သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတဲ့ ႐ိုက္တာသတင္းေထာက္ ၂ ဦး၏ မိသားစု၀င္မ်ား

႐ိုက္တာသတင္းေထာက္ ၂ ဦး၏ မိသားစု၀င္မ်ားႏွင့္ ေရွ႕ေနမ်ားသတင္းစာ႐ွင္းလင္းပြဲျပဳလုပ္

ရိုက္တာသတင္းေထာက္ ကိုဝလုံးႏွင့္ ကိုေက်ာ္စိုးဦးတို႔၏ မိသားစုဝင္မ်ားႏွင့္ ေရွ႕ေနမ်ားက ယေန႔ စက္တင္ဘာ ၄ ရက္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ Orchid Hotel တြင္ သတင္းစာ႐ွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။

Orchid Hotelမွာ ျပဳလုပ္ခဲ့သည့္ သတင္းစာ႐ွင္းလင္းပြဲသို႔ ျပည္တြင္းသတင္းမီဒီယာမ်ား၊ ႏိုင္ငံတကာသတင္းမီဒီယာ တက္ေရာက္သတင္းယူၾကသည္။

“တခါမွ ေမွ်ာ္လင့္မထားဘူး။ သူတို႔မွာ အျပစ္႐ွိလား မ႐ွိဘူးလား ဖမ္းတဲ့လူေတြ အသိဆံုးပါ။ ၾကားကာစမွာ ေၾကကြဲရပါတယ္။ သူတို႔ ဘာအမွားမွ မလုပ္ခဲ့ပါဘူး။ ကိုယ္ဝန္႐ွိေနေတာ့ ေမြးရင္ေတာ့ ျပန္လြတ္လာမွာပဲ။ ေမြးေတာ့လဲ လြတ္မလာခဲ့ဘူး။ မေန႔ကေတာ့ အမိန္႔ခ်တာ ယံုၾကည္ခ်က္ကို ႐ိုက္ခ်ိဳးခံလိုက္ရတာ”ဟု ကို၀လံုး၏အမ်ဳိးသမီးက ေျပာသည္။

ကိုေက်ာ္စိုးဦးအမ်ိဳးသမီးကလည္း”သမီးေလးက အခု သံုးႏွစ္ေလ။ သူျပန္ေရာက္လာရင္ သမီးက ၁၀ ႏွစ္ရွိေနၿပီ။ သမီး ေက်ာင္းစတက္ရင္ အတူတူေက်ာင္းသြားအပ္ခ်င္တယ္။ သမီးေလးက ေျပာတယ္။ ေဖေဖက သမီးတို႔ကို မခ်စ္လို႔ခြဲသြားတာလားတဲ့။ ဘယ္လိုေျဖရမလဲ မသိ။ သမီးေလးကို စိတ္ဒဏ္ရာ မရေစခ်င္ဘူး”ဟု ေျပာသည္။

၀င္းေဇာ္ႏိုင္

Photo-Victor

News Watch

========

ရိုက်တာသတင်းထောက် ၂ ဦး၏ မိသားစုဝင်များနှင့် ရှေ့နေများသတင်းစာရှင်းလင်းပွဲပြုလုပ်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ မိသားစုဝင်များနှင့် ရှေ့နေများက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Orchid Hotelမှာ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းမီဒီယာများ၊ နိုင်ငံတကာသတင်းမီဒီယာ တက်ရောက်သတင်းယူကြသည်။

“တခါမှ မျှော်လင့်မထားဘူး။ သူတို့မှာ အပြစ်ရှိလား မရှိဘူးလား ဖမ်းတဲ့လူတွေ အသိဆုံးပါ။ ကြားကာစမှာ ကြေကွဲရပါတယ်။ သူတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကိုယ်ဝန်ရှိနေတော့ မွေးရင်တော့ ပြန်လွတ်လာမှာပဲ။ မွေးတော့လဲ လွတ်မလာခဲ့ဘူး။ မနေ့ကတော့ အမိန့်ချတာ ယုံကြည်ချက်ကို ရိုက်ချိုးခံလိုက်ရတာ”ဟု ကိုဝလုံး၏အမျိုးသမီးက ပြောသည်။

ကိုကျော်စိုးဦးအမျိုးသမီးကလည်း”သမီးလေးက အခု သုံးနှစ်လေ။ သူပြန်ရောက်လာရင် သမီးက ၁၀ နှစ်ရှိနေပြီ။ သမီး ကျောင်းစတက်ရင် အတူတူကျောင်းသွားအပ်ချင်တယ်။ သမီးလေးက ပြောတယ်။ ဖေဖေက သမီးတို့ကို မချစ်လို့ခွဲသွားတာလားတဲ့။ ဘယ်လိုဖြေရမလဲ မသိ။ သမီးလေးကို စိတ်ဒဏ်ရာ မရစေချင်ဘူး”ဟု ပြောသည်။

ဝင်းဇော်နိုင်

Photo-Victor

News Watch

Be the first to comment

Leave a Reply

Your email address will not be published.


*