ျမန္မာေတြ အျမင္က်ယ္သင့္ၿပီ

ဒီေန႕က်င္းပတဲ့ျမန္မာ့လက္ေဝွ႕ခ်န္ပီယံဗိုလ္လုပြဲမွာထြန္းထြန္းမင္းနဲ႕ကေနဒါႏိုင္ငံသားေဒ့ဗ္နဲ႕ဗိုလ္လုၾကတယ္

ပရိတ္သတ္ကလည္းထြန္းထြန္းမင္းကိုတခဲနက္အားေပးၾကတယ္

မထိုးခင္ကတည္းကဆုခ်ၾကတာထြန္းထြန္းမင္းတစ္ေယာက္တည္းကိုပဲ၂၅သိန္းေက်ာ္တဖက္သတ္ဆုခ်ၾကတယ္

လက္ေဝွ႕တကယ္ထိုးၾကေတာ့ကေနဒါႏိုင္ငံသားကျမန္မာအစစ္ထက္ျမန္မာ့လက္ေဝွ႕ကိုပိုကြ်မ္းက်င္တယ္ဆိုတာသက္ေသျပသြားတယ္

ျမန္မာလိုလက္ပန္းေပါက္ခတ္တယ္ျမန္မာအလံကိုၿခံဳတယ္ျမန္မာ့ယဥ္ေက်းမွဳနဲ႕အညီလက္အုပ္ကေလးခ်ီတယ္ျမန္မာ့လက္ေဝွ႕ကိုျမတ္ႏိုးေလးစားတဲ့သူဆိုတာဘယ္လိုမွျငင္းလို႔မရဘူး

ျမန္မာ့လက္ေဝွ႕ပညာဟာႏိုင္ငံတကာကိုထိုးေဖာက္ႏိုင္တဲ့အဆင့္ရွိသလိုျမန္မာေတြရဲ႕စိတ္ဓာတ္ဟာလည္းႏိုင္ငံတကာကိုယွဥ္ႏိုင္တဲ့ရင့္က်က္မွဳပါးရည္နပ္ရည္ရွိမွဳလိုအပ္တယ္

ျမန္မာ့လက္ေဝွ႕ကိုျမန္မာေတြခ်ည္းပဲထိုးေနလို႔ကမ႓ာမေက်ာ္ႏိုင္ဘူးဆိုတာအားလံုးရင္ထဲမွာသိထားဖို႔လိုတယ္

ထိုင္းလက္ေဝွ႕ဟာႏိုင္ငံျခားသားေတြကိုေလ့က်င့္ျပန္႕ပြားေပးႏိုင္ခဲ့လို႔ကမ႓ာကသိလာခဲ့တာပါ

ေဒ့ဗ္ဟာတံေတာင္ရိုက္ခ်က္ေတြေခါင္းတိုက္ခ်က္ေတြေျခကန္ခ်က္ေတြကိုထိေရာက္ေအာင္သံုးၿပီးျမန္မာ့လက္ေဝွ႕စစ္စစ္ကိုပညာရွင္တစ္ေယာက္လိုထုတ္ေဖာ္ျပသသြားတာေတြ႕ရပါတယ္

ေဒ့ဗ္ရဲ႕ဆရာကျမန္မာလူမ်ိဳး_ဝင္းထြန္း(သစ္ေတာ)ပဲေဒ့ဗ္ဟာျမန္မာေတြထက္ျမန္မာ့လက္ေဝွ႕ကိုပိုတတ္ေနလို႔ဘာမွမေၾကမနပ္ျဖစ္စရာမရွိပါကိုယ္သင္ေပးလို႔ဒီအေျခအေနေရာက္လာတာလို႔သေဘာထားၾကရမွာပါ

ႏိုင္ငံျခားသားျဖစ္တဲ့အတြက္အရပ္အေမာင္းအရိုးအဆစ္ရွည္တယ္ကမ႓ာေပၚမွာရွိတဲ့တျခားကိုယ္ခံပညာသမားေတြကိုျမန္မာ့လက္ေဝွ႕သံုးၿပီးျမန္မာေတြကိုယ္စားအႏိုင္ယူတိုက္ခိုက္ႏိုင္စြမ္းရွိတဲ့သူျဖစ္လာမယ္ေဒ့ဗ္လိုလူမ်ိဳး၁၀ေယာက္ေလာက္ေမြးထုတ္ေပးႏိုင္ရင္ျမန္မာ့လက္ေဝွ႕ကိုတကမာၻလံုးကေလးစားအားက်လာၾကမွာပါ

အဲဒီအတြက္ထြန္းထြန္းမင္းကိုအားေပးသလိုေဒ့ဗ္လိုျမန္မာေတြေမြးထုတ္ေပးထားတဲ့ျမန္မာေတြဆီမွာတပည့္လာခံတဲ့_တပည့္ေကာင္းတစ္ေယာက္ကိုလည္းမွ်မွ်တတအားေပးၾက ေျမေတာင္ေျမွာက္ေပးၾကမွသာ

