ရံႈးမွာကိုမေၾကာက္ဘူး ျမန္မာ၊ တိုးတက္မလာမွာကိုပဲ …

တစ္ခုေမးၾကည့္ခ်င္ပါတယ္၊ ေတာင္ကိုရီးယားနဲ႕ကစားသြားတဲ့ျမန္မာအသင္း၊ ပထမပိုင္းျမန္မာ နဲ႕ ဒုတိယပိုင္းျမန္မာ၊ ဘယ္အသင္းကို ပိုသေဘာေတြ႕သလဲ၊ ရွင္းပါတယ္၊ ဂိုးသြင္းႏုိင္တဲ့ ဒုတိယပိုင္းျမန္မာကိုပိုႀကိဳက္တာေပါ့လို႕ေျဖၾကပါလိမ့္မယ္။ ျမန္မာႏွစ္သင္းျဖစ္ေနတယ္။

အထူး သျဖင့္တုိက္စစ္သြားတာေကာင္းတဲ့ လူစံုတဲ့ ဒုတိယပိုင္းျမန္မာကိုလူေတြပိုႀကိဳက္ၾကတယ္၊ ပထမ ပိုင္းျမန္မာ ဂိုးျပတ္နဲ႕ေတာင္ကိုရီးယားကို ရံႈးလို႕ လူေတြသေဘာမေတြ႕ဘူး၊ မေကာင္း ဘူးတဲ့၊ ဟုတ္တာေပါ့၊ ဘယ္ေကာင္းပါ့မလဲ၊ ရံႈးလိုက္တာမွေသာက္ေသာက္လဲပဲ၊ ဂိုးေတြလည္း ေပးရတယ္၊ ခံစစ္ကလည္း ညံ့ခ်က္၊ 9 ေလာက္ေတာင္ရွိတယ္လုိ႕ ေခတ္စကားနဲ႕ေျပာရမလို ပါပဲ၊ ဟုတ္ပါတယ္၊ ျမန္မာအသင္း ပထမပိုင္းကစားတာမေကာင္းသလုိတုိက္စစ္သြားတာလည္း မေကာင္းခဲ့ဘူး။ ျမန္မာအစစ္မ ဟုတ္ ဘူး၊ နည္းျပေတြအတြက္ စမ္းသပ္ေနတဲ့ ပံုစံနဲ႕စနစ္တစ္ခုျဖစ္တယ္။ အသံုးမတည့္ခဲ့ေပ မယ့္လိုခ်င္တာေလးေတြေတာ့ရလုိက္မိမယ္တယ္။

ဒီပဲြက သိပ္ကို အဖိုးတန္တယ္၊ ျမန္မာအသင္းအတြက္ေတာ့ အာရွထိပ္သီးအသင္းတစ္သင္းနဲ႕ေျခစမ္း ရသလိုမ်ိဳးကို ေတာင္ကိုရီးယား ယူ-၁၉ အသင္းနဲ႕ေျခစမ္းရတယ္ဆိုတာ နည္းတဲ့အေတြ႕အႀကံဳ မွမဟုတ္တာ၊ ပရိသတ္အခ်ိဳ႕က အိမ္ကြင္းမွာ ျမန္မာႏုိင္မွျဖစ္မယ္ဆိုတဲ့ စိတ္နဲ႕အားထည့္ၾကည့္တယ္၊ မွန္တယ္၊ ပရိသတ္ဆိုတာ ႏုိင္ဖုိ႕တစ္ခုတည္းအတြက္ ေမွ်ာ္လင့္ ခ်က္ေတြ ရင္ဘတ္ထဲကိုထည့္ၿပီးၾကည့္တဲ့ သူေတြ၊ ေအာင္ႏုိင္ေရးဆိုတာ ပရိတ္သတ္အတြက္ ေတာ့ ေရႊပဲ၊ ဒါေပမယ့္ အသင္းအတြက္ျပန္ၾကည့္ရင္ ဒီပဲြကေျခစမ္းပဲြသက္သက္၊ အေတြ႕အႀကဳံ ရယူဖို႕သက္သက္ျဖစ္တယ္။

စမ္းသပ္ျခင္းမ်ားစြာက အႏုိင္ရဖို႕ထက္ အေရးပါ ေနတယ္၊ ကၽြန္ေတာ္ေျပာအၿမဲေျပာေနခဲ့သလိုပဲ၊ ႏုိင္ဖို႕ထက္ ဘာထပ္လုပ္ႏုိင္မလဲဆိုတာ အကဲ ခတ္ရမယ့္အခ်ိန္မ်ိဳးျဖစ္ေနတယ္။ အိမ္ရွင္ျဖစ္လုိ႕ ေျခစမ္းပဲြမွာ ဖလားရရမယ္ဆိုလိုတာမ်ိဳးကို ခဏဖယ္ထားပါ၊ ရလဒ္ကိုဖယ္ၿပီး ေျခစြမ္းကို ၾကည့္မိခဲ့ၾကတဲ့ေတာင္ကိုရီးယားနဲ႕ျမန္မာရဲ႕အေနအထားကို အားေပးသူ ပရိသတ္ေတြအေနနဲ႕သိၾကပါလိမ့္မယ္။

ျမန္မာနဲ႕ေတာင္ကိုရီးယားေျခစြမ္းပိုင္းမွာ ဘာေတြကြာဟသြားပါသလဲ၊ ေအာင္သူမပါဘူးဆိုတာ လည္းကၽြန္ေတာ္ ဟာ ေအာင္သူနဲ႕ မနက္ျဖန္၊ ျမန္မာနဲ႕ ဒီေန႕ဆိုတဲ့ ေခါင္းစဥ္တစ္ခုေအာက္ မွာ ေျပာခဲ့ၿပီးၿပီ၊ ေအာင္သူပါျခင္းမပါျခင္းထက္ ျမန္မာအသင္းကစားဟန္နဲ႕ကစားကြက္တည္ ေဆာက္မႈ အပိုင္းဟာ နည္းျပေဟးလ္နဲ႕ ဦးစိုးျမတ္မင္းအတြက္ ဘယ္ေလာက္ေတာင္မ်ား အေျပာင္းအလဲတစ္ခုျဖစ္လာေစမလဲဆိုတာ သံုးသပ္ေပးခဲ့တာပါ၊ ထင္တဲ့အတုိင္းပဲ၊ ေအာင္သူ မပါေတာ့တိုက္စစ္မွာ ျမန္မာအသင္းအတြက္အလုပ္မျဖစ္ခဲ့တာမ်ားသလို၊လူသစ္အခ်ိဳ႕ရဲ႕ အသားမက်မႈမ်ားက အသင္းအတြက္ လုိရမေရာက္တဲ့တုိက္စစ္ကို အမွားမ်ားေစခဲ့တာပဲရွိခဲ့ ရတယ္မဟုတ္ပါလား၊ ထံုးစံအတုိင္းျမန္တယ္၊ မာတယ္၊ ဆိုတာကလြဲရင္ ျမန္မာအသင္းဟာ ပထမပိုင္းမွာ ျပာယာခတ္ေနတာနဲ႕ပဲ ကန္ခြင့္ ဂိုးေပါက္တည့္တာမ်ိဳးရခဲ့တာမွမဟုတ္တာ၊ ကြင္း လယ္ခ်ိတ္ဆက္မႈ ဖရိုဖရဲျဖစ္ခဲ့သလို၊ ေမာင္ေမာင္လြင္နဲ႕ဟိန္းၿဖိဳး၀င္းဘက္အျခမ္းဟာ ျမန္ၿပီး ေတာ့ ေဘာလံုးဆံုးရံႈးတာမ်ားခဲ့လို႕ အလုပ္ျဖစ္ေပမယ့္လည္း အရာမေရာက္ခဲ့ဘူး။

