့္ အဖြင့္ပဲြျဖစ္လုိ႕ ပဲြကစားတဲ့အခါမွာၿပိဳင္ဘက္ကို ရွိန္တာမ်ိဳးရွိသလို ပဲြေၾကာင္ေန တဲ့သူေတြလည္းပါလာၾကတာ ကြင္းထဲမွာတီေမာနဲကစားေတာ့ျမင္ေနျပန္ပါတယ္။


ပထမပဲြ ၊ လူေျပာမ်ားတယ္၊ တီေမာကိုရင္ဆိုင္ခဲ့ရာမွာ (ကံေကာင္းတယ္လုိ႕ ပဲသံုးႏႈန္းပါရ ေစ)ျမန္မာလူငယ္ ေတြအဖြင့္မွာ ဖိအားေပးႏုိင္ေပမယ့္ ေလာေနတဲ့အတြက္ တုိက္စစ္က အလုပ္မျဖစ္ခဲ့သလို ကြင္းလယ္နဲ႕ ပိုင္းမွာ ပရိသတ္အႀကိဳက္ျဖစ္ေအာင္ ကစား ႏုိင္ခဲ့တာေၾကာင့္ 3-2 နဲ႕ၿပိဳင္ကို ကပ္ၿပီးႏုိင္ခဲ့လုိ႕ အားလံုးအတြက္ စိတ္ အဟာရမျဖစ္ေပမယ့္ပီတိနဲ႕ပဲေက်နပ္ဖြယ္ရာျဖစ္ခဲ့တယ္။ တိုက္စစ္ပိုင္းနဲ႕ ခံစစ္ပိုင္းမွာ သာမက ဂိုးသမားမွာလည္း အမွားေတြပါခဲ့တာမွန္တယ္။ အားနည္းခ်က္ေတြရွိခဲ့တယ္၊အဲ့ဒါေတြကိုခဏေဘးခ်ိတ္ၿပီးက်န္တာကိုၾကည့္ရင္ ျမန္မာလူငယ္ေတြရဲ႕ လုပ္အားႏႈန္းဟာ ျပာယာခတ္ေနေပမယ့္ တစ္ကယ္တမ္းမွာ မဆုိးလွပါဘူး။

ကစားတာ ေကာင္းမြန္သလို နည္းျပျဖစ္တဲ့ ဦးညီညီလတ္ကလည္း သူ႕အသင္းကို သူ႕စိတ္ႀကိဳက္ျဖစ္ ေအာင္ တည္ေဆာက္ ထားႏုိင္ခဲ့တယ္။ လူငယ္ေတြကို စည္းကမ္းနဲ႕ကိုင္တြယ္ရာမွာ တိက်တဲ့ နည္းျပျဖစ္တာေၾကာင့္လည္း အငယ္ကစားသမားေတြရဲ႕ႀကိဳးစားအားထုတ္မႈဟာ အသိအမွတ္ ေတာ့ျပဳရမွာျဖစ္တယ္။ တစ္ခုေတာ့ ရွိတယ္။ အားနည္းခဲ့တဲ့ အရာမ်ားကို ေတာ့ အင္ဒိုနီးရွားနဲ႕ ပဲြမွာ ေသခ်ာေလးေတာ့ ျပင္ဆင္ထားပါမွအဆင္ေျပမွာျဖစ္ေနတယ္ဆိုတာလည္းထည့္ေျပာ ထားခ်င္တယ္။

ခံစစ္တန္းက ရွင္းသန္႕ေအာင္နဲ႕ ေသာ္ဇင္ထက္တုိ႕ လူကပ္တာအားနည္းခဲ့တာအထင္းသားေပၚလြင္ေနသလို ဂိုးသမားျဖစ္သူ ေနလင္းထက္က လည္း ၿပိဳင္ပဲြအေတြ႕အႀကဳံရွိေနပါရက္နဲ႕မရဲပဲကၽြဲၿပဲစီးေနသလို မ်ိဳး တြန္႕ဆုတ္တြန္႕ဆုတ္ျဖစ္ေနတာ ျမန္မာပရိသတ္ေတြၾကားမွာေတာ့ အားမလိုအားမရျဖစ္ေနတဲ့အခ်က္ပဲ။ ေတာ္ေတာ္ေလးကိုလည္း ေျပာျဖစ္ၾကတယ္။ ေပးရတဲ့ဂိုးေတြက သူ႕အမွားနဲ႕လည္းမကင္းဘူး။

ဒီေတာ့ အသံေတြထြက္လာတာ မဆန္းဘူးေလ၊ ေနလင္းထက္ ဟာ အရပ္အေမာင္းေကာင္းသေလာက္သူ႕ အေနနဲ႕ ခပ္ရဲရဲနဲ႕လက္စြမ္းျပဖို႕ ပဲြအေပၚဖိအားမသက္ေရာက္ဖို႕ လိုေနတယ္။
ၿခံဳေျပာရမယ္ဆိုရင္ ျမန္မာဟာ တီေမာကို ဖိအားေပး ႏုိင္ခဲ့တယ္၊ ဂိုးေတြသြင္းႏုိင္တယ္။ ဂိုးေတြျပန္ေပးရတယ္၊ ဒီပဲြမွာ ျမန္မာသာတယ္။ ေတာင္ပံေတြအားနည္းခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ ျဖစ္သူ ရန္ေက်ာ္စိုးကစားတာေလးေတြ၊ အသင္းကို ဦးေဆာင္ျပသြားတာေလးေတြက မဆိုးဘူးလို႕ ေျပာႏုိင္တယ္။ ဒါျမန္မာလူငယ္ေတြရဲ႕ စိတ္ဓါတ္နဲ႕အားသာခ်က္တစ္ခုပါပဲ၊


