အ​ေမ​ေျပာဖူးတဲ့ ​ေခြး​ေသပုတ္​ကို ​ေျခ​ေထာက္​နဲ႔ မကန္​မိ​ေစနဲ႔ စကား​ေလးပါ

တစ္​ခုခုဆို ဆတ္​ဆတ္​ထိမခံတတ္​တဲ့အက်င္​့ ကြၽန္​မမွာရိွခဲ့တယ္​

ကိုယ္​မွန္​တယ္​ထင္​ရင္​​​ေျပာဆိုရဲသလို မွားတယ္​ထင္​ရင္​လည္​း​ေတာင္​းပန္​ရဲတာ ကြၽန္​မအက်င္​့

ကိုယ္​မွန္​လို႔​ေျပာၿပီဆိုရင္​ ဘယ္​သူ႔မ်က္​ႏွာမွမၾကည္​့တတ္​ခဲ့ဘူး အ႐ိုင္​းစိုင္​း​တစ္​​ေယာက္​လိုပဲ ျဖစ္​ခဲ့ဘူးတယ္​

မဟုတ္​မခံတဲ့ အာ့စိတ္​​ေလးကိုမသိစိတ္​က သ​ေဘာက်မိ​ေလ ကြၽန္​မစိတ္​​ေမာက္​မာလာ​ေလပဲ

သြားမလုပ္​နဲ႔ သူကဆတ္​ဆတ္​ၾကဲစိတ္​လည္​းႀကီးတယ္​ မဟုတ္​မခံျပန္​​ေျပာတတ္​တယ္​တဲ့ သူ​ေတြတို႔အ​ေျပာမွာ ကြၽန္​မကို ကြၽန္​မအဟုတ္​ႀကီးမွတ္​ခဲ့ဘူးတယ္​

မဟုတ္​တဲ့ကိစၥတစ္​ခုကို ႐ွင္​းရမွစိတ္​​ေက်နပ္​တာ ကြၽန္​မအက်င္​့ဆိုးႀကီးလိုျဖစ္​​ေနခဲ့တာ

တစ္​​ေန႔အ​ေမနဲ႔အျပင္သြား​ေတာ့ လမ္​း​ေဘးအမိႈက္​ပံုတစ္​ခုမွာ ​ေခြး​ေသပုတ္​​ေကာင္​ႀကီးအနံတ​ေထာင္​း​ေထာင္​းျမင္​​ေတြ႔ရတာစိတ္​ပ်က္​စရာပါ

ကြၽန္​မ ႏွာ​ေခါင္​းရႈံ ့လက္​နဲ႔ကာလို႔ မ်က္​ႏွာမဲ့သြားတာ အ​ေမျမင္​​ေတာ့ အ​ေမက​ေျပာတယ္​ သမီး ​ေခြး​ေသပုတ္​ကို​ေျခ​ေထာက္​နဲ႔ကန္​ရဲလားတဲ့

ကန္​စရာလား အ​ေမရယ္​ ဒီ​ေလာက္​ပုတ္​​ေစာ္​နံ​ေနတဲ့ဟာကို ဆို​ေတာ့အ​ေမကျပံဳးတယ္​

ဟုတ္​တာ​ေပါ့ သမီးရဲ႕ ကိုယ္​မွန္​သည္​ျဖစ္​​ေစမွားသည္​ျဖစ္​​ေစ သူတစ္​ပါး​ေျပာတဲ့စကား ကိုယ္​့​ေကာင္​းက်ိဳးပါလား​ေတြးစဥ္​းစားတဲ့

မဟုတ္​တာ ​ေျပာတယ္​ ကိုယ္​ကအာ့လူနဲ႔ဘက္​ျဖစ္​​ေတာ့ ဘာျပန္​ရလဲတဲ့ ကြၽန္​မ ႏႈတ္​ဆိတ္​​ေနမိတယ္​ အ​ေမ့ရဲ႕​ေမးခြန္​း​ေၾကာင္​့

တစ္​ဖက္​လူကဆဲတယ္​ ႐ိုင္​းတယ္​ ကိုယ္​့လည္​းပါးစပ္​ပါတယ္​ျပန္​​ေျပာလို႔ရတာပဲ ဒါ​ေပမယ္​့ မတူဘူးတဲ့ အ႐ိုင္​းအစိုင္​းနဲ႔ဘက္​ျဖစ္​ရင္​

ကိုယ္​လည္​းသူနဲ႔အဆင္​့တူတူပဲျဖစ္​သြား​ေရာတဲ့

ဟုတ္​ပါတယ္​ ကြၽန္​မ ​ေမ့​ေနခဲ့တာ ကြၽန္​မ​ေ႐ွ႕မွာမဟုတ္​မခံ​ေျပာ​တဲ့လူတစ္​ခ်ိဳ႕ကလည္​း ကြၽန္​မ​ေနာက္​ကြယ္​အ႐ိုင္​းစိုင္​း​ေလးလို္​့ ​ေျပာႏိုင္​သားပဲ

ကိုယ္​မဟုတ္​တဲ့ကိစၥအတြက္​ ​ေလကုန္​ခံ​ေျပာမ​ေန​ေတာ့ဘူး အာ့အတြက္​ ကိုယ္​လည္​း​ေဒါသမျဖစ္​ရသလို မထြက္​ရ​ေတာ့ဘူး