အထူးသျဖင့္ ခ်ိတ္ဆက္မႈအပိုင္းမွာ အားနည္းခဲ့ရတာပါပဲ၊ ဟိန္းၿဖိဳး၀င္းနဲ႕မင္းေက်ာ္ခန္႕တုိ႕ရဲ႕ မလုိလားအပ္တဲ့ၾကမ္းတမ္းမႈေတြဟာ အၾကည့္ရ အရုပ္ဆိုးေစတယ္။ ဟိန္းၿဖိဳး၀င္းကစားအားရွိ တယ္၊ မွန္တယ္၊ ဒါေပမယ့္ငယ္ေသးေတာ့ ရမ္းခ်င္တယ္။  ဒါကိုျပင္ဆင္ရမယ္၊ ပါးနပ္ဖို႕လိုအပ္တယ္။ ျမန္မာကို ေတာင္ကိုရီးယားက သာသာယာယာနဲ႕ကစားသြားတယ္၊ ျမန္မာတုိက္စစ္အလုပ္မျဖစ္သလို ၊ စည္သူေအာင္ကလည္း ပံုမွန္ေျခေအာက္ေရာက္ေနခဲ့ၿပီး အေတြ႕အႀကဳံမ်ားတဲ့ ေဒြးကိုကိုခ်စ္ တုိ႕လည္း ခ်ိတ္ဆက္မႈထုိးေဖာက္မႈကိုေဘာလံုးရရွိမႈနည္းတဲ့ေအာက္မွာပဲ အလုပ္မတြင္ခဲ့ဘူး။

ပိုဆိုးတာက ထက္ၿဖိဳးေ၀၊ ပဲြထြက္အဆင့္တစ္ခုေအာက္မွာ ေနရာေပးထားခံရေပမယ့္လည္း အသင္းနဲ႕အံကိုက္မျဖစ္မႈေတြကသူ႕ကို အခက္ေတြ႕ေစတယ္၊ အထူးသျဖင့္ အရြယ္ငယ္ၿပီး အေကာင္ႀကီးတဲ့ေ တာင္ကိုရီးယားလူငယ္ေတြရဲ႕ အားနဲ႕ ရုန္းကန္မႈကို မေက်ာ္ျဖတ္ႏုိင္တာ ျမန္မာတစ္သင္းလံုးလိုလုိပါပဲ၊ ပထမဂိုး၊ အရြယ္အစားကြာသလုိ ေနရာယူပံျခင္းအပိုင္းမွာ အာရွ နဲ႕အေရွ႕ေတာင္အာရွၾကားမွာ ျခားနားသြားတဲ့ အယူအဆဟာ ကြက္ကြက္ကြင္းကြင္းျပသသြား  တာျမင္ရမယ္၊ လူၾကားထဲကေနၿပီးေတာ့ အားသံုးၿပီးေခါင္းတုိက္သြားတယ္၊ ဒုတိယဂိုး၊ ထုိက္ထုိက္ေအာင္နဲ႕ဟိန္းၿဖိဳး၀င္းၾကားကထဲကေနၿပီးထြက္သြားတာကို ပါးပါးနပ္နပ္ကန္သြင္း ျပသြားတယ္၊ ျမန္မာေနာက္ခံလူေတြက်န္ရစ္ခဲ့တယ္၊ အရွိန္နဲ႕အံကိုက္တုိး၀င္မႈအားကို မထိန္း လိုက္ႏုိင္ဘူး။

ဒါေတြဟာ အာရွဖလား ၿပိဳင္ပဲြမွာ ႀကံဳရမယ့္၊ေတြ႕ရမယ့္ သင္ခန္းစာေတြပါ၊ အခ်ိန္ျပည့္ပထမပိုင္းတစ္ပိုင္းလံုးထုိးေဖာက္ၿပီးေတာ့ ဂိုးေတြပါျပတ္သားေအာင္သြင္းျပထား တဲ့ ေတာင္ကိုရီးယားဟာ ေအးေအးေဆးေဆးပဲ ကစားသြားတာပါ၊ တစ္သင္းလံုး အရပ္အေမာင္ း ေကာင္းတယ္။ ရုန္းႏုိင္တယ္၊ အကြက္ေစ့တယ္၊ ျမန္မာကစားသမား ႏွစ္ေယာက္ေလာက္ကို အသာေလးေက်ာ္ထြက္သြားႏုိင္တဲ့အားမ်ိဳးရွိတယ္၊ ေတာင္ကိုရီးယားလက္ေရြးစင္အသင္းႀကီး ထက္ကြာတာဆိုလုိ႕ ျမန္ႏႈန္းနဲ႕တိက်တဲ့အေပးအပို႕အပိုင္းေလာက္ပဲရွိတယ္။

ကစားသမား ေနရာယူပါးနပ္မႈအားနည္းတယ္ဆိုေပမယ့္လည္း အသင္းလုိက္ခ်ိတ္ဆက္မႈအပိုင္းဟာ ကစား သမားတုိင္း အတုယူဖို႕ေကာင္းတဲ့အခ်က္လုိ႕ဆုိရမယ္။ မွားတာေတြရွိတာေတာင္ ျမန္မာအသင္းက ပိုအားနည္းၿပီး ဟာကြက္မ်ားလို႕ ေတာင္ကိုရီးယားဟာ ဖိနင္းကစားသြားတာ ျဖစ္တယ္။

ေအာင္သူတို႕ အီစိုးတို႕၀င္လာတဲ့ ဒုတိယပိုင္းမွာ ျမန္မာတုိက္စစ္ဟာ အရင္လုိျပန္ျဖစ္တယ္။ ျမန္လာတယ္၊ ထုိးေဖာက္ႏုိင္ခြင့္ပိုရတယ္၊ အရွိန္ေလးပါတင္ႏုိင္ေတာ့ ျမန္မာမဆိုးဘူးေပါ့။ ခက္ တာက ျမန္မာတုိက္စစ္နဲ႕ကြင္းလယ္မွာ ခ်ိတ္ဆက္မႈကေတာ့အားနည္းေနတုန္းပဲ၊ ေမာင္ေမာင္ လြင္ဟာ အေတြ႕အႀကံဳအရင့္ဆံုးကစားသမားေတြထဲမွာပါတယ္၊ ဒါေပမယ့္ သူကိုယ္တုိင္က ခ်ိတ္ဆက္ဖို႕ထက္ တစ္ကိုယ္ေတာ္ ထုိးေဖာက္ဖို႕ အာရံုေရာက္ေနတယ္။ သူ႕ဆီက ျဖတ္တင္ ေဘာေတြ သိပ္ေကာင္းေကာင္းျမင္ရဘူး။

ဟိန္းၿဖိဳး၀င္းဆီကလည္း ျမင္ခ်င္တဲ့ျဖတ္တင္ေဘာ ေတြေကာင္းေကာင္းအလုပ္မျဖစ္သလို တက္လာတဲ့ေဘာလံုးေတြၾကျပန္ေတာ့ အေရွ႕မွာ အဆံုးသပ္မယ့္သူကေပ်ာက္ေနတယ္။ ျမန္မာကစားကစားဟန္ထဲမွာ ဖန္တီးသူမပါဘူး၊ ေတာင္ပံ သီးသန္နဲ႕ထုိးေဖာက္တယ္၊ ေအာင္သူတို႕၀င္လာေတာ့ ေအာင္သူနဲ႕အီစိုးက သူတို႕ ကၽြမ္းက်င္မႈနဲ႕ထုိးေဖာက္ကာ တစ္ကိုယ္ေတာ္စြန္႕စားမႈေတြနဲ႕ၿပီးေနတယ္၊ ၿပိဳင္ပဲြအစဆိုေပမယ့္လည္း တြဲလာတဲ့ေလ့က်င့္ေရးကြက္ေတြ ပံုစံေကာင္းတစ္ခုကိုမွ ခံစားရ တယ္ဆိုတာမရွိဘူး။ ခံစစ္ပိုင္းကလည္း အခုအခ်ိန္အထိ မၿငိမ္ေသးဘူး။