အခု ဒုတိယပဲြလာမယ္။ အိမ္ရွင္ အင္ဒိုနဲ႕ကစားရမွာျဖစ္တယ္။ ျမန္မာနဲ႕အင္ဒို နီးရွားဆိုတာလည္း အခုမွေတြ႕တာမဟုတ္ဘူး။ ေျပာရမယ္ဆုိရင္ မႏွစ္တုန္းမွာတည္းက ထိုင္း မွာက်င္းပတဲ့ AFF U-16 Championship ၿပိဳင္ပဲြမွာတည္းကေတြ႕ခဲ့ၾကတာေလ၊ အခုလိုမ်ိဳး အုပ္စုတြင္းမွာပဲေတြ႕တာပါ၊ အဲ့ဒီတုန္းက တစ္ဖက္ကို ၂-၂ စီသေရက်တယ္။ ပဲြစၿပီး 4 မိနစ္မွာ ျမန္မာေနာက္ခံေတာင္ပံကစားသမား ဥာဏ္လင္းထက္က (O.G) သြင္းတယ္၊ ဒါကို ျမန္မာအတြက္ ေနာင္ေနာင္စိုးက ပင္နယ္တီနဲ႕ျပန္ေခ်ပတယ္၊ တိုက္စစ္မွဴးျဖစ္တဲ့လမင္းေထြး က ၃၃ မိနစ္မွာ အႏိုင္ဂိုးသြင္းေပးလိုက္ေပမယ့္လည္း ပဲြၿပီးဖို႕မိနစ္ ၈၀ေလာက္မွာ ပရာဒီကာ ေခ်ပဂိုးျပန္သြင္းလို႕သေရက်ခဲ့ရတာပါ၊ မွတ္မိေနစရာေတြမ်ားေနတယ္။

အဲ့ဒီတုန္းက ယခုယွဥ္ၿပိဳင္ေနတဲ့ ယူ-၁၆ အသင္းမွာပါ၀င္ခဲ့သူေတြေတာ္ေတာ္မ်ားမ်ားပါခဲ့ၾကတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ထုိင္းမွာ လုပ္တဲ့ပဲြကို 2017 AFF U-15 Championship လို႕ အမည္ေျပာင္းခဲ့လုိ႕ပါပဲ၊ အခုအင္ဒိုနီးရွားမွာေတာ့ 2018 AFF U-16 Championship အမည္နဲ႕ ျပန္ျဖစ္သြားလို႕ ျမန္မာလူငယ္ေတြ အသက္တစ္ႏွစ္ႀကီးသြားေပမယ့္လည္း ေတာ္ေတာ္မ်ားမ်ား လက္ေရြးစင္အသင္းမွာျပန္ပါလာတာျဖစ္တယ္။

ေနလင္းထက္၊ ေကာင္းခန္႕ေက်ာ္၊ ဥာဏ္လင္း ထက္၊ ေသာ္ဇင္ထက္၊ ေနာင္ေနာင္စိုး၊ ရန္ေက်ာ္စိုး၊ ခြန္ေက်ာ္ဇင္ဟိန္း၊ လမင္းေထြး၊ ျပည့္ၿဖိဳး ေအာင္၊ ရန္ႏုိင္လင္း၊ မ်ိဳးခ်စ္ေဇာ္၊ ဟိန္းထက္စိုး၊ ၊ ေကာင္းခန္႕ေက်ာ္၊ ၿငိမ္းေဇယ်ာ၊ေ၀ယံစိုး၊ ရဲထက္ေအာင္မပါ၊ ရွင္းသန္႕ေအာင္၊ ႏုိင္ေထြး တို႕ဆိုတာလူေဟာင္းေတြပါ၊ က်န္တာကေတာ့ အသစ္ေတြျဖစ္တယ္။ ပဲြထြက္ကစားေနတဲ့ တီေမာနဲ႕ပဲြမွာပါတဲ့လူေတြဟာ လူေဟာင္းေတြျဖစ္ ၾကပါတယ္။

အင္ဒိုနီးရွားမွာလည္း ျမန္မာနဲ႕ေတြ႕ခဲ့တဲ့သူေတြျပန္ပါလာလိမ့္မယ္။ အိမ္ရွင္ျဖစ္ ေနတာေၾကာင့္ေျခစြမ္းကေတာ့ပိုမုိေတာက္ေျပာင္မယ့္သေဘာရွိတယ္။ ျမန္မာလူငယ္ေတြအဖို႕ ေတာ့ မွားလို႕မရဘူး။ မွားရင္ ဆက္သြားရမယ့္လမ္းေတြအတြက္ အခက္အခဲေတြျဖစ္လာႏိုင္ တယ္၊ မႏွစ္တုန္းကလည္း ဒီလူေတြနဲ႕ အုပ္စုအဆင့္မွာတင္က်န္ရစ္ခဲ့ၿပီးၿပီမဟုတ္ပါလား၊

ဒီ ေတာ့ အင္ဒိုလိုအသင္းကို မင္းတုိ႕လက္ထက္ေရာက္မွ ဒီအဆင့္ၿပိဳင္ပဲြမွာ ရံႈးရင္ ေက်ာ္မေကာင္း ၾကားမေကာင္းေတြျဖစ္ေနလိမ့္မယ္ကေလးေတြလို႕ပဲေျပာရမယ္နဲ႕တူတယ္၊ ဒီ နာမည္ေခါင္းစဥ္ေအာက္မွာ ျမန္မာဟာ အင္ဒိုနဲ႕ေတြ႕ခဲ့တာေတြရွိတယ္။ ႀကံဳလို႕ေျပာပါရေစ၊ 2002 မွာ AFF U-16 Championship အမည္နဲ႕ၿပိဳင္ပဲြကို စတင္က်င္းပတဲ့အခ်ိန္မွာ ျမန္မာ လူ ငယ္ေတြခ်န္ပီယံျဖစ္ခဲ့တာရွိတယ္။ အဲ့ဒီတုန္းက ျမန္မာလူငယ္ေတြဟာ အင္ဒိုနီးရွားလူငယ္ေတြ ကို 6-0 နဲ႕ႏုိင္ခဲ့ဖူးသလို၊ 2005 တုန္းကဆံုေတာ့လည္း ဒီလိုမ်ိဳး အုပ္စု တြင္းမွာ 6-1 နဲ႕ျမန္မာလူငယ္ေတြျပတ္သားစြာႏိုင္ထားခဲ့ဖူးတယ္။ 2017 မွာေတာ့ 2-2 သေရ က်ခဲ့တဲ့အုပ္စုတြင္းအေနအထားကိုေတာ့ေျပာၿပီးပါၿပီ၊ အခုေတြ႕မွာက ဒီနာမည္ေခါင္းစဥ္ ေအာက္ မွာ ျမန္မာယူ-၁၆ အသင္းဟာ အင္ဒိုနီးရွားယူ-၁၆ ကို ေလးႀကိမ္ေျမာက္ေတြ႕မွာျဖစ္ တယ္။