ကိုယ္​အနည္​းဆံုး​ေတာ့အမွားကင္​းလာတယ္​

လ်စ္​လ်ဴရႈ တတ္​တာတစ္​ခုက အက်င္​့ျဖစ္​လာတယ္​

လူႀကီးလူငယ္​ျဖစ္​ျဖစ္​ သူ႐ိုင္​းရင္​သူ႔အကုသိုလ္​နဲ႔သူသြားလိမ္​့မယ္​

ဘာဆိုဘာမွမ​ေျပာ​ေန​ေတာ့ဘူး ​ေခြး​ေဟာင္​တိုင္​းသာ လိုက္​ၾကည္​့ရင္​​ေနစရာ​ေနရာမရိွ​ေတာ့သလို​ေပါ့

အာ့​ေနာက္​ပိုင္​း ​ေခြး​ေသပုတ္​ကိုလည္​း ​ေျခ​ေထာက္​အ​ေပခံၿပီးမကန္​​ေတာ့သလို အရာအားလံုး လ်စ္​လ်ဴရႈတတ္​​ေအာင္​​​ေနတတ္​ခဲ့တယ္​

Credit : Nann

Unicode >>>>

အမေပြောဖူးတဲ့ ခွေးသေပုတ်ကို ခြေထောက်နဲ့မကန်မိစေနဲ့ စကားလေးပါ

တစ်ခုခုဆို ဆတ်ဆတ်ထိမခံတတ်တဲ့အကျင့် ကျွန်မမှာရှိခဲ့တယ်

ကိုယ်မှန်တယ်ထင်ရင်ပြောဆိုရဲသလို မှားတယ်ထင်ရင်လည်းတောင်းပန်ရဲတာ ကျွန်မအကျင့်

ကိုယ်မှန်လို့ပြောပြီဆိုရင် ဘယ်သူ့မျက်နှာမှမကြည့်တတ်ခဲ့ဘူး အရိုင်းစိုင်းတစ်ယောက်လိုပဲ ဖြစ်ခဲ့ဘူးတယ်

မဟုတ်မခံတဲ့ အာ့စိတ်လေးကိုမသိစိတ်က သဘောကျမိလေ ကျွန်မစိတ်မောက်မာလာလေပဲ

သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲစိတ်လည်းကြီးတယ် မဟုတ်မခံပြန်ပြောတတ်တယ်တဲ့ သူတွေတို့အပြောမှာ ကျွန်မကို ကျွန်မအဟုတ်ကြီးမှတ်ခဲ့ဘူးတယ်

မဟုတ်တဲ့ကိစ္စတစ်ခုကို ရှင်းရမှစိတ်ကျေနပ်တာ ကျွန်မအကျင့်ဆိုးကြီးလိုဖြစ်နေခဲ့တာ

တစ်နေ့အမေနဲ့အပြင်သွားတော့ လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ခွေးသေပုတ်ကောင်ကြီးအနံတထောင်းထောင်းမြင်တွေ့ရတာစိတ်ပျက်စရာပါ

ကျွန်မ နှာခေါင်းရှုံ့လက်နဲ့ကာလို့ မျက်နှာမဲ့သွားတာ အမေမြင်တော့ အမေကပြောတယ် သမီး ခွေးသေပုတ်ကိုခြေထောက်နဲ့ကန်ရဲလားတဲ့

ကန်စရာလား အမေရယ် ဒီလောက်ပုတ်စော်နံနေတဲ့ဟာကို ဆိုတော့အမေကပြုံးတယ်

ဟုတ်တာပေါ့ သမီးရဲ့ ကိုယ်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ သူတစ်ပါးပြောတဲ့စကား ကိုယ့်ကောင်းကျိုးပါလားတွေးစဉ်းစားတဲ့

မဟုတ်တာ ပြောတယ် ကိုယ်ကအာ့လူနဲ့ဘက်ဖြစ်တော့ ဘာပြန်ရလဲတဲ့ ကျွန်မ နှုတ်ဆိတ်နေမိတယ် အမေ့ရဲ့မေးခွန်းကြောင့်

တစ်ဖက်လူကဆဲတယ် ရိုင်းတယ် ကိုယ့်လည်းပါးစပ်ပါတယ်ပြန်ပြောလို့ရတာပဲ ဒါပေမယ့် မတူဘူးတဲ့ အရိုင်းအစိုင်းနဲ့ဘက်ဖြစ်ရင်

ကိုယ်လည်းသူနဲ့အဆင့်တူတူပဲဖြစ်သွားရောတဲ့

ဟုတ်ပါတယ် ကျွန်မ မေ့နေခဲ့တာ ကျွန်မရှေ့မှာမဟုတ်မခံပြောတဲ့လူတစ်ချို့ကလည်း ကျွန်မနောက်ကွယ်အရိုင်းစိုင်းလေးလို့် ပြောနိုင်သားပဲ

ကိုယ်မဟုတ်တဲ့ကိစ္စအတွက် လေကုန်ခံပြောမနေတော့ဘူး အာ့အတွက် ကိုယ်လည်းဒေါသမဖြစ်ရသလို မထွက်ရတော့ဘူး

ကိုယ်အနည်းဆုံးတော့အမှားကင်းလာတယ်

လျစ်လျူရှု တတ်တာတစ်ခုက အကျင့်ဖြစ်လာတယ်

လူကြီးလူငယ်ဖြစ်ဖြစ် သူရိုင်းရင်သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်

ဘာဆိုဘာမှမပြောနေတော့ဘူး ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင်နေစရာနေရာမရှိတော့သလိုပေါ့

အာ့နောက်ပိုင်း ခွေးသေပုတ်ကိုလည်း ခြေထောက်အပေခံပြီးမကန်တော့သလို အရာအားလုံး လျစ်လျူရှုတတ်အောင်နေတတ်ခဲ့တယ်

Credit : Nann

2 Comments

Leave a Reply

Your email address will not be published.


*