ပံုစံေဟာင္းအကြက္ ထဲမွာ ေရာက္ေနတုန္းပဲ၊ သူလုိလိုကိုယ္လိုလိုျဖတ္ထုတ္မႈနဲ႕ကာကြယ္မႈေတြဟာ တတိယဂိုး ေပးလိုက္ရတဲ့အေနအထားမွာ သိသာေစတယ္။ ဂိုးသမားေက်ာ္ဇင္ထက္အမွားပါသလုိ၊ ကစား သမားေတြၾကားမွာနားလည္မႈေလးေတြကလည္း ေျပာစရာျဖစ္ေစတယ္။ ေဇာ္မင္းထြန္းနဲ႕ထုိက္ ထုိက္ေအာင္ၾကားမွာ ကြက္လပ္ကေပၚေနတုန္းပဲ၊ လွႈိင္းဘုိဘိုရဲ႕အေ၀းကန္ခ်က္ေတြမွာ စိုးရိမ္ စိတ္ေတြမ်ားေနတယ္။ ၿပီးေတာ့ အသားတက်မျဖစ္တဲ့ တြဲဖက္ရဲေဘာ္ေတြၾကားမွာ သူလည္း ေျခစြမ္းေပ်ာက္ေနခဲ့ေတာ့ အလုပ္မျဖစ္တာလည္းမဆန္းဘူး၊

ဒီပဲြမွာ ျမန္မာေတြဂိုးျပန္ရတယ္၊  တစ္ဖက္က ကစားသမားေတြ ဒဏ္ရာမၾကာခဏရသြားၿပီး ကစားအားခ်တဲ့အခ်ိန္မွာ ျပန္ရတဲ့ ဂိုးေတြ အဆင့္ရွိတယ္ဆိုေပမယ့္ တစ္ကယ့္ၿပိဳင္ပဲြမွာျမန္မာအေနနဲ႕ ျပင္ဆင္ရမွာေတြမနည္းဘူး လို႕ဆိုခ်င္တယ္။ (ဆန္ရင္းပဲနာနာဖြတ္ပါရေစ၊ အသက္လြန္နဲ႕ အရြယ္လြန္ကိစၥေတြကို ခဏ ေမ့ ထားခ်င္ေသးတယ္။ )

အထူးသျဖင့္ ေအာင္သူမပါတဲ့တုိက္စစ္၊ ခံစစ္တန္းၿငိမ္ေအာင္ ကြင္းလယ္ခံစစ္အားျဖည့္တင္း ေပးမယ့္ ကစားသမားအျပင္ ျမန္မာအသင္းအားသန္တဲ့ တစ္ခ်က္ထိ ကစားဟန္နဲ႕တရစပ္ အတင္းအၾကမ္း၀င္တိုးကာ ထုိးေဖာက္တုိက္စစ္ဆင္တာမ်ိဳးေတြဟာ ဂ်ာမန္နည္းျပႀကီးလက္ ထဲမွာ ထင္သေလာက္မေတြ႕ရေသးဘူး၊ ေတာင္ပံတုိက္စစ္ေတြကို အလြန္အားကိုးၿပီးေတာ့  အတိုေပးကစားဟန္ေတြေလ်ာ့ခ်ထားတဲ့ 4-4-2၊ 4-5-1နဲ႕ 4-3-3 လိုသလုိေျပာင္းလဲသြားတဲ့ ကစားဟန္ဟာ ၾကည့္ရတာ အရသာရွိေပမယ့္ ခံတြင္းေတာ့ သိပ္မေတြ႕ေသးဘူး။

(ပထမပိုင္းနဲ႕ ဒုတိယပိုင္း အေနအထားမွာေတာ့ ျမန္မာအသင္းႏွစ္သင္းျဖစ္ေနတာေတာ့ သေဘာက်တယ္။ ဒုတိယပိုင္း ျမန္မာပိုၿပီးေတာ့ေကာင္းမြန္တယ္၊ ပရိသတ္လည္းသိတယ္။ အဲ့ဒီအသင္းက တိုက္ပဲြ၀င္မယ့္ျမန္မာအသင္းအစစ္ျဖစ္လာ မယ္၊ ပထမပိုင္းျမန္မာအသင္းက စမ္းသပ္သံုးစြဲတဲ့အသင္း၊ Plan B အတြက္ ျမန္မာရဲ႕ ပထမ ပိုင္းေအာင္သူမပါတဲ့၊ အီစိုးမပါတဲ့ စနစ္ဟာ အလုပ္ျဖစ္ဖို႕ၾကာမယ့္သေဘာရွိတယ္။ တိုက္စစ္ သြားႏုိင္စြမ္းေတြမရွိသေလာက္ပဲ၊ ဒါကို ျဖည့္ဖို႕လိုအပ္ေနေသးတယ္၊ ပရိသတ္ေတြကလည္း စမ္းသပ္သံုးစြဲမႈကို နားလည္သေဘာေပါက္ထားသင့္တယ္ )

ၿပီးေတာ့ ဒီလုိမ်ိဳးပဲြမွာ ရလဒ္ကို မၾကည့္ၾကပါနဲ႕၊ ျမန္မာအသင္းဘာလုပ္ႏုိင္သလဲဆိုတာ ပဲၾကည့္ေပးေစခ်င္တာပါ၊ အခုမွ ျမန္မာနည္းျပႀကီး အတြက္ ျမန္မာပဲြကို ကိုင္တြယ္တာ 2 ပဲြ ေျမာက္ျဖစ္တယ္။ မွားေနဦးမွာပဲ၊ လိုခ်င္တာကို သြားဖုိ႕အခ်ိန္ေပးေနရတုန္းမွာပါပဲ၊ ကစားသမားေတြ အေနနဲ႕လည္း နားလည္မႈေကာင္းကိုတည္ေဆာက္ေနရဦးမွာပါပဲ၊ အသက္ အရြယ္ေတြကလည္း စကားေျပာေနရဦးမွာပါပဲ၊ ျမန္မာအသင္းမွာ လိုအပ္တာေတြရွိတယ္၊ ျဖည့္ေတြးေပးေနရတယ္။

ႏုိင္ငံတကာစံႏႈန္းနဲ႕တုိင္းတာၿပီးေတာ့ျမင္ရတဲ့အျမင္ေတြကို ျမန္မာ နဲ႕ပတ္သက္လာရင္ေလ်ာ့ၿပီးေတာ့ၾကည့္ေပးေနရတုန္းပဲ၊ ေတာင္ကိုရီးယားလူငယ္ေတြ ကစားတာျမင္ေတာ့ သူတို႕ေတြကို ျမန္မာအသင္းလုိမ်ိဳးသြားျမင္ၿပီးေတာ့ ခံစားသက္၀င္မိတဲ့ အခါ ပီတိျဖစ္ထြန္းရတယ္၊ ေအာ္.. ငါတုိ႕ျမန္မာ အသင္းလည္း ဒါမ်ိဳးဆိုသိပ္ေကာင္းမွာပဲဆိုတဲ့ စိတ္ေလးနဲ႕ ကိုယ့္ကိုယ္ကိုယ္ေျဖသာေနမိတယ္။

