ဒီတစ်ကြိမ်စပိန်လက်ရွေးစင်အသင်းမှာဂျော်ဒီအယ်လ်ဘာကိုဘာကြောင့်ချန်ထားခဲ့သလဲ

ဘာစီလိုနာကစားသမား ဂျော်ဒီအယ်လ်ဘာဟာ စပိန်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အဖြစ် ကစားနေတာ (၇)နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဂျော်ဒီအယ်လ်ဘာဟာ စပိန်အသင်းနည်းပြ အန်းနရစ် ရွေးချယ်တဲ့ လက်ရွေးစင်လူစာရင်းကနေ ချပ်လှပ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းက ဟူစ်ကာအသင်းကို (၈)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုရင် ဂျော်ဒီအယ်လ်ဘာ ဟာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး (၁)ဂိုး သွင်းယူပေးခဲ့ပါတယ်။

နေမာထွက်ခွာသွားပြီးကတည်းက ဂျော်ဒီအယ်လ်ဘာဟာ ဘယ်နောက်ခံနေရာသာမက ဘယ်တောင်ပံ ထိပါလိုက်ပါကစားပြီး ခြေစွမ်းပြပေးနေတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တောင်ပံမှာ တိုက်စစ်ထိ လိုက်ပါကစားခြင်းဟာ သူ့အတွက် ပိုကောင်းကြောင်း ဝန်ခံပြောကြားခဲ့ ပါသေးတယ်။ လက်ရှိချိန်ထိ ဂျော်ဒီအယ်လ်ဘာဟာ ဂိုးဖန်တီးမှု စွမ်းဆောင်ရာမှာလည်း တခြားနောက်ခံလူတွေထက် ပိုပြီးသာလွန်နေတာဖြစ်ပါတယ်။ ဂျော်ဒီအယ်လ်ဘာရဲ့ ခြေစွမ်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတာ အသိသာပါပဲ။

ပြီးခဲ့တဲ့ရာသီကဆိုရင် ဂျော်ဒီအယ်လ်ဘာဟာ မက်ဆီတစ်ယောက်တည်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ မက်ဆီအတွက် တကယ်တမ်းလိုအပ်နေတဲ့ အချိန်တွေ မှာဖြည့်ပြီး ကစားပေးခဲ့တာ ဂျော်ဒီအယ်လ်ဘာဖြစ်ပါတယ်။ ဂျော်ဒီအယ်လ်ဘာရဲ့ ဘောလုံးထိန်းသိမ်းမှု ၊ တိကျမှုနဲ့ ခံစစ်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မှုဟာ စပိန်အသင်း အတွက်လည်း အထောက်အကူပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၇)နှစ် လက်ရွေးစင်အဖြစ် စတင်ပါဝင်ကစားခွင့်ရတဲ့ အချိန်ကတည်း ဂျော်ဒီအယ်လ်ဘာ ရဲ့ ခြေစွမ်းနဲ့ အရေးပါမှုကို စပိန်ပြည်သူတွေလည်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ လက်ရွေးစင် အသင်းမှာ ပုံမှန်မြင်တွေ့နေကျ ကစားသမားတစ်ယောက် ဒီတစ်ကြိမ်မှာ ပါမလာခြင်းက အားလုံးကို အံ့အားသင့် စေခဲ့ပါတယ်။

“ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် တကယ်ပဲ အံ့သြသွားရတယ်။ ကျွန်တော်မျှော်လင့်ခဲ့တာက ဒါမျိုးမဟုတ်ဘူးလေ။ ဘာလို့ ကျွန်တော်မပါလဲ မတွေးတတ်ဘူး။ ကျွန်တော် ဘယ်အချိန် ခြေစွမ်း ကျသွားလဲ။ ဘယ်အချိန်ခြေစွမ်းကောင်းလဲ ဆိုတာကိုတော့ သိပါတယ်။ လက်ရွေးစင်အသင်း အတွက်ကစားပေးချင်ပေမယ့်လည်း ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားမှုရှိရမယ်။ လောလောဆယ် မားကို့စ်အလွန်ဆိုနဲ့ လူးဝစ်ဂါယာတို့ ဝင်ကစားပေးလိမ့်မယ် ။ သူတို့လည်း ကစားသမားကောင်းတွေပါပဲ။ နည်းပြမခေါ်လို့လည်း ကျွန်တော် စိတ်ဓာတ်ကျတာမျိုးမဖြစ်ပါဘူး။ ဘယ်သူနဲ့မှလည်း ကျွန်တော် ပြဿနာမရှိပါဘူး။ ” လို့ ဂျော်ဒီအယ်လ်ဘာကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်တုန်းက ဘာစီလိုနာအသင်း ချန်ပီယံလိဂ်မှာ ခြေချော်လက်ချော်ဖြစ်တုန်းက တောင် စပိန်အသင်းနည်းပြ အန်းနရစ်ဟာ သူ့ကို ထောက်ခံအားပေးခဲ့ပါသေးတယ်။ လက်ရှိချိန်မှာ တော့ အန်းနရစ်ဟာ ဂျော်ဒီအယ်လ်ဘာကို လူစာရင်းမှ ချပ်လှပ်ခဲ့သလို ဘာလို့ ချပ်လှပ်ခဲ့လဲဆိုတာကိုပင် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သေချာတာကတော့ ဘာစီလိုနာမှာခြေစွာနေတဲ့ ဂျော်ဒီအယ်လ်ဘာကို ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ချပ်လှပ်ခဲ့ပြီဖြစ်ပါတယ်။

ဂျော်ဒီအယ်လ်ဘာကို လူစာရင်းမှ ချပ်လှပ်ခဲ့ခြင်းကတော့ စပိန်ပရိသတ်တွေအတွက် ဝေဝါးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။

credit