သင့္မွာ ခ်စ္သူ (၂)ေယာက္နဲ႔အထက္ ရွိတယ္ဆုိရင္ ဒီအခ်က္ေတြကုိ လုိက္နာပါ

သင္ဟာ ခ်စ္မႈေရးရာမွာ သိပ္ကၽြမ္းေနတဲ့ဆရာႀကီးလား၊ ဒါမွမဟုတ္ ဆရာမႀကီးလား…။ သင့္ရဲ႕လက္ရွိအခ်စ္ေရးအေျခအေနက တစ္ေယာက္မကတဲ့ ခ်စ္သူေတြရွိေနၿပီး မ်ားျပားလွတဲ့အခ်စ္ေတြၾကားမွာ တုိင္ပတ္ေနၿပီလား။ ဒီလုိအေျခအေနေတြက စစခ်င္းမွာေတာ့ ေပ်ာ္စရာျဖစ္ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ေခါင္းကုိက္လာတတ္တာပါ။

ဒီေတာ့ ကုိယ့္ရဲ႕ခ်စ္သူေတြကုိ ဘယ္လုိ အဆင္ေျပေျပ ထိန္္းထားႏုိင္မလဲဆုိတာ သိခ်င္ရင္ ေအာက္မွာပါတဲ့အခ်က္ေလးေတြကုိ ဖတ္ၾကည့္လုိက္ေနာ္။ အကုန္လုံးမဟုတ္ေတာင္ တစ္ခ်က္ႏွစ္ခ်က္ကေတာ့ သင့္အတြက္ အသုံး၀င္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

(၁)။ ခ်စ္စႏုိးေခၚတဲ့နာမည္ကုိတစ္ခုပဲထားပါ

ကုိယ့္မွာ ခ်စ္သူ ႏွစ္ေယာက္ရွိေနတယ္ဆုိရင္ အဲဒီႏွစ္ေယာက္စလုံးအတြက္ ခ်စ္စႏုိးေခၚတဲ့နာမည္ကုိ တစ္ခုတည္းထားတာ အေကာင္းဆုံးပါ။ ဥပမာ – ပထမ ရည္းစားတစ္ေယာက္ရၿပီး အဲဒီတစ္ေယာက္ကုိ “ေမ” လုိ႔ေခၚတယ္ဆုိရင္ ေနာက္ထပ္ရလာတဲ့ ရည္းစားကုိလည္း “ေမ” လုိ႔ေခၚတာ အေကာင္းဆုံးပါ။ မဟုတ္ရင္ နာမည္မွားေခၚတာမ်ိဳးျဖစ္ႏုိင္ၿပီး ေျဖရွင္းလုိ႔မရတဲ့ျပႆနာမ်ိဳးေတြျဖစ္သြားႏုိင္ပါတယ္။

(၂)။ Contact List က နာမည္ေတြကုိ ဂရုစုိက္ပါ

ကုိယ့္ရဲ႕ ဖုန္း Contact List မွာ နာမည္ေတြကုိ ဂရုစုိက္ၿပီး မွတ္သားထားဖုိ႔လုိပါတယ္။ တခ်ိဳ႕ေကာင္မေလးေတြက Call Log ကုိၾကည့္ၿပီး ျပႆနာရွာတတ္တာမို႔ ကုိယ္က တျခားမိန္းကေလးတစ္ေယာက္ဆီကုိ ဖုန္းေခၚထားတာေတြ႕ရင္ သတိထားမိသြားမွာျဖစ္ၿပီး ျပႆနာ တက္ႏုိင္ပါတယ္။ အေကာင္းဆံုးကေတာ့ ကုိယ့္ရဲ႕အထက္လူႀကီးနာမည္၊ ဒါမွမဟုတ္ ကုိယ့္ရဲ႕ေဆြမ်ိဳးထဲက တစ္ေယာက္ေယာက္နာမည္ေတြကုိ အစားထုိးၿပီး မွတ္ထားတာပါပဲ။

ဥပမာ – “ေမ” က ကုိယ့္ဆီ ဖုန္းဆက္တယ္ဆုိရင္ ကုိယ့္ရဲ႕ဖုန္းမွာ “ေမ” လုိ႔မေပၚပဲ ကုိယ့္ရဲ႕အထက္လူႀကီးနာမည္ေပၚလာေတာ့ အလုပ္ကိစၥလု႔ိအေၾကာင္းျပလုိ႔ရမွာျဖစ္ၿပီး ခပ္ေ၀းေ၀းမွာ ဖုန္းသြားေျပာလုိ႔ရႏုိင္ပါလိမ့္မယ္။ အဲဒါက ကုိယ့္အတြက္လည္း လုံၿခဳံတယ္ေလ။

