ေမတၱာရွင္(ေရႊျပည္သာ )တုိ႔ လင္မယား ပုိင္ဆုိင္မႈကိစၥ ျပႆနာ ျဖစ္ပြား

ရန္ကုန္၊စက္တင္ဘာ – ၆

ဦးစုိးျမင့္ (ခ)ေမတၱာရွင္ (ေရႊျပည္သာ)ႏွင့္ ေဒၚဆက္မီလြင္တုိ႕ လင္မယားသည္ ပုိင္ဆုိင္မႈကိစၥႏွင့္ ပတ္သက္၍ အျငင္းပြားမႈမ်ား ျဖစ္ေပၚေနသည္။

ေဒၚဆက္မီလြင္က လင္မယားႏွစ္ဦးပုိင္သည့္ ေျမကြက္၊ေျမကြက္ေပၚရွိ အေဆာက္အအုံႏွင့္ တုိက္ခန္းအပါအဝင္ ပစၥည္း ၁၀မ်ဳိးကုိ ပရဟိတ အဖြဲ႔ အစည္း ၁၀ ဖြဲ႔ကုိ ေမတၱာရွင္ (ေရႊျပည္သာ)ဘက္မွ ၁၀ရက္အတြင္း ကန္႔ကြက္မႈမရွိပါက လွဴဒါန္း သြားမည္ဟု စက္တင္ဘာ ၅ရက္ထုတ္ စံေတာ္ခ်ိန္သတင္းစာႏွင့္ ၆ရက္ေန႔ထုတ္ ေႀကးမုံသတင္းစာတုိ႔တြင္ ေႀကညာလုိိက္သည္။ထုိေႀကညာခ်က္သည္ မရုိးသားသည့္ ေႀကညာခ်က္ျဖင့္ေႀကာင္း ေမတၱာရွင္ (ေရႊျပည္သာ)က တုံ႕ၿပန္သည္။

” ဆရာဘက္က ကြာရွင္းခြင့္တင္လုိက္ေတာ့မွ သူ႕ဘက္က လွဴမယ္ျဖစ္တာ။သူ လွဴခ်င္ရင္ အေစာႀကီးက လွဴလုိ႔ရတယ္ေလ။ဥပေဒအရ တရားဝင္ ကြာရွင္းရင္ သူက သုံးပုံ တစ္ပုံပဲရမွာ။ ဒါေစတနာေကာင္းနဲ႕ လွဴတာ မဟုတ္ဘူးလုိ႕ေျပာခ်င္တယ္။အခုေႀကညာတာေတြက ရြာေျမေတြမ်ားပါတယ္။ေစ်းလည္းသိပ္မရွိပါဘူး။ အားလုံးေပါင္းမွ ဆရာ့အထင္ သိန္းႏွစ္ေထာင္ေလာက္ပဲ ရွိမွာပါ။

ဆရာစာအုပ္ေရးလုိ႔ရတဲ႔ သိန္းေျခာက္ေထာင္ကုိ ေဒၚလာေတြလဲျပီး ေဟာင္ေကာင္ဘဏ္မွာ သူအပ္ထားတယ္။ဒါကုိေတာ့ ထည့္မေႀကညာဘူး။ဒါ မရုိးသားတာပဲေလ။ သုံးလပုိင္းထဲက ဆရာတုိ႔ အတူမေနေတာ့ဘူး။ အဲဒီထဲကလစဥ္ ၁၈ သိန္း လွဴေနတဲ႔ ေမွာ္ဘီက ရိပ္သာကု္ိ သူ မလွဴေတာ့ဘူး။ဆရာလည္း သတင္းစာကေန ျပန္ေႀကညာမွာပါ။”ဟု ၄င္းက Speaker သုိ႔ ေျပာႀကားသည္။

ေမတၱာရွင္ (ေရႊျပည္သာ) ၏ ေျပာခ်က္ခ်က္မ်ားသည့္ အေျခအျမစ္မရွိသည့္ ေျပာႀကားခ်က္မ်ားျဖစ္ျပီး ဥပေဒေႀကာင္းအရ ေျပာႀကားမႈမ်ားကုိသာ ဥပေဒေႀကာင္းအတုိင္းတုံ႔ျပန္သြားမည္ဟုေဒၚဆက္မီလြင္က ေျပာသည္။

” သူ စြပ္စြဲသမွ်ကုိ လုိက္ရွင္းေနရင္ ျပီးမွာ မဟုတ္ေတာ့ဘူး ။သူေျပာတဲ့ သုံးပုံတစ္ပုံပဲ ရမွာေတြ အစ္မ မသိဘူး။ဥပေဒေႀကာင္းအရပဲ တုံ႔ျပန္ဖုိ႔စဥ္းစားထားတယ္။သူ႕အမ်ဳိးေတြဆုိ အစ္မကုိ အႏၲရာယ္ျပဳတာ အႀကိမ္ႀကိမ္ပဲ။ကံေကာင္းလုိ႔ မေသတာ။သူလည္း သတင္းစာထဲ ျပန္ထည့္မယ္ႀကားတယ္။သူ႕ထည့္တဲ့အေပၚ မူတည္ျပီးေတာ့ ဘယ္လုိလုပ္ရမလဲဆုိတာ ေရွ႕ေနနဲ႔ တုိင္ပင္ရမွာေပါ့။”ဟု ၄င္းက Speaker သု္ိ႕ ေျပာႀကားသည္။