ဘာေတြျဖစ္လာႏုိင္မလဲ၊ ငယ္ႏုိင္လုိအသင္းျဖစ္ေနတဲ့ အင္ဒိုနီးရွားကို လက္ရွိျမန္မာ လူငယ္ေတြလက္ထပ္က်မွ အမွားခံလုိ႕မရဘူး။ ကစားအားကလည္းမကြာဘူး။ အင္ဒိုနီးရွားက တုိက္စစ္ေတာ့သြက္တယ္၊ ဖီလစ္ပိုင္ကို ၈-၀နဲ႕ အျပန္အသတ္ႏိုင္ထားတာျဖစ္ေနတယ္။ ဒီေတာ့ အင္ဒုိနီးရွားရဲ႕ျမန္ဆန္တဲ့ ပထမပိုင္း အရွိန္အဟုန္နဲ႕လာမယ့္တုိက္စစ္ကို တားဆီးႏိုင္ဖို႕ လိုအပ္တယ္။ ခံစစ္တန္းကစားသမားေတြ အမွားမမ်ားဖို႕လိုအပ္ေနတယ္။ ၿပီး ေတာ့ ဂိုးသမား ေနလင္းထက္ပါ၊ ခံစစ္အမွားပါလာရင္ ဂိုးသမားဟာ ေနာက္ဆံုးအုတ္တံတိုင္း ျဖစ္လုိ႕ သူပါထပ္မွားရင္ ျမန္မာလူငယ္ကို အားေပးမယ့္ပရိသတ္ေတြအတြက္ ေဘလ္ကုန္ရ က်ိဳးမနပ္ျဖစ္မွာျဖစ္ေနသလို အားမနာပေျပာဆုိတာမ်ိဳးကိုပါခံယူဖို႕ျပင္ဆင္ထားေစခ်င္တယ္။

ဘာပဲျဖစ္ျဖစ္ပါ၊ ဒီေန႕မွာေတာ့ ျမန္မာလူငယ္ေတြဟာ အင္ဒိုနီးရွားကို အမွားမပါပဲနဲ႕ကစားႏုိင္ မယ္ဆိုတာ ယံုၾကည္ထားမိတယ္။ ရုပ္သံကေနၿပီးေတာ့မျပတဲ့အတြက္ ဆူညံသံမ်ားနဲ႕ ျမန္မာ ေဘာလံုးပရိသတ္အခ်ိဳ႕လည္း အခ်ိန္တန္ရင္ ဖုန္းစခရင္ဖြင့္ ေဘလ္ျဖည့္ၿပီး Facebook ကေန ျမန္မာနဲ႕အင္ဒိုနီးရွားကစားမယ့္ပဲြကို Live ရေအာင္ရွာၿပီးေတာ့ မရမက ၾကည့္ၾကဦးမွာျမင္ေယာင္ေနမိ တယ္…
ျမန္မာ…ျမန္မာ.. ဒံုး…ဒံုး..ဒံုး…

credit ထြန္းထြန္းဦး(လွိဳင္)

မနက်ဖြန်….
မနက်ဖြန်ဆိုရင် မန်းမြေမှာ 2018 Alpine Cup ကိုစတင်ပြီးတော့ကစားတော့မှာဖြစ်နေတယ်။ ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ရင်ရမယ့် ဆုကြေးက မဆိုးလှဘူး။ ကစားပျော်တယ်။ ဒါပေမယ့် ပါလာမယ့်အသင်းတိုင်းဟာ ဆုကြေးထက် ကစားအားနဲ့ကစားကွက်ကို အဓိကထားပြီးတော့စမ်းသပ်ကစားသွားမယ့်သဘောရှိနေတယ်။ နိုင်တာမနိုင်တာက နောက် မှာ ထား၊ အရေးကြီးတာက လာမယ့်ပြိုင်ပွဲအကြီးတွေမှာ ဒီအသင်းတွေ အသားတကျနဲ့ အဆင် ပြေပြေကစားနိုင်ဖို့ပဲလိုနေတယ်။

နည်းပြတိုင်းဟာ ဖလားလုပွဲထက် အသင်းလိုက်စုဖွဲ့ပြီး ပွဲမဝင်ခင်အပြင်ကကျင်းပ ဆိုတဲ့အတိုင်း ဒီပြိုင်ပွဲမှာ ပြိုင်ဘက်ကိုလည်းရင်ဆိုင် အသင်းကိုလည်း အထိုင်ကျ၊မြိုင်ဆိုင်အောင်လုပ်မယ့်သဘော တွေရှိတယ်။ ဒီတော့ အကောင်းစား ကစားဟန်တွေ ကိုမြင်ရနိုင်မလား၊ အကြိတ်အနယ်နဲ့ခွန်အားသုံးကစားပြီးတော့ ချန်ပီယံဖြစ်ရေးကို အလေးပေးကြမလားဆိုတာ တစ်ချက်တော့ သတိထားပြီးကြည့်ချင်နေမိတယ်။

ပြီးတော့ မနက်ဖြန်မှာ မြန်မာအသင်းကစားမယ့်ပွဲရှိတယ်။ မြန်မာအသင်း နဲ့ ကိုရီးယားအသင်း ကစားမယ့်ပွဲက ညနေ 6 နာရီမှာပါ၊ မြန်မာပွဲမတိုင်ခင်မှာ ဘာရိန်းနဲ့ ထိုင်းအသင်းကစားမယ့်ပွဲအရင်လာမှာဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနဲ့ကစားရမယ့်အသင်းတွေချည်းဖြစ်နေတာကြောင့် တစ်ပွဲမှကို လက်လွတ်ခံ လို့မရဘူးဆိုရမယ်။ အချိန်ကလည်း တစ်ကယ့်အချိန်ကောင်း ပထမပွဲဖြစ်တဲ့ ဘာရိန်းနဲ့ထိုင်းပွဲဟာ ညနေ သုံးနာရီမှာစတင်ကစား မှာဖြစ်တယ်။ ဒီပွဲပြီးမှ မြန်မာပွဲ ဆက်ကစားမှာဆိုတော့ အရှိန်လေးတွေရနေချိန်မှာ ရန်ကုန်နဲ့မန်းဘောလုံးပရိသတ်တွေအတွက် တစ်ကယ့်ကို ပွဲကြီးပွဲကောင်းကြည့်ရမယ့်အချိန်အခါဖြစ်နေတယ်။ ပြီးတော့ အထက်မှာပြောခဲ့သလိုပဲ၊ ဒီပြိုင်ပွဲမှာ အသင်းတိုင်းဟာ ဆုကြေးထက်ကစားသမားတွေ အတွက်ပြိုင်ပွဲအတွေ့အကြုံကိုလိုချင်လို့လာပြိုင်ကြတာဖြစ်တယ်ဆိုတာ ငြင်းလို့တော့မရဘူး ဆိုရမှာဖြစ်တယ်။