ေအာင္သူပါမွျဖစ္မွာပါ ဆိုတဲ့အေတြးေတြမွန္တယ္၊ ေအာင္သူမရွိရင္ျမန္မာတိုက္စစ္အလုပ္မ တြင္ဘူး။ အီစိုးသပ္သပ္ ၊ ေအာင္သူ သပ္သပ္ အေနအထားလည္းျပင္ရမယ္၊ ဒီႏွစ္ေယာက္ စလံုး လုပ္အားႏႈန္းေကာင္းတယ္၊ ေအာင္သူဟာ ေတာင္ကိုရီးယားနဲ႕ပဲြမွာ ႀကံ႕ခိုင္မႈအပိုင္း  အားနည္းေနတယ္၊ ရုန္းတာမွန္ေပမယ့္ ေအာင္သူအစစ္မဟုတ္သလုိပဲ၊ ေဘာလံုးျပန္လုတာ ေတြ တုိးထြက္တာေတြမွာ သူေကာင္းေကာင္းကစားႏုိင္တာမ်ိဳးမဟုတ္ေသးဘူး။ ၿပီးေတာ့ ဒီ လုိမ်ိဳးပဲြမွာ ဂိုးသမားေက်ာ္ဇင္ထက္ကို ေခၚသြားဖို႕သံုးတာလား၊ ဒါကိုရည္ရြယ္တယ္ဆိုရင္ အငယ္ဂိုးသမားေလးေတြကို ဘာေၾကာင့္အရန္ထိုင္ခိုင္းထားသလား၊ အေတြ႕အႀကဳံရဖို႕ အတြက္ အရန္ခံုဟာ အေကာင္းဆံုးအေနအထားလား။

ဒါမွဟုတ္ရင္က်န္တဲ့ပဲြေတြအတြက္ ထည့္ျဖည့္သံုးစမ္းမွာလား၊ မသံုးရင္ေတာ့အလကားျဖစ္မယ္လို႕ျမင္တယ္၊ ငယ္ရြယ္ၿပီး ေနာက္တစ္ဆင့္သြားမယ့္ျမန္မာအသင္းသားေတြဟာ ႏုိင္ငံတကာပဲြ ေတြ႕ႀကဳံဆိုတာ  ဒီလိုမ်ိဳး အခ်ိန္မွ မရရင္ ေနာက္ထပ္ရဖို႕ဆိုတာ လြယ္မွာမဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ ေက်ာ္ဇင္ထက္ ကို သံုးတာ ရည္ရြယ္ခ်က္ရွိတာမွန္တယ္၊ အငယ္ေတြကိုလည္းျပန္ၿပီးေတာ့ လက္က်န္ အျခားပဲြေတြမွာေနရာ ေပးသင့္တယ္လုိ႕ျမင္တယ္။

ရံႈးတာကို၊ ရံႈးမွာကို မေၾကာက္ဘူး။ အရံႈးဆိုတာ ျမန္မာအတြက္ ယဥ္ပါးၿပီးသား စကားလံုး တစ္ခုပါ၊ ပဲြတစ္ပဲြမွာ ရံႈးရင္ ေ၀ဖန္ခံရမယ္၊ ေ၀ဖန္ခံရဲရမယ္၊ ပရိသတ္ဆူတာ ခံႏိုင္ရမယ္၊  အမွားကိုျပန္သံုးသပ္ႏုိင္ရမယ္၊ ၿပီးေတာ့  ဒီၿပိဳင္ပြဲကေနၿပီးေတာ့ ျမန္မာအသင္းအတြက္ ဘာရမလဲဆိုတာပဲ ၾကည့္ခ်င္မိတာပါ။ ႏုိင္ဖို႕ကစားတယ္ဆိုတဲ့ ခံယူခ်က္ ဒီမွာမဟုတ္ေသးဘူး၊ တစ္ကယ့္ၿပိဳင္ပဲြအစစ္ေတြမွာ လုပ္ရ မွာပါ၊ ဂိုးမရလည္း ရွက္စရာမဟုတ္ဘူး။

ရံႈးခဲ့တဲ့ပဲြမွာ ဘာကိုျပန္ျပင္ႏုိင္မလဲ၊ ဘာကို ေကာင္းမြန္ ေအာင္လုပ္ျပရင္အဆင္မေျပမလဲဆိုတာမ်ိဳးနဲ႕ သိသာတဲ့ေျပာင္းလဲမႈမ်ိဳးကို သာေတြ႕ခ်င္မိေန တယ္။ ျမန္မာဟာ ျမန္မာပါပဲ။ ျမန္မာအသင္းပီသစြာလာပါလိမ့္မယ္၊ ျမန္မာအသင္းၾကည္မွ်စြာ ေသာ အသံမ်ားနဲ႕ အားေပးျဖစ္ေနဦးမွာပါ၊

ၿပီးေတာ့ေနာက္ပဲြေတြမွာ အငယ္ေတြကို ဦးစားေပးသံုးေစခ်င္တယ္၊ အသက္ေက်ာ္ကစားသမား ေတြရဲ႕ အားကို သိတယ္၊ ကစားဟန္ကိုသိတယ္၊ သူတုိ႕မပါပဲနဲ႕ လည္း ဒီအတုိင္းသီးသန္႕သြားေစခ်င္ေသးတယ္။ ယူ-၂၃ အသင္းအစစ္ကို အမွန္အားျဖင့္ သိ ခ်င္ျမင္ခ်င္မိတယ္။ ကုိယ့္ထက္ အားႀကီးတဲ့အသင္းေတြကိုရံႈးတာရွက္စရာမဟုတ္ဘူး။

အဲ့ဒီ အသင္းေတြနဲ႕ကစားလို႕ရံႈးၿပီး မိနစ္ ၉၀ အတြင္းမွာ ရယူႏုိင္လုိက္တဲ့ အရာေတြကို ျပန္ၿပီး ေတာ့ သံုးသပ္ဆင္ျခင္ႏုိင္ဖို႕နဲ႕ ေကာင္းတာကိုယူျပဖို႕ပါပဲ၊ ကစားသမားတစ္ေယာက္ အတြက္ ၿပိဳင္ပဲြအေတြ႕အႀကဳံဟာ သိပ္ကိုအေရးႀကီးသလို အမွားေတြကို ျပန္သံုးသပ္ကာအေကာင္းဆံုး အေျဖထုတ္ႏုိင္ဖို႕ပါပဲ၊ ဘာပဲျဖစ္ျဖစ္ ဒါဟာ နည္းျပသစ္အတြက္ အစရဲ႕အစျဖစ္သလို၊ ကစား သမားအငယ္ေတြအတြက္လည္း အရံႈးေပၚမွာ ရယူႏုိင္မယ့္ သင္ခန္းစာျဖစ္တယ္။ (ဘာရိန္းနဲ႕ပဲြ က်န္တယ္၊ ထုိင္းနဲ႕ပဲြက်န္တယ္၊ ဘာပဲျဖစ္ျဖစ္ ဒီပဲြေတြအေပၚမွာလည္းျမန္မာ အတြက္ ရယူ ႏုိင္မယ့္ပဲြအေတြ႕အႀကဳံဟာ ဘယ္ေလာက္မ်ား အာရွအားကစားပဲြေတာ္အတြက္၊ ဆူဇီကီးဖလားပဲြအတြက္ အေထာက္အပံ့ေကာင္းေတြျဖစ္လာမလဲဆိုတာ ၾကည့္ရမွာျဖစ္တယ္ ဆိုတာပါပဲ။ )

ႏုိင္ဖို႕ကို မလိုအပ္ဘူး။ ဂိုးသြင္းႏုိင္မွျဖစ္မယ္ဆုိတာ အေရးမႀကီးေသးဘူး။ တစ္ဖက္ရဲ႕ ဖိအား ေပးတုိက္စစ္ေတြကို စနစ္က်နဲ႕စြာနဲ႕ခုခံေတာ္လွန္ႏုိင္မယ့္ ဟန္မ်ိဳးကိုပဲျမင္ခ်င္မိတယ္။ ေတာင္ ကိုရီးယားကို ျပန္တုိက္ခိုက္ႏုိင္တဲ့ ဟန္နဲ႕စနစ္မ်ိဳးကို ေနာက္ပဲြေတြမွာ ခပ္မ်ားမ်ားျမင္ရမယ္၊ ျမန္မာယူ-၂၃ လုပ္ျပႏုိင္မယ္ဆိုရင္ တာ၀န္ရွိသူေတြ ေငြကုန္ေၾကးက်ခံၿပီး က်င္းပေပးတဲ့ ဒီၿပိဳင္ ပဲြ လုပ္ရက်ိဳးနပ္သြားလိမ့္မယ္ဆိုတာပါပဲ။ ၿပီးေတာ့ ပရိသတ္ေတြအတြက္လည္း ပီတိျဖစ္ရ ေစမယ့္ ခံစားခ်က္မ်ိဳး ေပးစြမ္းႏုိင္လိမ့္မယ္လို႕ထင္မိတယ္။