(၃)။ လုံၿခဳံေအာင္လုပ္ပါ

ကုိယ္က ဒီတစ္ေယာက္နဲ႔ေတြ႕ဖုိ႔ သြားေတာ့မယ္ဆုိိရင္ အျခားတစ္ေယာက္ ဘယ္ေနရာမွာရွိသလဲဆုိတာ ေသခ်ာ Comfirm လုပ္ဖုိ႔ လုိပါတယ္။ ဒီလုိမွမဟုတ္ပဲ ကုိယ္သြားတဲ့ေနရာက တျခားတစ္ေယာက္ရွိတဲ့ေနရာဆုိရင္ သူတုိ႔ႏွစ္ေယာက္ဆုံသြားႏုိင္ၿပီး ကုိယ္လည္း တုိင္အႀကီးႀကီးပတ္ပါလိမ့္မယ္။ အဲဒီေတာ့ ကုိယ္လည္းစိတ္ေအးေအးနဲ႔သြားႏုိင္ေအာင္၊ လုံၿခဳံေအာင္လုိ႔ ေနရာေတြကုိ အရင္ဆုံး Comfirm လုပ္ဖုိ႔လုိပါတယ္။

(၄)။ အခ်ိန္ကုိ စီမံခန္႔ခြဲပါ

သင့္ရဲ႕ခ်စ္သူတစ္ေယာက္က (A) ျဖစ္ၿပီး တျခားတစ္ေယာက္က (B) လုိ႔ပဲဆုိပါစုိ႔။ ဒီလုိဆုိရင္ သင့္အေနနဲ႔ (A) ဆီကုိ ပုံမွန္ဖုန္းဆက္တဲ့အခ်ိန္တစ္ခုထားရမွာျဖစ္ၿပီး (B) အတြက္လည္း ပုံမွန္္ဖုန္းဆက္တဲ့အခ်ိန္တစ္ခု ထားရမွာပါ။ ဒီလုိမွမဟုတ္ပဲ သင့္အေနနဲ႔ သင္ဆက္ခ်င္တဲ့အခ်ိန္ေတြ ဆက္ေနမယ္ဆုိရင္ သူတုိ႔ကလည္း သင့္ဆီကုိ သတ္မွတ္ထားတဲ့အခ်ိန္ေတြအတုိင္းမဟုတ္ပဲ ဖုန္းေတြေခၚပါလိမ့္မယ္။

(A) ဆီနဲ႔ ဖုန္းေျပာေနတုန္း (B) ဆီကဖုန္းလာတာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ ဒါမွမဟုတ္ (B) နဲ႔ ဖုန္းေျပာေနတုန္း (A) ဆီကေန ဖုန္းလာတာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ ဒီလုိနဲ႔ သင္ဘယ္သူနဲ႔ဖုန္းေျပာေနသလဲဆုိိတာ သူတုိ႔ သိခ်င္လာမွာျဖစ္ၿပီး သင့္အေၾကာင္းကုိ စုံစမ္းတာမ်ိဳးျဖစ္လာႏုိင္ပါတယ္။ ဒီေတာ့ အခ်ိန္ကုိ စီမံခန္႔ခြဲဖုိ႔ ႀကိဳးစားႏုိင္တာ အေကာင္းဆုံးပါ။

Linn

သင်ဟာ ချစ်မှုရေးရာမှာ သိပ်ကျွမ်းနေတဲ့ဆရာကြီးလား၊ ဒါမှမဟုတ် ဆရာမကြီးလား…။ သင့်ရဲ့လက်ရှိအချစ်ရေးအခြေအနေက တစ်ယောက်မကတဲ့ ချစ်သူတွေရှိနေပြီး များပြားလှတဲ့အချစ်တွေကြားမှာ တိုင်ပတ်နေပြီလား။ ဒီလိုအခြေအနေတွေက စစချင်းမှာတော့ ပျော်စရာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်လာတတ်တာပါ။

ဒီတော့ ကိုယ့်ရဲ့ချစ်သူတွေကို ဘယ်လို အဆင်ပြေပြေ ထိန်းထားနိုင်မလဲဆိုတာ သိချင်ရင် အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်နော်။ အကုန်လုံးမဟုတ်တောင် တစ်ချက်နှစ်ချက်ကတော့ သင့်အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(၁)။ ချစ်စနိုးခေါ်တဲ့နာမည်ကိုတစ်ခုပဲထားပါ