အဲ့ဒီအထဲမှာ မြန်မာအသင်းပါနေတယ်၊ မြန်မာအသင်းဟာ ဘယ်လမ်းကို ရွေးမှာတဲ့လဲ၊ အိမ်ရှင်လည်းဖြစ်နေတယ်။ ရှုံးလို့ကလည်းမဖြစ်ဘူး။ နောက်တစ်ချက်က ကစား သမားတွေဟာ မြန်မာပရိသတ်တွေအရှေ့မှာ ကစားရမှာဖြစ်နေတာကြောင့် ဖိအားပိုပြီးတော့ များတယ်ဆိုတာပါပဲ။ နည်းပြကတော့ ပွဲမတိုင်ခင်မှာတည်းကပြောထားတယ်၊ ဒီပွဲအပေါ်မှာ အကောင်ဆုံးကစားမယ်၊ ဒီပွဲထက်အရေးပါတဲ့ ပွဲရှိနေသေးတယ်။

သြဂုတ်လဝက် 15 ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် 2018 အာရှ အားကစားပွဲတော်ရှိနေတယ်။ အဲ့ဒီမှာ မြန်မာခြေစွမ်း အစစ်အမှန်ကိုမြင်ရမယ့်သဘောပဲ၊ လောလောဆယ်တော့ အယ်လ်ပိုင်းဖလားကစားမယ့် မြန်မာ ယူ -၂၃ အသင်းမှာ အလေး ပေးကြည့်ချင်မိတာဟာ အောင်သူပါ၊ အသင်းနဲ့လာ ပူးပေါင်းတာ နောက်ကျတယ်၊ ပြိုင်ပွဲစဖို့ နှစ်ရက်အလိုမှ ရောက်လာတယ်၊ ဒီတော့ အောင်သူ အနေအထားက ဘယ်လိုမျိုးရှိနေမလဲ၊ ကြံ့ခိုင်မှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အနေအထားက အစ သူ့မှာ ဖြစ်ပျက်နေတဲ့လတ်တလောအနေအထားကို မေးခွန်းထုတ်ချင်တယ်။

အောင်သူဟာ မြန်မာဘောလုံးအသင်းရဲ့ အထွန်းတောက်ဆုံးကြယ်ပွင့်ကစားသမားဖြစ် တယ်၊ ကစားတာလည်းကောင်းတယ်၊ ရုန်းအား၊ သက်လုံ၊ အရွယ်၊ခွန်အားကအစ၊ ဘောလုံးနည်းစနစ်ပိုင်းမှာလည်း အားလုံးကောင်းမွန်တယ်။ ပြောစရာမလိုဘူး၊ အရွယ်ငယ် ငယ်နဲ့ နေရာရတယ်၊ အခုပြည်ပထွက်ကစားနေတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးသဘောကျပြီး မြန်မာဘောလုံးပရိသတ်ချစ်တဲ့ ဘောလုံးသမားဖြစ်တယ်။

သူဟာမြန်မာအသင်းရဲ့တိုက်စစ် ကို ဦးဆောင်သူ၊ အနိုင်ပွဲတွေကို ဖန်တီးသူတစ်ယောက်၊ အရွယ်ငယ်ပြီး နိုင်ငံတကာ အတွေ့အကြုံအများဆုံးကစားသမားဟာ 2018 အယ်လ်ပိုင်းဖလားပွဲမှာ မြန်မာယူ-၂၃ အတွက်ပြန်လာပြီ၊ မနက်ဖြန်တိုက်ပွဲဝင်မယ်။ လတ်လောသူ့အနေအထားက ဘယ်လိုမျိုးဖြစ်နေသလဲ၊ နည်းပြဖြစ် သူကရော ဒီလိုမျိုး ဖိတ်ခေါ်ခြေစမ်းပွဲအတွက် ဘယ်လောက် အထိမျှော်လင့်ထားသလဲ၊ အနာ ဂတ်ဘောလုံးအသင်းအောင်မြင်ရေးအတွက် ဘယ်အတိုင်းအတာအထိ ရည်ရွယ်ထားသလဲ ဆိုတာသိချင်နေတယ်။

ပြီးတော့ နည်းပြကိုကြည့်ချင်တယ်။ အဲ့ဒါကတော့ ဖြစ်နိုင်ချေနည်းပါးပေမယ့်လည်း သူ့ပြောစကား တွေကို အခြေခံပြီး အကောက်အယူပြုကာ မြင်မိထားတာက အောင်သူမပါပဲ မြန်မာအသင်းကိုတည်ဆောက်လာမလားဆိုတဲ့ နည်းပြကြီးရဲ့ ပုံစံအသစ်ကိုပါပဲ၊ အောင်သူကို မသုံးရင်တော့ ပရိသတ်နဲ့ နည်းပြကြီးကြားမှာ လုံးဝကိုမတူညီကွဲပြားမှုတွေရှိလာနိုင် တယ်။ တစ်ကယ်လို့ သူ့အလုပ်သူ့လုပ်မယ်။ အောင်သူကို အဓိကထားသည်ဖြစ်စေ၊ မထားသည်ဖြစ် စေ၊ နည်းပြကြီး ရည်ရွယ်ထားတဲ့လမ်းကြောင်း တစ်ခုမှာ အောင်သူရဲ့အားကို အပြည့်အဝယူငင် ထုတ်သုံးဖို့ ရည်ရွယ်လာတယ်ဆိုရင် မြန်မာအသင်းဟာကျွန်တော်တို့တွေ မြင်တွေ့ချင်တဲ့ အောင်သူဦးဆောင်လာမယ့် မြန်မာယူ-၂၃ ဖြစ်နေလိမ့်မယ်။