တစ္ကယ္ေတာ့ရံႈးမွာကို မေၾကာက္ မိပါဘူး။ တိုးတက္မလာမွာကိုပဲ စိုးရိမ္စိတ္ႀကီးေနမိတာပါ၊ အခ်ိန္ေတြကုန္ခဲ့တယ္၊ လူေတြ ပင္ ပန္းခဲ့တယ္၊ ေမွ်ာ္မွန္းခ်က္ေတြအတုိင္းမေရာက္ရင္ေန၊ ေျဖသာမယ့္ေဆးေပးဖို႕ပဲ လိုခ်င္ခဲ့မိ တာပါ။ ဒီအတြက္ ျမန္မာက ဘာလဲ၊ ဘယ္လဲ၊ ေမးၾကည့္ခ်င္မိတယ္။ ရင္ခုန္မိေနတုန္းပဲ ျမန္မာ၊ ဟုတ္တယ္၊ ရင္ခုန္မိေနတုန္းပဲ ျမန္မာရယ္….

credit

တစ်ခုမေးကြည့်ချင်ပါတယ်၊ တောင်ကိုရီးယားနဲ့ကစားသွားတဲ့မြန်မာအသင်း၊ ပထမပိုင်းမြန်မာ နဲ့ ဒုတိယပိုင်းမြန်မာ၊ ဘယ်အသင်းကို ပိုသဘောတွေ့သလဲ၊ ရှင်းပါတယ်၊ ဂိုးသွင်းနိုင်တဲ့ ဒုတိယပိုင်းမြန်မာကိုပိုကြိုက်တာပေါ့လို့ဖြေကြပါလိမ့်မယ်။ မြန်မာနှစ်သင်းဖြစ်နေတယ်။

အထူး သဖြင့်တိုက်စစ်သွားတာကောင်းတဲ့ လူစုံတဲ့ ဒုတိယပိုင်းမြန်မာကိုလူတွေပိုကြိုက်ကြတယ်၊ ပထမ ပိုင်းမြန်မာ ဂိုးပြတ်နဲ့တောင်ကိုရီးယားကို ရှုံးလို့ လူတွေသဘောမတွေ့ဘူး၊ မကောင်း ဘူးတဲ့၊ ဟုတ်တာပေါ့၊ ဘယ်ကောင်းပါ့မလဲ၊ ရှုံးလိုက်တာမှသောက်သောက်လဲပဲ၊ ဂိုးတွေလည်း ပေးရတယ်၊ ခံစစ်ကလည်း ညံ့ချက်၊ 9 လောက်တောင်ရှိတယ်လို့ ခေတ်စကားနဲ့ပြောရမလို ပါပဲ၊ ဟုတ်ပါတယ်၊ မြန်မာအသင်း ပထမပိုင်းကစားတာမကောင်းသလိုတိုက်စစ်သွားတာလည်း မကောင်းခဲ့ဘူး။ မြန်မာအစစ်မ ဟုတ် ဘူး၊ နည်းပြတွေအတွက် စမ်းသပ်နေတဲ့ ပုံစံနဲ့စနစ်တစ်ခုဖြစ်တယ်။ အသုံးမတည့်ခဲ့ပေ မယ့်လိုချင်တာလေးတွေတော့ရလိုက်မိမယ်တယ်။

ဒီပွဲက သိပ်ကို အဖိုးတန်တယ်၊ မြန်မာအသင်းအတွက်တော့ အာရှထိပ်သီးအသင်းတစ်သင်းနဲ့ခြေစမ်း ရသလိုမျိုးကို တောင်ကိုရီးယား ယူ-၁၉ အသင်းနဲ့ခြေစမ်းရတယ်ဆိုတာ နည်းတဲ့အတွေ့အကြုံ မှမဟုတ်တာ၊ ပရိသတ်အချို့က အိမ်ကွင်းမှာ မြန်မာနိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့အားထည့်ကြည့်တယ်၊ မှန်တယ်၊ ပရိသတ်ဆိုတာ နိုင်ဖို့တစ်ခုတည်းအတွက် မျှော်လင့် ချက်တွေ ရင်ဘတ်ထဲကိုထည့်ပြီးကြည့်တဲ့ သူတွေ၊ အောင်နိုင်ရေးဆိုတာ ပရိတ်သတ်အတွက် တော့ ရွှေပဲ၊ ဒါပေမယ့် အသင်းအတွက်ပြန်ကြည့်ရင် ဒီပွဲကခြေစမ်းပွဲသက်သက်၊ အတွေ့အကြုံ ရယူဖို့သက်သက်ဖြစ်တယ်။

စမ်းသပ်ခြင်းများစွာက အနိုင်ရဖို့ထက် အရေးပါ နေတယ်၊ ကျွန်တော်ပြောအမြဲပြောနေခဲ့သလိုပဲ၊ နိုင်ဖို့ထက် ဘာထပ်လုပ်နိုင်မလဲဆိုတာ အကဲ ခတ်ရမယ့်အချိန်မျိုးဖြစ်နေတယ်။ အိမ်ရှင်ဖြစ်လို့ ခြေစမ်းပွဲမှာ ဖလားရရမယ်ဆိုလိုတာမျိုးကို ခဏဖယ်ထားပါ၊ ရလဒ်ကိုဖယ်ပြီး ခြေစွမ်းကို ကြည့်မိခဲ့ကြတဲ့တောင်ကိုရီးယားနဲ့မြန်မာရဲ့အနေအထားကို အားပေးသူ ပရိသတ်တွေအနေနဲ့သိကြပါလိမ့်မယ်။

မြန်မာနဲ့တောင်ကိုရီးယားခြေစွမ်းပိုင်းမှာ ဘာတွေကွာဟသွားပါသလဲ၊ အောင်သူမပါဘူးဆိုတာ လည်းကျွန်တော် ဟာ အောင်သူနဲ့ မနက်ဖြန်၊ မြန်မာနဲ့ ဒီနေ့ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက် မှာ ပြောခဲ့ပြီးပြီ၊ အောင်သူပါခြင်းမပါခြင်းထက် မြန်မာအသင်းကစားဟန်နဲ့ကစားကွက်တည် ဆောက်မှု အပိုင်းဟာ နည်းပြဟေးလ်နဲ့ ဦးစိုးမြတ်မင်းအတွက် ဘယ်လောက်တောင်များ အပြောင်းအလဲတစ်ခုဖြစ်လာစေမလဲဆိုတာ သုံးသပ်ပေးခဲ့တာပါ၊ ထင်တဲ့အတိုင်းပဲ၊ အောင်သူ မပါတော့တိုက်စစ်မှာ မြန်မာအသင်းအတွက်အလုပ်မဖြစ်ခဲ့တာများသလို၊လူသစ်အချို့ရဲ့ အသားမကျမှုများက အသင်းအတွက် လိုရမရောက်တဲ့တိုက်စစ်ကို အမှားများစေခဲ့တာပဲရှိခဲ့ ရတယ်မဟုတ်ပါလား၊ ထုံးစံအတိုင်းမြန်တယ်၊ မာတယ်၊ ဆိုတာကလွဲရင် မြန်မာအသင်းဟာ ပထမပိုင်းမှာ ပြာယာခတ်နေတာနဲ့ပဲ ကန်ခွင့် ဂိုးပေါက်တည့်တာမျိုးရခဲ့တာမှမဟုတ်တာ၊ ကွင်း လယ်ချိတ်ဆက်မှု ဖရိုဖရဲဖြစ်ခဲ့သလို၊ မောင်မောင်လွင်နဲ့ဟိန်းဖြိုးဝင်းဘက်အခြမ်းဟာ မြန်ပြီး တော့ ဘောလုံးဆုံးရှုံးတာများခဲ့လို့ အလုပ်ဖြစ်ပေမယ့်လည်း အရာမရောက်ခဲ့ဘူး။

