ေျမာင္ေတာင္အသင္းကို ေရာက္ရွိသြားျပီျဖစ္တဲ့ ေအာင္သူ​ ေက်ာနံပတ္ ၉ ဝတ္ဆင္မည္ဟု သိရွိရၿပီ

ျမန္မာ့လက္ေ႐ြးစင္တိုက္စစ္မႉး ေအာင္သူကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ထိုင္းလိဂ္ထိပ္တန္းကလပ္ ေျမာင္ေတာင္ယူႏိုက္တက္အသင္းက ဒီေန႔ ေန႔လည္မွာ တရားဝင္ စာခ်ဳပ္ေခၚယူၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

ေအာင္သူ႔ကို ေခၚယူႏိုင္ခဲ့တဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ေျမာင္ေတာင္ယူႏိုက္တက္အသင္းက ကစားသမားမိတ္ဆက္နဲ႔ သတင္းစာရွင္းလင္းပြဲတစ္ရပ္ကို ဒီဇင္ဘာ ၁၅ရက္ ေန႔လည္ပိုင္းက အသင္းပိုင္ကြင္းမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ေအာင္သူ႔ကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ေျခစြမ္းအေပၚမူတည္ၿပီး လာမယ့္ေဘာလုံးရာသီမွာ အၿပီးသတ္ေခၚယူဖို႔ႀကိဳးစားမယ္လို႔ ေျမာင္ေတာင္အသင္းက တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေအာင္သူဟာ အသင္းေဟာင္း ပူးလစ္တယ္႐ိုအသင္းမွာ ေက်ာနံပါတ္(၁၀) ဝတ္ဆင္ကစားခဲ့ေပမယ့္ ေျမာင္ေတာင္ယူႏိုက္တက္အသင္းမွာေတာ့ ေက်ာနံပါတ္(၉)ကို ဝတ္ဆင္ကစားမွာပါ။

ေျမာင္ေတာင္ယူႏိုက္တက္အသင္းဟာ ထိုင္းလိဂ္မွာေငြေၾကးခ်မ္းသာတဲ့အသင္းေတြထဲမွာ ပါဝင္ေနတဲ့ အသင္းလည္းျဖစ္ပါတယ္ ေအာင္သူက ေျမာင္ေတာင္အသင္းမွာ ကစားသမားေကာင္းေတြနဲ႔ တြဲဖက္ကစားခြင့္ရမွာမို႔ေက်နပ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။ “ကြၽန္ေတာ္အသင္းသစ္အတြက္ အေကာင္းဆုံးေပးဆပ္ကစားမွာပါ။ အသင္းအတြက္ ဂိုးေတြသြင္းယူႏိုင္ဖို႔ထက္ အသင္းအႏိုင္ရဖို႔ကို ပိုအေလးထားပါတယ္။ ေျမာင္ေတာင္က အသင္းႀကီးျဖစ္ၿပီး ကစားသမားေကာင္းေတြနဲ႔ တြဲကစားရမွာျဖစ္လို႔ ဂုဏ္ယူပါတယ္။”လို႔ ေအာင္သူက ထိုင္းမီဒီယာေတြရဲ႕ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ျမန္မာ့လက္ေ႐ြးစင္တိုက္စစ္မႉး ေအာင္သူဟာ ၂၀၁၈ေဘာလုံးရာသီမွာ ထိုင္းလိဂ္ကို ပထမဆုံးသြားေရာက္ကစားခဲ့ၿပီး ပူးလစ္တယ္႐ိုအသင္းမွာ ၂၂ပြဲကစားၿပီး ၁၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေအာင္သူရဲ႕ပူးလစ္တယ္႐ိုအသင္းကေတာ့ တန္းဆင္းခဲ့ရတဲ့အတြက္ အသင္းေျပာင္းေ႐ႊ႕ကစားခဲ့ရတာပါ။ ေအာင္သူ႔ကို ေျမာင္ေတာင္ယူႏိုက္တက္အသင္းအပါအဝင္ PT ပရာခ်က္၊ ရစ္ခ်တ္ဘူရီအသင္းေတြကလည္း တရားဝင္ကမ္းလွမ္းခဲ့ေပမယ့္ ေျမာင္ေတာင္ယူႏိုက္တက္ကို ေ႐ြးခ်ယ္ခဲ့တာပါ။ ေအာင္သူဟာ ေျမာင္ေတာင္ယူႏိုက္တက္အသင္းမွာ အိမ္၊ကားအပါအဝင္ လစာ ေဒၚလာ တစ္ေသာင္းရရွိမွာလည္းျဖစ္ပါတယ္။