ဒီလိုမှမဟုတ်ပဲ၊ မြန်မာယူ-၂၃ အသင်းတိုက်စစ်ကို အောင်သူမရှိပဲ ၊ အောင်သူမပါပဲနဲ့ သွားကြည့်ရလောက်အောင် စွန့်စားခန်းတွေကို ပြိုင်ပွဲတွေရဲ့ အချိန်တစ်ခုစီမှာ သုံးရင် ဒါဟာ အလုပ်ဖြစ်နိုင်မလား၊ အောင်သူမရှိတဲ့မြန်မာအသင်းဟာ Plan B အဖြစ် အသက်ဝင်လာနိုင်မလား၊ အောင်သူအားကိုးပြီး ကစားနေတဲ့ ဟန်ကိုဖျောက်လိုက်ရင် ပုံစံတစ်ခုနဲ့ ဆိုရင် ဘယ်လိုမျိုးစခန်းသွားနိုင်မလဲဆိုတာ သိချင်နေတယ်။ သူမပါရင်တိုက်စစ်က ထက်မြတ်မှုနည်းသွားဖို့ရာခိုင်နှုန်းများ နိုင်မှန်းတော့သိတယ်၊ ဒါပေမယ့် နည်းပြအသစ်လက်ထဲမှာ အောင်သူမပါပဲကျန်တဲ့ ကစားသမားတွေရဲ့ရုန်းအားဟာ ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ။ ( အရင်ဆုံးပရိသတ်ရဲ့ အော်ဟစ်ဆူပူမှုတွေဟာ နေရာအနှံ့ဆူညံသွားမှာသေချာတယ်)

ပြီးတော့ အောင်သူပါလာတဲ့မြန်မာကစားကွက် ကို အားလုံးကအလွတ်ရနေပြီ၊ အောင်သူမပါတဲ့အခါ ယူ-၂၃ တိုက်စစ်ဟာ ဘယ်လိုမျိုးရှိနေမလဲဆိုတာ ဒီ နည်းပြလက်ထဲမှာ အလေးပေးကြည့်ချင်မိတယ်။ ဒါမှလည်း နောက်ထပ်တစ်မျိုးနဲ့ မြန်မာအသင်းရဲ့ စစ်မှန်တဲ့ အသင်းလိုက်စုဖွဲ့မှုတိုက်စစ်သွားရာလမ်းကြောင်းဟာ အကောင်းဆုံးဖြစ်ဖို့ထပ်မျှော်လင့်နိုင် စရာရှိမယ်ထင်နေတယ်။ အယ်လ်ပိုင်းဖလားပွဲမှာ အောင်သူမထင်မှတ်ပဲ အနာတရထိခိုက်မိလို့ ဘောလုံးမကစားနိုင်ရင်မလွယ်ဘူး။

ဒီတော့ မြန်မာအသင်းအဓိက ကစားသမားဒဏ်ရာထိမှာစိုးတာရယ်၊ ပြီးတော့ အောင်သူပါမှမြန်မာအသင်းတိုက်စစ်အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အတွေးတွေခဏဘေးဖယ်ကြည့်မိပြီး သူမပါရင်ဘာဖြစ်လာနိုင်မလဲဆိုတာ ဂျာမန်နည်းပြချုပ် ဟေးလ်နဲ့ ဦးစိုးမြတ်မင်းတို့ စီမံထားတဲ့ ကစားကွက်အခင်းအကျင်းအသစ်ဖြစ်ခဲ့ရင် အဲ့ဒီအပေါ်ရင်ခုန်မိတယ်၊ ပွဲတိုင်းတော့မဟုတ်ပါဘူး။ အောင်သူလို အသင်းအတွက် အားကိုးရတဲ့ ကစားသမားမျိုးကို ချန်မထားရဲကြပါဘူး။ အောင်သူလက်ရွေးစင်ကစားသမားဖြစ်လာချိန်မှာ ဘယ်နည်းပြကမှ အောင်သူကို ချန်ထားပြီးတော့ ပြိုင်ပွဲ တွေ မှာ အရဲစွန့်ပြီး မကစားရဲခဲ့ကြဘူး။ ရှိပေမယ့်နည်း တယ်။

ဒါပေမယ့် မြန်မာနည်းပြအသစ်ကရော၊ လွှမ်းမိုး မှုတွေရှိနေဦးမှာလား၊ ဟိုလူထည့်ကစားရမယ်၊ ဒီလူထည့်ကစားရမယ်ဆိုတဲ့ အမိန့်တစ်ခု အောက်မှာရှိနေဦးမှာလား၊ ဒါကလည်းတစ်ကြောင်းပေါ့နော်။ အရင်ကလည်းကြားဖူးနား၀ လေးတွေရှိနေခဲ့ဖူးတော့ အစဉ်အလာလမ်းလေးထဲများရောက်သွားမလားဆိုပြီး တွေးမိပြန်တယ်။ အောင်သူမပါရင် မဖြစ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့်လည်းဗျာ။ အသစ်တစ် ခုအတွက်တော့ ရသလောက်လေးမျှော်ကြည့်ဖြစ်တဲ့သဘော တစ်ခု၊ မြင်မိတဲ့အတိုင်း ဆွေးနွေးဖြစ်တယ်ဆိုတာ ပါပဲ။

အောင်သူကိုလူတိုင်းသိတယ်၊ အောင်သူမပါရင်ဘာဖြစ်မယ်ဆိုတာ ကို ဒီနည်းပြအသစ်လပ်ထဲမှာ မြန်မာအသင်းအခြေအနေကို လူတိုင်းမသိနိုင် ဘူး။ အကဲခတ်ဖို့ မလွယ်လှဘူး။ အသင်းတိုင်းက အောင်သူကို မှတ်မိကြတယ်၊ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာတွက်ဆထားပြီးသားဖြစ်တယ်။ အောင်သူမပါရင် မြန်မာအသင်း အခင်းအကျင်းနဲ့ ဘယ်လိုမျိုးလာနိုင်သလဲဆိုတာ ပြိုင်ဘက်တွေအတွက် တွက်ဆချင့်ချိန်မှု အပိုင်းမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ အားနည်းသွားနိုင်တယ်။