ျမန္မာ့လက္ေဝွ႕ကမာၻကိုထိုးေဖာက္ႏိုင္မယ္လို႔_အျမင္က်ယ္ၾကပါ

Courtesy * YanNaung Soe *

=================================

#မြန်မာတွေအမြင်ကျယ်သင့်ပြီ

ဒီနေ့ကျင်းပတဲ့မြန်မာ့လက်ဝှေ့ချန်ပီယံဗိုလ်လုပွဲမှာထွန်းထွန်းမင်းနဲ့ကနေဒါနိုင်ငံသားဒေ့ဗ်နဲ့ဗိုလ်လုကြတယ်

ပရိတ်သတ်ကလည်းထွန်းထွန်းမင်းကိုတခဲနက်အားပေးကြတယ်

မထိုးခင်ကတည်းကဆုချကြတာထွန်းထွန်းမင်းတစ်ယောက်တည်းကိုပဲ၂၅သိန်းကျော်တဖက်သတ်ဆုချကြတယ်

လက်ဝှေ့တကယ်ထိုးကြတော့ကနေဒါနိုင်ငံသားကမြန်မာအစစ်ထက်မြန်မာ့လက်ဝှေ့ကိုပိုကျွမ်းကျင်တယ်ဆိုတာသက်သေပြသွားတယ်

မြန်မာလိုလက်ပန်းပေါက်ခတ်တယ်မြန်မာအလံကိုခြုံတယ်မြန်မာ့ယဉ်ကျေးမှုနဲ့အညီလက်အုပ်ကလေးချီတယ်မြန်မာ့လက်ဝှေ့ကိုမြတ်နိုးလေးစားတဲ့သူဆိုတာဘယ်လိုမှငြင်းလို့မရဘူး

မြန်မာ့လက်ဝှေ့ပညာဟာနိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့အဆင့်ရှိသလိုမြန်မာတွေရဲ့စိတ်ဓာတ်ဟာလည်းနိုင်ငံတကာကိုယှဉ်နိုင်တဲ့ရင့်ကျက်မှုပါးရည်နပ်ရည်ရှိမှုလိုအပ်တယ်

မြန်မာ့လက်ဝှေ့ကိုမြန်မာတွေချည်းပဲထိုးနေလို့ကမ႓ာမကျော်နိုင်ဘူးဆိုတာအားလုံးရင်ထဲမှာသိထားဖို့လိုတယ်

ထိုင်းလက်ဝှေ့ဟာနိုင်ငံခြားသားတွေကိုလေ့ကျင့်ပြန့်ပွားပေးနိုင်ခဲ့လို့ကမ႓ာကသိလာခဲ့တာပါ

ဒေ့ဗ်ဟာတံတောင်ရိုက်ချက်တွေခေါင်းတိုက်ချက်တွေခြေကန်ချက်တွေကိုထိရောက်အောင်သုံးပြီးမြန်မာ့လက်ဝှေ့စစ်စစ်ကိုပညာရှင်တစ်ယောက်လိုထုတ်ဖော်ပြသသွားတာတွေ့ရပါတယ်

ဒေ့ဗ်ရဲ့ဆရာကမြန်မာလူမျိုး_ဝင်းထွန်း(သစ်တော)ပဲဒေ့ဗ်ဟာမြန်မာတွေထက်မြန်မာ့လက်ဝှေ့ကိုပိုတတ်နေလို့ဘာမှမကြေမနပ်ဖြစ်စရာမရှိပါကိုယ်သင်ပေးလို့ဒီအခြေအနေရောက်လာတာလို့သဘောထားကြရမှာပါ

နိုင်ငံခြားသားဖြစ်တဲ့အတွက်အရပ်အမောင်းအရိုးအဆစ်ရှည်တယ်ကမ႓ာပေါ်မှာရှိတဲ့တခြားကိုယ်ခံပညာသမားတွေကိုမြန်မာ့လက်ဝှေ့သုံးပြီးမြန်မာတွေကိုယ်စားအနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိတဲ့သူဖြစ်လာမယ်ဒေ့ဗ်လိုလူမျိုး၁ဝယောက်လောက်မွေးထုတ်ပေးနိုင်ရင်မြန်မာ့လက်ဝှေ့ကိုတကမ္ဘာလုံးကလေးစားအားကျလာကြမှာပါ

အဲဒီအတွက်ထွန်းထွန်းမင်းကိုအားပေးသလိုဒေ့ဗ်လိုမြန်မာတွေမွေးထုတ်ပေးထားတဲ့မြန်မာတွေဆီမှာတပည့်လာခံတဲ့_တပည့်ကောင်းတစ်ယောက်ကိုလည်းမျှမျှတတအားပေးကြ မြေတောင်မြှောက်ပေးကြမှသာ

မြန်မာ့လက်ဝှေ့ကမ္ဘာကိုထိုးဖောက်နိုင်မယ်လို့_အမြင်ကျယ်ကြပါ

Courtesy * YanNaung Soe *