Duwun

Unicode Version

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို တစ်နှစ်အငှားစာချုပ်နဲ့ ထိုင်းလိဂ်ထိပ်တန်းကလပ် မြောင်တောင်ယူနိုက်တက်အသင်းက ဒီနေ့ နေ့လည်မှာ တရားဝင် စာချုပ်ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အောင်သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး မြောင်တောင်ယူနိုက်တက်အသင်းက ကစားသမားမိတ်ဆက်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၅ရက် နေ့လည်ပိုင်းက အသင်းပိုင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အောင်သူ့ကို တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ပြီး လာမယ့်ဘောလုံးရာသီမှာ အပြီးသတ်ခေါ်ယူဖို့ကြိုးစားမယ်လို့ မြောင်တောင်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အောင်သူဟာ အသင်းဟောင်း ပူးလစ်တယ်ရိုအသင်းမှာ ကျောနံပါတ်(၁၀) ဝတ်ဆင်ကစားခဲ့ပေမယ့် မြောင်တောင်ယူနိုက်တက်အသင်းမှာတော့ ကျောနံပါတ်(၉)ကို ဝတ်ဆင်ကစားမှာပါ။

မြောင်တောင်ယူနိုက်တက်အသင်းဟာ ထိုင်းလိဂ်မှာငွေကြေးချမ်းသာတဲ့အသင်းတွေထဲမှာ ပါဝင်နေတဲ့ အသင်းလည်းဖြစ်ပါတယ် အောင်သူက မြောင်တောင်အသင်းမှာ ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့်ရမှာမို့ကျေနပ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ “ကျွန်တော်အသင်းသစ်အတွက် အကောင်းဆုံးပေးဆပ်ကစားမှာပါ။ အသင်းအတွက် ဂိုးတွေသွင်းယူနိုင်ဖို့ထက် အသင်းအနိုင်ရဖို့ကို ပိုအလေးထားပါတယ်။ မြောင်တောင်က အသင်းကြီးဖြစ်ပြီး ကစားသမားကောင်းတွေနဲ့ တွဲကစားရမှာဖြစ်လို့ ဂုဏ်ယူပါတယ်။”လို့ အောင်သူက ထိုင်းမီဒီယာတွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ၂၀၁၈ဘောလုံးရာသီမှာ ထိုင်းလိဂ်ကို ပထမဆုံးသွားရောက်ကစားခဲ့ပြီး ပူးလစ်တယ်ရိုအသင်းမှာ ၂၂ပွဲကစားပြီး ၁၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောင်သူရဲ့ပူးလစ်တယ်ရိုအသင်းကတော့ တန်းဆင်းခဲ့ရတဲ့အတွက် အသင်းပြောင်းရွှေ့ကစားခဲ့ရတာပါ။ အောင်သူ့ကို မြောင်တောင်ယူနိုက်တက်အသင်းအပါအဝင် PT ပရာချက်၊ ရစ်ချတ်ဘူရီအသင်းတွေကလည်း တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် မြောင်တောင်ယူနိုက်တက်ကို ရွေးချယ်ခဲ့တာပါ။ အောင်သူဟာ မြောင်တောင်ယူနိုက်တက်အသင်းမှာ အိမ်၊ကားအပါအဝင် လစာ ဒေါ်လာ တစ်သောင်းရရှိမှာလည်းဖြစ်ပါတယ်။