ဗျူဟာတစ်ခုအရ ပုံစံအသစ်နဲ့စမ်းသပ်သုံးစွဲမှုဟာ ဒီလိုမျိုးပွဲတွေမှာ အမှားပါရင်တောင် ကြီးမားတဲ့အမှားတစ်ခုမဟုတ်ပါ ဘူး။ ဝေဖန်မှုတော့မြင့်တက်နိုင်ကောင်း မြင့်တက်လာလိမ့်မယ်။ ဒါပေမယ့်လည်း တစ်ကယ်သွားမယ့်လမ်းအတွက် မြန်မာနည်းပြအသစ်အနေနဲ့ဘယ်လိုမျိုး လုပ်လာဦးမလဲဆို တာပဲသိချင်နေတယ်။ အောင်သူပါလာမယ်ဆိုရင် ပုံစံဟောင်းပဲလို့မြင်မိပြီး၊ အောင်သူမပါရင် တော့ တစ်ကယ်ရုန်းမယ့်မြန်မာအသင်းတိုက်စစ်မှာ ဘာတွေလိုလာမလဲ၊ အမြင်မတင့်နိုင်ပေမယ့် အသွင်အသစ်နဲ့မြန်မာတိုက်စစ်ကို ကြည့်ချင်မိတယ်။
အလုပ်ဖြစ်ရင် ဒါဟာ အမြတ်လို့ယူဆနိုင် ပြီး ၊ အလုပ်မဖြစ်ရင်လည်း အရှုံးမရှိတဲ့ အရင်းတစ်ခုလို့ပဲသတ်မှတ် နိုင်ပါလိမ့်မယ်…။
ဒါက ယူ-၂၃ နဲ့ဆိုင်တာတွေထဲကတစ်ခုပါ၊ ကျန်ပါသေးတယ်။ ဒီနေ့ကိစ္စ အကြောင်းအရာပါ။

ဒီနေ့…
မြန်မာ ယူ-၁၆ ကစားမယ့်ပွဲရှိတယ်။
မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ကစားမှာဖြစ်တယ်။ ပြိုင်ဘက်က အိမ်ရှင် အင်ဒိုနီးရှားပါ၊ ပွဲကျပ်တယ်။ အမှားခံလို့မရဘူး။ နောက်တစ်ဆင့်အတွက် မြန်မာလူငယ်တွေဟာ ဒီပွဲမှာ ထပ် မံပြီးတော့ အသာရထားမှာဖြစ်မယ်။ အဆုံးစွန်အထိပြောရမယ်ဆိုရင်မနိုင်ရင်တောင်မှ ရှုံးလို့ မရဘူးဆိုရမယ်။ ပထမပွဲပြီးသွားချိန်မှာ အိမ်ရှင်အင်ဒိုနီးရှားအပါအဝင်၊ မြန်မာနဲ့ဗီယက်နမ်တို့ သုံးသင်းစလုံးအနိုင်ပွဲရထားပြီး အမှတ်ပြည့် သုံးမှတ်စီရထားတယ်။ မြန်မာအတွက် ဒီအုပ်စုမှာ အထက်မှာပြောခဲ့တဲ့ အိမ်ရှင်အင်ဒိုနီးရှားနဲ့ဗီယက်နမ်အပြင် ကမ္ဘောဒီးယားကလည်း သတိထားစရာကောင်းတဲ့အသင်းမျိုးဖြစ်နေတယ်ဆိုတာတွေ့ရမှာဖြစ်တယ်၊ လူငယ်တွေဖြစ် လို့ တစ်ပွဲမှာ အထိနာရင်စိတ်ဓါတ်ပိုင်းမှာ ပါထိခိုက်နိုင်လို့ မြန်မာလူငယ်တွေအနေနဲ့ အမှား များလို့မရတဲ့ပွဲတွေမှာ သတိထားပြီးတော့ရင်ဆိုင်ရမှာဖြစ်နေတယ်။

အထူးသဖြင့် အိမ်ရှင် အင် ဒိုနီးရှားနဲ့ကစားရမယ့် ဒီနေ့ညနေပွဲစဉ်ပါပဲ။ တစ်ဖက်မှာ ဗီယက်နမ်နဲ့တီမောပွဲ၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင် ပွဲတွေပြီးတော့မှကစားရမှာဖြစ်လို့ ရွေးချယ်ခွင့်တွေရှိတယ်ဆိုပေ မယ့် သေချာတဲ့အနိုင်ဒါမှမဟုတ်ရင် မရှုံးအောင်လုပ်ထားနိုင်ပါမှ နောက်တစ်ဆင့်အတွက်ဆို တာ မျှော်လင့်ခွင့်ရှိနေမှာပါ၊ မြန်မာလူငယ် အများစုဟာ ဒီပြိုင်ပွဲနဲ့ပတ်သက်လာရင် ရွေးထားတဲ့ကစားသမားအများစုဟာ ပွဲအတွေ့အကြုံရှိကြတယ်။ ဒါပေမယ့် အဖွင့်ပွဲဖြစ်လို့ ပွဲကစားတဲ့အခါမှာပြိုင်ဘက်ကို ရှိန်တာမျိုးရှိသလို ပွဲကြောင်နေ တဲ့သူတွေလည်းပါလာကြတာ ကွင်းထဲမှာတီမောနဲကစားတော့မြင်နေပြန်ပါတယ်။

ပထမပွဲ ၊ လူပြောများတယ်၊ တီမောကိုရင်ဆိုင်ခဲ့ရာမှာ (ကံကောင်းတယ်လို့ ပဲသုံးနှုန်းပါရ စေ)မြန်မာလူငယ် တွေအဖွင့်မှာ ဖိအားပေးနိုင်ပေမယ့် လောနေတဲ့အတွက် တိုက်စစ်က အလုပ်မဖြစ်ခဲ့သလို ကွင်းလယ်နဲ့ ပိုင်းမှာ ပရိသတ်အကြိုက်ဖြစ်အောင် ကစား နိုင်ခဲ့တာကြောင့် 3-2 နဲ့ပြိုင်ကို ကပ်ပြီးနိုင်ခဲ့လို့ အားလုံးအတွက် စိတ် အဟာရမဖြစ်ပေမယ့်ပီတိနဲ့ပဲကျေနပ်ဖွယ်ရာဖြစ်ခဲ့တယ်။ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ သာမက ဂိုးသမားမှာလည်း အမှားတွေပါခဲ့တာမှန်တယ်။ အားနည်းချက်တွေရှိခဲ့တယ်၊အဲ့ဒါတွေကိုခဏဘေးချိတ်ပြီးကျန်တာကိုကြည့်ရင် မြန်မာလူငယ်တွေရဲ့ လုပ်အားနှုန်းဟာ ပြာယာခတ်နေပေမယ့် တစ်ကယ်တမ်းမှာ မဆိုးလှပါဘူး။