ကိုယ့်မှာ ချစ်သူ နှစ်ယောက်ရှိနေတယ်ဆိုရင် အဲဒီနှစ်ယောက်စလုံးအတွက် ချစ်စနိုးခေါ်တဲ့နာမည်ကို တစ်ခုတည်းထားတာ အကောင်းဆုံးပါ။ ဥပမာ – ပထမ ရည်းစားတစ်ယောက်ရပြီး အဲဒီတစ်ယောက်ကို “မေ” လို့ခေါ်တယ်ဆိုရင် နောက်ထပ်ရလာတဲ့ ရည်းစားကိုလည်း “မေ” လို့ခေါ်တာ အကောင်းဆုံးပါ။ မဟုတ်ရင် နာမည်မှားခေါ်တာမျိုးဖြစ်နိုင်ပြီး ဖြေရှင်းလို့မရတဲ့ပြဿနာမျိုးတွေဖြစ်သွားနိုင်ပါတယ်။

(၂)။ Contact List က နာမည်တွေကို ဂရုစိုက်ပါ

ကိုယ့်ရဲ့ ဖုန်း Contact List မှာ နာမည်တွေကို ဂရုစိုက်ပြီး မှတ်သားထားဖို့လိုပါတယ်။ တချို့ကောင်မလေးတွေက Call Log ကိုကြည့်ပြီး ပြဿနာရှာတတ်တာမို့ ကိုယ်က တခြားမိန်းကလေးတစ်ယောက်ဆီကို ဖုန်းခေါ်ထားတာတွေ့ရင် သတိထားမိသွားမှာဖြစ်ပြီး ပြဿနာ တက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့အထက်လူကြီးနာမည်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ဆွေမျိုးထဲက တစ်ယောက်ယောက်နာမည်တွေကို အစားထိုးပြီး မှတ်ထားတာပါပဲ။

ဥပမာ – “မေ” က ကိုယ့်ဆီ ဖုန်းဆက်တယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းမှာ “မေ” လို့မပေါ်ပဲ ကိုယ့်ရဲ့အထက်လူကြီးနာမည်ပေါ်လာတော့ အလုပ်ကိစ္စလု့ိအကြောင်းပြလို့ရမှာဖြစ်ပြီး ခပ်ဝေးဝေးမှာ ဖုန်းသွားပြောလို့ရနိုင်ပါလိမ့်မယ်။ အဲဒါက ကိုယ့်အတွက်လည်း လုံခြုံတယ်လေ။

(၃)။ လုံခြုံအောင်လုပ်ပါ

ကိုယ်က ဒီတစ်ယောက်နဲ့တွေ့ဖို့ သွားတော့မယ်ဆိုရင် အခြားတစ်ယောက် ဘယ်နေရာမှာရှိသလဲဆိုတာ သေချာ Comfirm လုပ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်သွားတဲ့နေရာက တခြားတစ်ယောက်ရှိတဲ့နေရာဆိုရင် သူတို့နှစ်ယောက်ဆုံသွားနိုင်ပြီး ကိုယ်လည်း တိုင်အကြီးကြီးပတ်ပါလိမ့်မယ်။ အဲဒီတော့ ကိုယ်လည်းစိတ်အေးအေးနဲ့သွားနိုင်အောင်၊ လုံခြုံအောင်လို့ နေရာတွေကို အရင်ဆုံး Comfirm လုပ်ဖို့လိုပါတယ်။

(၄)။ အချိန်ကို စီမံခန့်ခွဲပါ

သင့်ရဲ့ချစ်သူတစ်ယောက်က (A) ဖြစ်ပြီး တခြားတစ်ယောက်က (B) လို့ပဲဆိုပါစို့။ ဒီလိုဆိုရင် သင့်အနေနဲ့ (A) ဆီကို ပုံမှန်ဖုန်းဆက်တဲ့အချိန်တစ်ခုထားရမှာဖြစ်ပြီး (B) အတွက်လည်း ပုံမှန်ဖုန်းဆက်တဲ့အချိန်တစ်ခု ထားရမှာပါ။ ဒီလိုမှမဟုတ်ပဲ သင့်အနေနဲ့ သင်ဆက်ချင်တဲ့အချိန်တွေ ဆက်နေမယ်ဆိုရင် သူတို့ကလည်း သင့်ဆီကို သတ်မှတ်ထားတဲ့အချိန်တွေအတိုင်းမဟုတ်ပဲ ဖုန်းတွေခေါ်ပါလိမ့်မယ်။

(A) ဆီနဲ့ ဖုန်းပြောနေတုန်း (B) ဆီကဖုန်းလာတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါမှမဟုတ် (B) နဲ့ ဖုန်းပြောနေတုန်း (A) ဆီကနေ ဖုန်းလာတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီလိုနဲ့ သင်ဘယ်သူနဲ့ဖုန်းပြောနေသလဲဆိုတာ သူတို့ သိချင်လာမှာဖြစ်ပြီး သင့်အကြောင်းကို စုံစမ်းတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီတော့ အချိန်ကို စီမံခန့်ခွဲဖို့ ကြိုးစားနိုင်တာ အကောင်းဆုံးပါ။

Linn

Be the first to comment

Leave a Reply

Your email address will not be published.


*