အထူးသဖြင့် ချိတ်ဆက်မှုအပိုင်းမှာ အားနည်းခဲ့ရတာပါပဲ၊ ဟိန်းဖြိုးဝင်းနဲ့မင်းကျော်ခန့်တို့ရဲ့ မလိုလားအပ်တဲ့ကြမ်းတမ်းမှုတွေဟာ အကြည့်ရ အရုပ်ဆိုးစေတယ်။ ဟိန်းဖြိုးဝင်းကစားအားရှိ တယ်၊ မှန်တယ်၊ ဒါပေမယ့်ငယ်သေးတော့ ရမ်းချင်တယ်။  ဒါကိုပြင်ဆင်ရမယ်၊ ပါးနပ်ဖို့လိုအပ်တယ်။ မြန်မာကို တောင်ကိုရီးယားက သာသာယာယာနဲ့ကစားသွားတယ်၊ မြန်မာတိုက်စစ်အလုပ်မဖြစ်သလို ၊ စည်သူအောင်ကလည်း ပုံမှန်ခြေအောက်ရောက်နေခဲ့ပြီး အတွေ့အကြုံများတဲ့ ဒွေးကိုကိုချစ် တို့လည်း ချိတ်ဆက်မှုထိုးဖောက်မှုကိုဘောလုံးရရှိမှုနည်းတဲ့အောက်မှာပဲ အလုပ်မတွင်ခဲ့ဘူး။

ပိုဆိုးတာက ထက်ဖြိုးဝေ၊ ပွဲထွက်အဆင့်တစ်ခုအောက်မှာ နေရာပေးထားခံရပေမယ့်လည်း အသင်းနဲ့အံကိုက်မဖြစ်မှုတွေကသူ့ကို အခက်တွေ့စေတယ်၊ အထူးသဖြင့် အရွယ်ငယ်ပြီး အကောင်ကြီးတဲ့ေ တာင်ကိုရီးယားလူငယ်တွေရဲ့ အားနဲ့ ရုန်းကန်မှုကို မကျော်ဖြတ်နိုင်တာ မြန်မာတစ်သင်းလုံးလိုလိုပါပဲ၊ ပထမဂိုး၊ အရွယ်အစားကွာသလို နေရာယူပံခြင်းအပိုင်းမှာ အာရှ နဲ့အရှေ့တောင်အာရှကြားမှာ ခြားနားသွားတဲ့ အယူအဆဟာ ကွက်ကွက်ကွင်းကွင်းပြသသွား  တာမြင်ရမယ်၊ လူကြားထဲကနေပြီးတော့ အားသုံးပြီးခေါင်းတိုက်သွားတယ်၊ ဒုတိယဂိုး၊ ထိုက်ထိုက်အောင်နဲ့ဟိန်းဖြိုးဝင်းကြားကထဲကနေပြီးထွက်သွားတာကို ပါးပါးနပ်နပ်ကန်သွင်း ပြသွားတယ်၊ မြန်မာနောက်ခံလူတွေကျန်ရစ်ခဲ့တယ်၊ အရှိန်နဲ့အံကိုက်တိုးဝင်မှုအားကို မထိန်း လိုက်နိုင်ဘူး။

ဒါတွေဟာ အာရှဖလား ပြိုင်ပွဲမှာ ကြုံရမယ့်၊တွေ့ရမယ့် သင်ခန်းစာတွေပါ၊ အချိန်ပြည့်ပထမပိုင်းတစ်ပိုင်းလုံးထိုးဖောက်ပြီးတော့ ဂိုးတွေပါပြတ်သားအောင်သွင်းပြထား တဲ့ တောင်ကိုရီးယားဟာ အေးအေးဆေးဆေးပဲ ကစားသွားတာပါ၊ တစ်သင်းလုံး အရပ်အမောင် း ကောင်းတယ်။ ရုန်းနိုင်တယ်၊ အကွက်စေ့တယ်၊ မြန်မာကစားသမား နှစ်ယောက်လောက်ကို အသာလေးကျော်ထွက်သွားနိုင်တဲ့အားမျိုးရှိတယ်၊ တောင်ကိုရီးယားလက်ရွေးစင်အသင်းကြီး ထက်ကွာတာဆိုလို့ မြန်နှုန်းနဲ့တိကျတဲ့အပေးအပို့အပိုင်းလောက်ပဲရှိတယ်။

ကစားသမား နေရာယူပါးနပ်မှုအားနည်းတယ်ဆိုပေမယ့်လည်း အသင်းလိုက်ချိတ်ဆက်မှုအပိုင်းဟာ ကစား သမားတိုင်း အတုယူဖို့ကောင်းတဲ့အချက်လို့ဆိုရမယ်။ မှားတာတွေရှိတာတောင် မြန်မာအသင်းက ပိုအားနည်းပြီး ဟာကွက်များလို့ တောင်ကိုရီးယားဟာ ဖိနင်းကစားသွားတာ ဖြစ်တယ်။

အောင်သူတို့ အီစိုးတို့ဝင်လာတဲ့ ဒုတိယပိုင်းမှာ မြန်မာတိုက်စစ်ဟာ အရင်လိုပြန်ဖြစ်တယ်။ မြန်လာတယ်၊ ထိုးဖောက်နိုင်ခွင့်ပိုရတယ်၊ အရှိန်လေးပါတင်နိုင်တော့ မြန်မာမဆိုးဘူးပေါ့။ ခက် တာက မြန်မာတိုက်စစ်နဲ့ကွင်းလယ်မှာ ချိတ်ဆက်မှုကတော့အားနည်းနေတုန်းပဲ၊ မောင်မောင် လွင်ဟာ အတွေ့အကြုံအရင့်ဆုံးကစားသမားတွေထဲမှာပါတယ်၊ ဒါပေမယ့် သူကိုယ်တိုင်က ချိတ်ဆက်ဖို့ထက် တစ်ကိုယ်တော် ထိုးဖောက်ဖို့ အာရုံရောက်နေတယ်။ သူ့ဆီက ဖြတ်တင် ဘောတွေ သိပ်ကောင်းကောင်းမြင်ရဘူး။

ဟိန်းဖြိုးဝင်းဆီကလည်း မြင်ချင်တဲ့ဖြတ်တင်ဘော တွေကောင်းကောင်းအလုပ်မဖြစ်သလို တက်လာတဲ့ဘောလုံးတွေကြပြန်တော့ အရှေ့မှာ အဆုံးသပ်မယ့်သူကပျောက်နေတယ်။ မြန်မာကစားကစားဟန်ထဲမှာ ဖန်တီးသူမပါဘူး၊ တောင်ပံ သီးသန်နဲ့ထိုးဖောက်တယ်၊ အောင်သူတို့ဝင်လာတော့ အောင်သူနဲ့အီစိုးက သူတို့ ကျွမ်းကျင်မှုနဲ့ထိုးဖောက်ကာ တစ်ကိုယ်တော်စွန့်စားမှုတွေနဲ့ပြီးနေတယ်၊ ပြိုင်ပွဲအစဆိုပေမယ့်လည်း တွဲလာတဲ့လေ့ကျင့်ရေးကွက်တွေ ပုံစံကောင်းတစ်ခုကိုမှ ခံစားရ တယ်ဆိုတာမရှိဘူး။ ခံစစ်ပိုင်းကလည်း အခုအချိန်အထိ မငြိမ်သေးဘူး။