ကစားတာ ကောင်းမွန်သလို နည်းပြဖြစ်တဲ့ ဦးညီညီလတ်ကလည်း သူ့အသင်းကို သူ့စိတ်ကြိုက်ဖြစ် အောင် တည်ဆောက် ထားနိုင်ခဲ့တယ်။ လူငယ်တွေကို စည်းကမ်းနဲ့ကိုင်တွယ်ရာမှာ တိကျတဲ့ နည်းပြဖြစ်တာကြောင့်လည်း အငယ်ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုဟာ အသိအမှတ် တော့ပြုရမှာဖြစ်တယ်။ တစ်ခုတော့ ရှိတယ်။ အားနည်းခဲ့တဲ့ အရာများကို တော့ အင်ဒိုနီးရှားနဲ့ ပွဲမှာ သေချာလေးတော့ ပြင်ဆင်ထားပါမှအဆင်ပြေမှာဖြစ်နေတယ်ဆိုတာလည်းထည့်ပြော ထားချင်တယ်။

ခံစစ်တန်းက ရှင်းသန့်အောင်နဲ့ သော်ဇင်ထက်တို့ လူကပ်တာအားနည်းခဲ့တာအထင်းသားပေါ်လွင်နေသလို ဂိုးသမားဖြစ်သူ နေလင်းထက်က လည်း ပြိုင်ပွဲအတွေ့အကြုံရှိနေပါရက်နဲ့မရဲပဲကျွဲပြဲစီးနေသလို မျိုး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ မြန်မာပရိသတ်တွေကြားမှာတော့ အားမလိုအားမရဖြစ်နေတဲ့အချက်ပဲ။ တော်တော်လေးကိုလည်း ပြောဖြစ်ကြတယ်။ ပေးရတဲ့ဂိုးတွေက သူ့အမှားနဲ့လည်းမကင်းဘူး။

ဒီတော့ အသံတွေထွက်လာတာ မဆန်းဘူးလေ၊ နေလင်းထက် ဟာ အရပ်အမောင်းကောင်းသလောက်သူ့ အနေနဲ့ ခပ်ရဲရဲနဲ့လက်စွမ်းပြဖို့ ပွဲအပေါ်ဖိအားမသက်ရောက်ဖို့ လိုနေတယ်။
ခြုံပြောရမယ်ဆိုရင် မြန်မာဟာ တီမောကို ဖိအားပေး နိုင်ခဲ့တယ်၊ ဂိုးတွေသွင်းနိုင်တယ်။ ဂိုးတွေပြန်ပေးရတယ်၊ ဒီပွဲမှာ မြန်မာသာတယ်။ တောင်ပံတွေအားနည်းခဲ့ပေမယ့် အသင်းခေါင်းဆောင် ဖြစ်သူ ရန်ကျော်စိုးကစားတာလေးတွေ၊ အသင်းကို ဦးဆောင်ပြသွားတာလေးတွေက မဆိုးဘူးလို့ ပြောနိုင်တယ်။ ဒါမြန်မာလူငယ်တွေရဲ့ စိတ်ဓါတ်နဲ့အားသာချက်တစ်ခုပါပဲ၊

အခု ဒုတိယပွဲလာမယ်။ အိမ်ရှင် အင်ဒိုနဲ့ကစားရမှာဖြစ်တယ်။ မြန်မာနဲ့အင်ဒို နီးရှားဆိုတာလည်း အခုမှတွေ့တာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် မနှစ်တုန်းမှာတည်းက ထိုင်း မှာကျင်းပတဲ့ AFF U-16 Championship ပြိုင်ပွဲမှာတည်းကတွေ့ခဲ့ကြတာလေ၊ အခုလိုမျိုး အုပ်စုတွင်းမှာပဲတွေ့တာပါ၊ အဲ့ဒီတုန်းက တစ်ဖက်ကို ၂-၂ စီသရေကျတယ်။ ပွဲစပြီး 4 မိနစ်မှာ မြန်မာနောက်ခံတောင်ပံကစားသမား ဉာဏ်လင်းထက်က (O.G) သွင်းတယ်၊ ဒါကို မြန်မာအတွက် နောင်နောင်စိုးက ပင်နယ်တီနဲ့ပြန်ချေပတယ်၊ တိုက်စစ်မှူးဖြစ်တဲ့လမင်းထွေး က ၃၃ မိနစ်မှာ အနိုင်ဂိုးသွင်းပေးလိုက်ပေမယ့်လည်း ပွဲပြီးဖို့မိနစ် ၈၀လောက်မှာ ပရာဒီကာ ချေပဂိုးပြန်သွင်းလို့သရေကျခဲ့ရတာပါ၊ မှတ်မိနေစရာတွေများနေတယ်။

အဲ့ဒီတုန်းက ယခုယှဉ်ပြိုင်နေတဲ့ ယူ-၁၆ အသင်းမှာပါဝင်ခဲ့သူတွေတော်တော်များများပါခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ ထိုင်းမှာ လုပ်တဲ့ပွဲကို 2017 AFF U-15 Championship လို့ အမည်ပြောင်းခဲ့လို့ပါပဲ၊ အခုအင်ဒိုနီးရှားမှာတော့ 2018 AFF U-16 Championship အမည်နဲ့ ပြန်ဖြစ်သွားလို့ မြန်မာလူငယ်တွေ အသက်တစ်နှစ်ကြီးသွားပေမယ့်လည်း တော်တော်များများ လက်ရွေးစင်အသင်းမှာပြန်ပါလာတာဖြစ်တယ်။