ဦးစုိးျမင့္ (ခ )ေမတၱာရွင္ (ေရႊျပည္သာ)ႏွင့္ ေဒၚဆက္မီလြင္တုိ႕သည္ ၂၀၁၄ခုႏွစ္တြင္ အိမ္ေထာင္ျပဳခဲ့ျခင္းျဖစ္ျပီး သားတစ္ဦးႏွင့္ သမီးတစ္ဦး ထြန္းကားခဲ့သည္။

ႏွင္းေမာင္ဦး

Credit to အကုန္သိ

ရန်ကုန်၊စက်တင်ဘာ – ၆

ဦးစိုးမြင့် (ခ)မေတ္တာရှင် (ရွှေပြည်သာ)နှင့် ဒေါ်ဆက်မီလွင်တို့ လင်မယားသည် ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

ဒေါ်ဆက်မီလွင်က လင်မယားနှစ်ဦးပိုင်သည့် မြေကွက်၊မြေကွက်ပေါ်ရှိ အဆောက်အအုံနှင့် တိုက်ခန်းအပါအဝင် ပစ္စည်း ၁၀မျိုးကို ပရဟိတ အဖွဲ့ အစည်း ၁၀ ဖွဲ့ကို မေတ္တာရှင် (ရွှေပြည်သာ)ဘက်မှ ၁၀ရက်အတွင်း ကန့်ကွက်မှုမရှိပါက လှူဒါန်း သွားမည်ဟု စက်တင်ဘာ ၅ရက်ထုတ် စံတော်ချိန်သတင်းစာနှင့် ၆ရက်နေ့ထုတ် ကြေးမုံသတင်းစာတို့တွင် ကြေညာလိုက်သည်။ထိုကြေညာချက်သည် မရိုးသားသည့် ကြေညာချက်ဖြင့်ကြောင်း မေတ္တာရှင် (ရွှေပြည်သာ)က တုံ့ပြန်သည်။

” ဆရာဘက်က ကွာရှင်းခွင့်တင်လိုက်တော့မှ သူ့ဘက်က လှူမယ်ဖြစ်တာ။သူ လှူချင်ရင် အစောကြီးက လှူလို့ရတယ်လေ။ဥပဒေအရ တရားဝင် ကွာရှင်းရင် သူက သုံးပုံ တစ်ပုံပဲရမှာ။ ဒါစေတနာကောင်းနဲ့ လှူတာ မဟုတ်ဘူးလို့ပြောချင်တယ်။အခုကြေညာတာတွေက ရွာမြေတွေများပါတယ်။ဈေးလည်းသိပ်မရှိပါဘူး။ အားလုံးပေါင်းမှ ဆရာ့အထင် သိန်းနှစ်ထောင်လောက်ပဲ ရှိမှာပါ။

ဆရာစာအုပ်ရေးလို့ရတဲ့ သိန်းခြောက်ထောင်ကို ဒေါ်လာတွေလဲပြီး ဟောင်ကောင်ဘဏ်မှာ သူအပ်ထားတယ်။ဒါကိုတော့ ထည့်မကြေညာဘူး။ဒါ မရိုးသားတာပဲလေ။ သုံးလပိုင်းထဲက ဆရာတို့ အတူမနေတော့ဘူး။ အဲဒီထဲကလစဉ် ၁၈ သိန်း လှူနေတဲ့ မှော်ဘီက ရိပ်သာကို သူ မလှူတော့ဘူး။ဆရာလည်း သတင်းစာကနေ ပြန်ကြေညာမှာပါ။”ဟု ၎င်းက Speaker သို့ ပြောကြားသည်။

မေတ္တာရှင် (ရွှေပြည်သာ) ၏ ပြောချက်ချက်များသည့် အခြေအမြစ်မရှိသည့် ပြောကြားချက်များဖြစ်ပြီး ဥပဒေကြောင်းအရ ပြောကြားမှုများကိုသာ ဥပဒေကြောင်းအတိုင်းတုံ့ပြန်သွားမည်ဟုဒေါ်ဆက်မီလွင်က ပြောသည်။

” သူ စွပ်စွဲသမျှကို လိုက်ရှင်းနေရင် ပြီးမှာ မဟုတ်တော့ဘူး ။သူပြောတဲ့ သုံးပုံတစ်ပုံပဲ ရမှာတွေ အစ်မ မသိဘူး။ဥပဒေကြောင်းအရပဲ တုံ့ပြန်ဖို့စဉ်းစားထားတယ်။သူ့အမျိုးတွေဆို အစ်မကို အန္တရာယ်ပြုတာ အကြိမ်ကြိမ်ပဲ။ကံကောင်းလို့ မသေတာ။သူလည်း သတင်းစာထဲ ပြန်ထည့်မယ်ကြားတယ်။သူ့ထည့်တဲ့အပေါ် မူတည်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ရှေ့နေနဲ့ တိုင်ပင်ရမှာပေါ့။”ဟု ၎င်းက Speaker သို့ ပြောကြားသည်။

ဦးစိုးမြင့် (ခ )မေတ္တာရှင် (ရွှေပြည်သာ)နှင့် ဒေါ်ဆက်မီလွင်တို့သည် ၂၀၁၄ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဦး ထွန်းကားခဲ့သည်။

နှင်းမောင်ဦး

Credit to အကုန်သိ

1 Comment

Leave a Reply

Your email address will not be published.


*