ပုံစံဟောင်းအကွက် ထဲမှာ ရောက်နေတုန်းပဲ၊ သူလိုလိုကိုယ်လိုလိုဖြတ်ထုတ်မှုနဲ့ကာကွယ်မှုတွေဟာ တတိယဂိုး ပေးလိုက်ရတဲ့အနေအထားမှာ သိသာစေတယ်။ ဂိုးသမားကျော်ဇင်ထက်အမှားပါသလို၊ ကစား သမားတွေကြားမှာနားလည်မှုလေးတွေကလည်း ပြောစရာဖြစ်စေတယ်။ ဇော်မင်းထွန်းနဲ့ထိုက် ထိုက်အောင်ကြားမှာ ကွက်လပ်ကပေါ်နေတုန်းပဲ၊ လှှိုင်းဘိုဘိုရဲ့အဝေးကန်ချက်တွေမှာ စိုးရိမ် စိတ်တွေများနေတယ်။ ပြီးတော့ အသားတကျမဖြစ်တဲ့ တွဲဖက်ရဲဘော်တွေကြားမှာ သူလည်း ခြေစွမ်းပျောက်နေခဲ့တော့ အလုပ်မဖြစ်တာလည်းမဆန်းဘူး၊

ဒီပွဲမှာ မြန်မာတွေဂိုးပြန်ရတယ်၊  တစ်ဖက်က ကစားသမားတွေ ဒဏ်ရာမကြာခဏရသွားပြီး ကစားအားချတဲ့အချိန်မှာ ပြန်ရတဲ့ ဂိုးတွေ အဆင့်ရှိတယ်ဆိုပေမယ့် တစ်ကယ့်ပြိုင်ပွဲမှာမြန်မာအနေနဲ့ ပြင်ဆင်ရမှာတွေမနည်းဘူး လို့ဆိုချင်တယ်။ (ဆန်ရင်းပဲနာနာဖွတ်ပါရစေ၊ အသက်လွန်နဲ့ အရွယ်လွန်ကိစ္စတွေကို ခဏ မေ့ ထားချင်သေးတယ်။ )

အထူးသဖြင့် အောင်သူမပါတဲ့တိုက်စစ်၊ ခံစစ်တန်းငြိမ်အောင် ကွင်းလယ်ခံစစ်အားဖြည့်တင်း ပေးမယ့် ကစားသမားအပြင် မြန်မာအသင်းအားသန်တဲ့ တစ်ချက်ထိ ကစားဟန်နဲ့တရစပ် အတင်းအကြမ်းဝင်တိုးကာ ထိုးဖောက်တိုက်စစ်ဆင်တာမျိုးတွေဟာ ဂျာမန်နည်းပြကြီးလက် ထဲမှာ ထင်သလောက်မတွေ့ရသေးဘူး၊ တောင်ပံတိုက်စစ်တွေကို အလွန်အားကိုးပြီးတော့  အတိုပေးကစားဟန်တွေလျော့ချထားတဲ့ 4-4-2၊ 4-5-1နဲ့ 4-3-3 လိုသလိုပြောင်းလဲသွားတဲ့ ကစားဟန်ဟာ ကြည့်ရတာ အရသာရှိပေမယ့် ခံတွင်းတော့ သိပ်မတွေ့သေးဘူး။

(ပထမပိုင်းနဲ့ ဒုတိယပိုင်း အနေအထားမှာတော့ မြန်မာအသင်းနှစ်သင်းဖြစ်နေတာတော့ သဘောကျတယ်။ ဒုတိယပိုင်း မြန်မာပိုပြီးတော့ကောင်းမွန်တယ်၊ ပရိသတ်လည်းသိတယ်။ အဲ့ဒီအသင်းက တိုက်ပွဲဝင်မယ့်မြန်မာအသင်းအစစ်ဖြစ်လာ မယ်၊ ပထမပိုင်းမြန်မာအသင်းက စမ်းသပ်သုံးစွဲတဲ့အသင်း၊ Plan B အတွက် မြန်မာရဲ့ ပထမ ပိုင်းအောင်သူမပါတဲ့၊ အီစိုးမပါတဲ့ စနစ်ဟာ အလုပ်ဖြစ်ဖို့ကြာမယ့်သဘောရှိတယ်။ တိုက်စစ် သွားနိုင်စွမ်းတွေမရှိသလောက်ပဲ၊ ဒါကို ဖြည့်ဖို့လိုအပ်နေသေးတယ်၊ ပရိသတ်တွေကလည်း စမ်းသပ်သုံးစွဲမှုကို နားလည်သဘောပေါက်ထားသင့်တယ် )

ပြီးတော့ ဒီလိုမျိုးပွဲမှာ ရလဒ်ကို မကြည့်ကြပါနဲ့၊ မြန်မာအသင်းဘာလုပ်နိုင်သလဲဆိုတာ ပဲကြည့်ပေးစေချင်တာပါ၊ အခုမှ မြန်မာနည်းပြကြီး အတွက် မြန်မာပွဲကို ကိုင်တွယ်တာ 2 ပွဲ မြောက်ဖြစ်တယ်။ မှားနေဦးမှာပဲ၊ လိုချင်တာကို သွားဖို့အချိန်ပေးနေရတုန်းမှာပါပဲ၊ ကစားသမားတွေ အနေနဲ့လည်း နားလည်မှုကောင်းကိုတည်ဆောက်နေရဦးမှာပါပဲ၊ အသက် အရွယ်တွေကလည်း စကားပြောနေရဦးမှာပါပဲ၊ မြန်မာအသင်းမှာ လိုအပ်တာတွေရှိတယ်၊ ဖြည့်တွေးပေးနေရတယ်။

နိုင်ငံတကာစံနှုန်းနဲ့တိုင်းတာပြီးတော့မြင်ရတဲ့အမြင်တွေကို မြန်မာ နဲ့ပတ်သက်လာရင်လျော့ပြီးတော့ကြည့်ပေးနေရတုန်းပဲ၊ တောင်ကိုရီးယားလူငယ်တွေ ကစားတာမြင်တော့ သူတို့တွေကို မြန်မာအသင်းလိုမျိုးသွားမြင်ပြီးတော့ ခံစားသက်ဝင်မိတဲ့ အခါ ပီတိဖြစ်ထွန်းရတယ်၊ အော်.. ငါတို့မြန်မာ အသင်းလည်း ဒါမျိုးဆိုသိပ်ကောင်းမှာပဲဆိုတဲ့ စိတ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ်ဖြေသာနေမိတယ်။

အောင်သူပါမှဖြစ်မှာပါ ဆိုတဲ့အတွေးတွေမှန်တယ်၊ အောင်သူမရှိရင်မြန်မာတိုက်စစ်အလုပ်မ တွင်ဘူး။ အီစိုးသပ်သပ် ၊ အောင်သူ သပ်သပ် အနေအထားလည်းပြင်ရမယ်၊ ဒီနှစ်ယောက် စလုံး လုပ်အားနှုန်းကောင်းတယ်၊ အောင်သူဟာ တောင်ကိုရီးယားနဲ့ပွဲမှာ ကြံ့ခိုင်မှုအပိုင်း  အားနည်းနေတယ်၊ ရုန်းတာမှန်ပေမယ့် အောင်သူအစစ်မဟုတ်သလိုပဲ၊ ဘောလုံးပြန်လုတာ တွေ တိုးထွက်တာတွေမှာ သူကောင်းကောင်းကစားနိုင်တာမျိုးမဟုတ်သေးဘူး။ ပြီးတော့ ဒီ လိုမျိုးပွဲမှာ ဂိုးသမားကျော်ဇင်ထက်ကို ခေါ်သွားဖို့သုံးတာလား၊ ဒါကိုရည်ရွယ်တယ်ဆိုရင် အငယ်ဂိုးသမားလေးတွေကို ဘာကြောင့်အရန်ထိုင်ခိုင်းထားသလား၊ အတွေ့အကြုံရဖို့ အတွက် အရန်ခုံဟာ အကောင်းဆုံးအနေအထားလား။