နေလင်းထက်၊ ကောင်းခန့်ကျော်၊ ဉာဏ်လင်း ထက်၊ သော်ဇင်ထက်၊ နောင်နောင်စိုး၊ ရန်ကျော်စိုး၊ ခွန်ကျော်ဇင်ဟိန်း၊ လမင်းထွေး၊ ပြည့်ဖြိုး အောင်၊ ရန်နိုင်လင်း၊ မျိုးချစ်ဇော်၊ ဟိန်းထက်စိုး၊ ၊ ကောင်းခန့်ကျော်၊ ငြိမ်းဇေယျာ၊ဝေယံစိုး၊ ရဲထက်အောင်မပါ၊ ရှင်းသန့်အောင်၊ နိုင်ထွေး တို့ဆိုတာလူဟောင်းတွေပါ၊ ကျန်တာကတော့ အသစ်တွေဖြစ်တယ်။ ပွဲထွက်ကစားနေတဲ့ တီမောနဲ့ပွဲမှာပါတဲ့လူတွေဟာ လူဟောင်းတွေဖြစ် ကြပါတယ်။

အင်ဒိုနီးရှားမှာလည်း မြန်မာနဲ့တွေ့ခဲ့တဲ့သူတွေပြန်ပါလာလိမ့်မယ်။ အိမ်ရှင်ဖြစ် နေတာကြောင့်ခြေစွမ်းကတော့ပိုမိုတောက်ပြောင်မယ့်သဘောရှိတယ်။ မြန်မာလူငယ်တွေအဖို့ တော့ မှားလို့မရဘူး။ မှားရင် ဆက်သွားရမယ့်လမ်းတွေအတွက် အခက်အခဲတွေဖြစ်လာနိုင် တယ်၊ မနှစ်တုန်းကလည်း ဒီလူတွေနဲ့ အုပ်စုအဆင့်မှာတင်ကျန်ရစ်ခဲ့ပြီးပြီမဟုတ်ပါလား၊

ဒီ တော့ အင်ဒိုလိုအသင်းကို မင်းတို့လက်ထက်ရောက်မှ ဒီအဆင့်ပြိုင်ပွဲမှာ ရှုံးရင် ကျော်မကောင်း ကြားမကောင်းတွေဖြစ်နေလိမ့်မယ်ကလေးတွေလို့ပဲပြောရမယ်နဲ့တူတယ်၊ ဒီ နာမည်ခေါင်းစဉ်အောက်မှာ မြန်မာဟာ အင်ဒိုနဲ့တွေ့ခဲ့တာတွေရှိတယ်။ ကြုံလို့ပြောပါရစေ၊ 2002 မှာ AFF U-16 Championship အမည်နဲ့ပြိုင်ပွဲကို စတင်ကျင်းပတဲ့အချိန်မှာ မြန်မာ လူ ငယ်တွေချန်ပီယံဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီတုန်းက မြန်မာလူငယ်တွေဟာ အင်ဒိုနီးရှားလူငယ်တွေ ကို 6-0 နဲ့နိုင်ခဲ့ဖူးသလို၊ 2005 တုန်းကဆုံတော့လည်း ဒီလိုမျိုး အုပ်စု တွင်းမှာ 6-1 နဲ့မြန်မာလူငယ်တွေပြတ်သားစွာနိုင်ထားခဲ့ဖူးတယ်။ 2017 မှာတော့ 2-2 သရေ ကျခဲ့တဲ့အုပ်စုတွင်းအနေအထားကိုတော့ပြောပြီးပါပြီ၊ အခုတွေ့မှာက ဒီနာမည်ခေါင်းစဉ် အောက် မှာ မြန်မာယူ-၁၆ အသင်းဟာ အင်ဒိုနီးရှားယူ-၁၆ ကို လေးကြိမ်မြောက်တွေ့မှာဖြစ် တယ်။

ဘာတွေဖြစ်လာနိုင်မလဲ၊ ငယ်နိုင်လိုအသင်းဖြစ်နေတဲ့ အင်ဒိုနီးရှားကို လက်ရှိမြန်မာ လူငယ်တွေလက်ထပ်ကျမှ အမှားခံလို့မရဘူး။ ကစားအားကလည်းမကွာဘူး။ အင်ဒိုနီးရှားက တိုက်စစ်တော့သွက်တယ်၊ ဖီလစ်ပိုင်ကို ၈-ဝနဲ့ အပြန်အသတ်နိုင်ထားတာဖြစ်နေတယ်။ ဒီတော့ အင်ဒိုနီးရှားရဲ့မြန်ဆန်တဲ့ ပထမပိုင်း အရှိန်အဟုန်နဲ့လာမယ့်တိုက်စစ်ကို တားဆီးနိုင်ဖို့ လိုအပ်တယ်။ ခံစစ်တန်းကစားသမားတွေ အမှားမများဖို့လိုအပ်နေတယ်။ ပြီး တော့ ဂိုးသမား နေလင်းထက်ပါ၊ ခံစစ်အမှားပါလာရင် ဂိုးသမားဟာ နောက်ဆုံးအုတ်တံတိုင်း ဖြစ်လို့ သူပါထပ်မှားရင် မြန်မာလူငယ်ကို အားပေးမယ့်ပရိသတ်တွေအတွက် ဘေလ်ကုန်ရ ကျိုးမနပ်ဖြစ်မှာဖြစ်နေသလို အားမနာပပြောဆိုတာမျိုးကိုပါခံယူဖို့ပြင်ဆင်ထားစေချင်တယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ ဒီနေ့မှာတော့ မြန်မာလူငယ်တွေဟာ အင်ဒိုနီးရှားကို အမှားမပါပဲနဲ့ကစားနိုင် မယ်ဆိုတာ ယုံကြည်ထားမိတယ်။ ရုပ်သံကနေပြီးတော့မပြတဲ့အတွက် ဆူညံသံများနဲ့ မြန်မာ ဘောလုံးပရိသတ်အချို့လည်း အချိန်တန်ရင် ဖုန်းစခရင်ဖွင့် ဘေလ်ဖြည့်ပြီး Facebook ကနေ မြန်မာနဲ့အင်ဒိုနီးရှားကစားမယ့်ပွဲကို Live ရအောင်ရှာပြီးတော့ မရမက ကြည့်ကြဦးမှာမြင်ယောင်နေမိ တယ်…
မြန်မာ…မြန်မာ.. ဒုံး…ဒုံး..ဒုံး…

credit ထွန်းထွန်းဦး(လှိုင်)