ဒါမှဟုတ်ရင်ကျန်တဲ့ပွဲတွေအတွက် ထည့်ဖြည့်သုံးစမ်းမှာလား၊ မသုံးရင်တော့အလကားဖြစ်မယ်လို့မြင်တယ်၊ ငယ်ရွယ်ပြီး နောက်တစ်ဆင့်သွားမယ့်မြန်မာအသင်းသားတွေဟာ နိုင်ငံတကာပွဲ တွေ့ကြုံဆိုတာ  ဒီလိုမျိုး အချိန်မှ မရရင် နောက်ထပ်ရဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျော်ဇင်ထက် ကို သုံးတာ ရည်ရွယ်ချက်ရှိတာမှန်တယ်၊ အငယ်တွေကိုလည်းပြန်ပြီးတော့ လက်ကျန် အခြားပွဲတွေမှာနေရာ ပေးသင့်တယ်လို့မြင်တယ်။

ရှုံးတာကို၊ ရှုံးမှာကို မကြောက်ဘူး။ အရှုံးဆိုတာ မြန်မာအတွက် ယဉ်ပါးပြီးသား စကားလုံး တစ်ခုပါ၊ ပွဲတစ်ပွဲမှာ ရှုံးရင် ဝေဖန်ခံရမယ်၊ ဝေဖန်ခံရဲရမယ်၊ ပရိသတ်ဆူတာ ခံနိုင်ရမယ်၊  အမှားကိုပြန်သုံးသပ်နိုင်ရမယ်၊ ပြီးတော့  ဒီပြိုင်ပွဲကနေပြီးတော့ မြန်မာအသင်းအတွက် ဘာရမလဲဆိုတာပဲ ကြည့်ချင်မိတာပါ။ နိုင်ဖို့ကစားတယ်ဆိုတဲ့ ခံယူချက် ဒီမှာမဟုတ်သေးဘူး၊ တစ်ကယ့်ပြိုင်ပွဲအစစ်တွေမှာ လုပ်ရ မှာပါ၊ ဂိုးမရလည်း ရှက်စရာမဟုတ်ဘူး။

ရှုံးခဲ့တဲ့ပွဲမှာ ဘာကိုပြန်ပြင်နိုင်မလဲ၊ ဘာကို ကောင်းမွန် အောင်လုပ်ပြရင်အဆင်မပြေမလဲဆိုတာမျိုးနဲ့ သိသာတဲ့ပြောင်းလဲမှုမျိုးကို သာတွေ့ချင်မိနေ တယ်။ မြန်မာဟာ မြန်မာပါပဲ။ မြန်မာအသင်းပီသစွာလာပါလိမ့်မယ်၊ မြန်မာအသင်းကြည်မျှစွာ သော အသံများနဲ့ အားပေးဖြစ်နေဦးမှာပါ၊

ပြီးတော့နောက်ပွဲတွေမှာ အငယ်တွေကို ဦးစားပေးသုံးစေချင်တယ်၊ အသက်ကျော်ကစားသမား တွေရဲ့ အားကို သိတယ်၊ ကစားဟန်ကိုသိတယ်၊ သူတို့မပါပဲနဲ့ လည်း ဒီအတိုင်းသီးသန့်သွားစေချင်သေးတယ်။ ယူ-၂၃ အသင်းအစစ်ကို အမှန်အားဖြင့် သိ ချင်မြင်ချင်မိတယ်။ ကိုယ့်ထက် အားကြီးတဲ့အသင်းတွေကိုရှုံးတာရှက်စရာမဟုတ်ဘူး။

အဲ့ဒီ အသင်းတွေနဲ့ကစားလို့ရှုံးပြီး မိနစ် ၉၀ အတွင်းမှာ ရယူနိုင်လိုက်တဲ့ အရာတွေကို ပြန်ပြီး တော့ သုံးသပ်ဆင်ခြင်နိုင်ဖို့နဲ့ ကောင်းတာကိုယူပြဖို့ပါပဲ၊ ကစားသမားတစ်ယောက် အတွက် ပြိုင်ပွဲအတွေ့အကြုံဟာ သိပ်ကိုအရေးကြီးသလို အမှားတွေကို ပြန်သုံးသပ်ကာအကောင်းဆုံး အဖြေထုတ်နိုင်ဖို့ပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ နည်းပြသစ်အတွက် အစရဲ့အစဖြစ်သလို၊ ကစား သမားအငယ်တွေအတွက်လည်း အရှုံးပေါ်မှာ ရယူနိုင်မယ့် သင်ခန်းစာဖြစ်တယ်။ (ဘာရိန်းနဲ့ပွဲ ကျန်တယ်၊ ထိုင်းနဲ့ပွဲကျန်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီပွဲတွေအပေါ်မှာလည်းမြန်မာ အတွက် ရယူ နိုင်မယ့်ပွဲအတွေ့အကြုံဟာ ဘယ်လောက်များ အာရှအားကစားပွဲတော်အတွက်၊ ဆူဇီကီးဖလားပွဲအတွက် အထောက်အပံ့ကောင်းတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာဖြစ်တယ် ဆိုတာပါပဲ။ )

နိုင်ဖို့ကို မလိုအပ်ဘူး။ ဂိုးသွင်းနိုင်မှဖြစ်မယ်ဆိုတာ အရေးမကြီးသေးဘူး။ တစ်ဖက်ရဲ့ ဖိအား ပေးတိုက်စစ်တွေကို စနစ်ကျနဲ့စွာနဲ့ခုခံတော်လှန်နိုင်မယ့် ဟန်မျိုးကိုပဲမြင်ချင်မိတယ်။ တောင် ကိုရီးယားကို ပြန်တိုက်ခိုက်နိုင်တဲ့ ဟန်နဲ့စနစ်မျိုးကို နောက်ပွဲတွေမှာ ခပ်များများမြင်ရမယ်၊ မြန်မာယူ-၂၃ လုပ်ပြနိုင်မယ်ဆိုရင် တာဝန်ရှိသူတွေ ငွေကုန်ကြေးကျခံပြီး ကျင်းပပေးတဲ့ ဒီပြိုင် ပွဲ လုပ်ရကျိုးနပ်သွားလိမ့်မယ်ဆိုတာပါပဲ။ ပြီးတော့ ပရိသတ်တွေအတွက်လည်း ပီတိဖြစ်ရ စေမယ့် ခံစားချက်မျိုး ပေးစွမ်းနိုင်လိမ့်မယ်လို့ထင်မိတယ်။

တစ်ကယ်တော့ရှုံးမှာကို မကြောက် မိပါဘူး။ တိုးတက်မလာမှာကိုပဲ စိုးရိမ်စိတ်ကြီးနေမိတာပါ၊ အချိန်တွေကုန်ခဲ့တယ်၊ လူတွေ ပင် ပန်းခဲ့တယ်၊ မျှော်မှန်းချက်တွေအတိုင်းမရောက်ရင်နေ၊ ဖြေသာမယ့်ဆေးပေးဖို့ပဲ လိုချင်ခဲ့မိ တာပါ။ ဒီအတွက် မြန်မာက ဘာလဲ၊ ဘယ်လဲ၊ မေးကြည့်ချင်မိတယ်။ ရင်ခုန်မိနေတုန်းပဲ မြန်မာ၊ ဟုတ်တယ်၊ ရင်ခုန်မိနေတုန်းပဲ မြန်မာရယ်….

credit